Monday, May 4, 2026

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့...

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉...

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ...

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom...

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့်...

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ...

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့်...
HomeCelebrities' Newsဒုတိယမြောက်​ အခွေထွက်​ရှိဖို့ ခင်​ပွန်းဖြစ်​သူ...

ဒုတိယမြောက်​ အခွေထွက်​ရှိဖို့ ခင်​ပွန်းဖြစ်​သူ လင်းလင်းကအများကြီး ပံ့ပိုးကူညီခဲ့တယ်​ဆိုတဲ့ ချစ်​သုဝေ

သရုပ်​ဆောင်​ အလုပ်​နဲ့ ပရိသတ်​တွေ ချစ်ကြသလို အဆိုဘက်​မှာလည်း ပရိသတ်​တွေ အားပေးကြတဲ့ အနုပညာ ရှင်​ကတော့ ချစ်​သုဝေပါ။ အဆိုတော်​ လင်းလင်းနဲ့ ဖူးစာပါပြီး အခုအချိန်​မှာ မေမြန်​မာခေတ်၊ မေမြန်​မာသစ်​ဆိုတဲ့ အမြွှာသမီးလေးနှစ်​ယောက်​ကို ပိုင်​ဆိုင်​ရရှိထားတဲ့ အိမ်​ထောင်​ရှင်​မကောင်း တစ်​ယောက်​လည်းဖြစ်​ပါတယ်။ သူ့ရဲ့ ပထမဆုံး Album ထွက်​ရှိပြီး ၈ နှစ်​အကြာမှာ ဒုတိယမြောက်​ Album ဖြစ်​တဲ့ ကတိ Album ကို ပရိသတ်​တွေ လက်​ထဲ အရောက်​ပို့ပေးလိုက်​ပြီ ဖြစ်​ပါတယ်​။ ဒုတိယမြောက်​ အခွေလေးထွက်​ရှိဖို့ ကြိုးစားခဲ့ ရတာနဲ့ ပတ်​သက်​ပြီး ချစ်​သုဝေက…

”ဒီအခွေလေးထွက်​ရှိဖို့က မလွယ်​ကူခဲ့ဘူး။ တအိအိနဲ့ ဆိုပြီး နေလာလိုက်​တာ ကိုယ်​ဝန်​ရှိသွား၊ သမီးလေး နှစ်ယောက်​အနားလေးမှာ နေလာလိုက်​တာ နည်းနည်းကြာသွားတယ်​။ သမီးလေးနှစ်​ယောက်​နဲ့ တော်​တော်​လေးကို ရုန်းကန်​ပြီးတော့ သီချင်းသွင်းတာတွေ လုပ်​ခဲ့ရတော့ ဒီအခွေလေးက ထရီဇာ့အတွက်​ တန်​ဖိုးမဖြတ်​နိုင်​ဘူး။ ထရီဇာ့ရဲ့ ဘဝအချိုးအကွေ့တစ်​ခုမှာ ထရီဇာ ကလေးနှစ်​ဘက်​နဲ့ ရအောင်​ကြိုးစားပြီး လုပ်​လိုက်​နိုင်​တဲ့ အခွေလေးဖြစ်​ပါတယ်​” လို့ ပြောပြခဲ့ပါတယ်​။

