Saturday, May 30, 2026

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)...

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ...

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်တွင် ယနေ့ (မေ ၃၀) နယုန်လပြည့်နေ့၌ (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ ကျင်းပရာတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...
HomeNewsLocal Newsဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်၍ သူရဲကောင်းဗိ မာန်(နေပြည်တော်)၌...

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်၍ သူရဲကောင်းဗိ မာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချအလေးပြု

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ကိုယ်စား) ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်၍ (၈၁)နှစ်မြောက် တပ်မတော်နေ့အ ထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၂၇ ရက်နံနက်ပိုင်းက သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချအ လေးပြုခဲ့ကြပြီးနောက် သူရဲကောင်းဗိမာန်(နေပြည် တော်)အတွင်းကြည့်ရှုခဲ့ကြသည်။

သူရဲကောင်းစစ်သည်ဗိမာန်(နေပြည်တော်)ကို နိုင်ငံ တော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေးအတွက် အသက်စွန့်လွှတ်ခဲ့ရသည့် မြန်မာသူရဲကောင်းများကိုဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက် အသိ အမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာကြိုးစားအားထုတ်မှုများပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲ ကောင်းများကိုဂုဏ်ပြုရန်၊ ယင်းသူရဲကောင်းများအား နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့် စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များရှင်သန်ကိန်းအောင်းလာစေရန်ရည်ရွယ်၍ ၂၀၁၇ ခုနှစ်၊ မတ် ၂၇ ရက်ကဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဗိမာန်အတွင်းနံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်ရင်း အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ၊ သီဟသူရဘွဲ့ရရှိခဲ့သူ သူရဘွဲ့ရရှိခဲ့သူ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့သူများ၏ အမည်များကို ဂရင်းနိုက်ကျောက်ပြားပေါ်၌ ရွှေစာလုံးများဖြင့် ရေးထွင်းမှတ်တမ်းတင်ဂုဏ်ပြုထားပြီး ဗိမာန်အပြင်ဘက်တွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ စစ်သည်(၅)ဦးနှင့် အရပ်သား(၁)ဦးတို့၏ ပုံတူများကိုဂုဏ်ပြုစိုက်ထူထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။ နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။ ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အထင်ကရနေရာများဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင်...

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) တက်ရောက်

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ ၂၅ ရက်မှ ၂၈ ရက်‌ အထိ အန်းဟွေးပြည်နယ် HUAXIAN မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦးနှင့် အမှုဆောင် (၃) ဦးပါအဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးနှင့် ဆက်စပ်ပြီး အာဆီယံ-တရုတ် မိတ်ဘက်ဆက်ဆံရေး (၃၅) နှစ်မြောက်နှင့် တရုတ်-အာဆီယံ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။ မြန်မာနိုင်ငံမှ ပင်လယ်ကူးသင်္ဘောသားများ အမိမြေပြန်လည်ရောက်ရှိချိန်တွင် MSME များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071