ခင်​ပွန်းသည်​ဖြစ်​သူ လင်းလင်းက အခွေထွက်​ရှိဖို့ အများကြီးပံ့ပိုးပေးခဲ့တယ်​ဆိုတာကိုလည်း ”ဒီအခွေမှာ ကိုလင်းရဲ့ ပံ့ပိုးမှုက အများကြီးပါတယ်​။ ကိုလင်းက အကုန်​လုံးပဲ Music Arrangement တွေ လုပ်​တယ်​။ ဒီကတိ Album လုပ်​ရင်းနဲ့ သမီးအကြီးလေးကို အိမ်​မှာ ထားခဲ့ရတဲ့ အချိန်​မှာ ဆရာမ လက်​ပေါ်မှာပဲ ဘောပင်​လေးနဲ့ ထိုးမိသွားပြီး မျက်​လုံးထိခိုက်​သွားတော့ ကိုယ့်​ကိုယ်​ကိုယ်​ တအားအပြစ်​ရှိတယ်​လို့ ခံစားရတယ်​။ သူတို့ကိုအိမ်​မှာ ထားပြီး အလုပ်​ထွက်​လုပ်​လိုက်​တာက။ ဒါပေမဲ့ အဲဒါကို ကိုလင်းက ရှင်းပြတယ်​။ လူရယ်​လို့ ဖြစ်​လာရင်​ Carrier Lie နဲ့ Family Life ကို ဘယ်​လို Balance ဖြစ်အောင်​လုပ်​ရင်းနဲ့ အောင်​မြင်​အောင်​ ဘယ်​လို တည်​ဆောက်​ရမလဲ။ Family Life လေး အရေးကြီးတဲ့ အချိန်​ကျရင်​ Carrier Life ကို နည်းနည်း ရှေ့တိုး၊ နောက်​ဆုံးလေး ကစားပြီးတော့ Handle ဘယ်​လိုလုပ်​ရမယ်​ဆိုတာကို ကိုလင်း ရော၊ ဒီအခွေလေးကရော အများကြီးသင်​ပေးခဲ့တယ်​။ ကိုလင်းရဲ့ အားပေးမှုတွေကြောင့်​လည်း ဒီကတိ အခွေလေးကို ဆက်​လုပ်​ဖြစ်​တယ်​။ ကိုလင်းက ထရီဇာကို ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ သိပ်မပြော ဘူး။ Strong ဖြစ်​စေချင်​တယ်​။ စိတ်​ဓာတ်​မာစေချင်​တယ်​။ အစ်​မသီချင်းတွေကို ချစ်​တာ သူသိတယ်​။ အစ်​မ ဆက်​မလုပ်​မှာ သူစိုးရိမ်​တယ်​။ သူအများကြီးအားပေးခဲ့တယ်​”လို့လည်း ချစ်​သုဝေက ပြောပြခဲ့ပါသေးတယ်​။


ခင်​ပွန်းဖြစ်​သူ လင်းလင်းကလည်း ”ကိုယ်​က တစ်​ခုခု ဖြစ်​လာပြီဆိုရင်​ သူ့ကို Negative တွေပဲ ပြောတာ(ရယ်​လျက်​) စတာပါ။ သူက ကိုယ့်​ဘာသာကိုယ်​ အပြစ်​တင်တဲ့ အချိန်​တွေ ရှိတယ်​။ အဲဒါကတော့ ကြုံတတ်​တယ်​လေ။ အဲဒီကနေ ဘယ်​လိုသွားရမယ်ဆိုတဲ့ ပုံစံမျိုး ကိုယ်​သိသလောက်​၊ မှတ်​သလောက်​ တော့ ဘေးကနေ ဝန်းရံတယ်​။ အမြဲပြောဖြစ်​တယ်​” လို့ ပြောပြခဲ့ပါသေးတယ်​။


”ချစ်​သူများနေ့မှာ ထွက်​လိုက်​တယ်​ဆိုတာက ထရီဇာချစ်​တဲ့ သီချင်းတွေရယ်​၊ ထရီဇာ ချစ်​တဲ့ ပရိသတ်​တွေရယ်၊ ထရီဇာ ချစ်​ရတဲ့ ထရီဇာရဲ့ အနုပညာသည်​ဘဝကလေးရယ်​၊ ဒါတွေအားလုံး ချစ်​သူများနေ့လေးမှာ ပေါင်းစုံရင်​ သိပ်​ကောင်းမှာပဲဆိုတဲ့ အတွေးလေးနဲ့ ထွက်​ဖြစ်​တာပါ”လို့ ချစ်သုဝေက ပြောပြခဲ့ပါသေးတယ်။

ခိုင်​ဝါဝင်း၊ ၊

ဓာတ်​ပုံ – အောင်​နိုင်​စိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071