Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeArticlesဒီလူဘယ်လောက်တန်လဲ

ဒီလူဘယ်လောက်တန်လဲ

kyawthu

ဇူလိုင်လ ၂ ရက်နေ့က အစ်ကိုဦးကျော်သူ၊ အစ်မဒေါ်ရွှေဇီးကွက်တို့ အိမ်မှာ နာ/ကူ(ရန်ကုန်)အသင်းရဲ့ BOD အစည်းအဝေးမစမီ၊ အစ်ကို့ ကျန်းမာရေး နှလုံးခွဲစိတ်ကုသ ခံယူခဲ့မှု အကြောင်း ပြုကာ စကားထဲမှ တရား ရခဲ့ရပါ တယ်။ အစ်မက အစ်ကို့ ကျန်းမာရေး အတွက်မှာ ကုန်ကျရမယ့် ငွေကိစ္စကို နေ့ချင်းတွက်ချက် ဆုံးဖြတ်ချက်ချ လိုက်ပုံကို ပြောပြ တဲ့အခါမှာ လူတွေဟာ ကိုယ်လိုချင်ကြတာ အတွက်ကုန်ကျရင်၊ ဝမ်း သာအားရဖြစ်ကြပြီး မလိုချင်တာ အတွက်ကုန်ကျရင်၊ စိတ်အနှောင့်အယှက် ဖြစ်ကြပုံကို ကားတစ်စီး ဝယ်လို့ ငွေကိုထု တ်သုံးလိုက်ကြရရင် ဝမ်းသာပေမယ့် ကျန်းမာရေးမှာ သုံးလိုက်ရတဲ့အခါ ဝမ်းမသာကြောင်း ဥပမာပေးပါတယ်။
ဒီအခါမှာ ဘောလုံး သုံးလုံးပါ ပိုက်လေးနဲ့ နှလုံးလေ့ကျင့်ခန်း ပြုလုပ်နေတဲ့ အစ်ကို ဦးကျော်သူကို ကျွန်တော် လှမ်းကြည့်မိတယ်။ အရင်ကဆို စီးကရက်သောက်နေကျ အစ်ကိုခမျာ၊ ဆေးရုံမှ ဆရာဝန်ကြီးတွေမှာကြားစေခိုင်းထားတဲ့ အတိုင်း ဘောလုံးလေးတွေ နဲ့ လေ့ကျင့်ခန်း ကို မပျက်မကွက် အားစိုက် လုပ်နေရှာ တယ်။

 အစ်ကိုနှလုံး ခွဲစိတ်မှုအောင်မြင်လို့ အခြားသူတွေလည်း ဆေးကုသ ခံယူကြဖို့ စိတ်ဆန္ဒဖြစ်တဲ့တိုင် ငွေကြေး ကုန်ကျစရိတ်ကို တွေးဆပြီး မပြုလိုကြတဲ့ အဖြစ်ကို ကိုယ်ချင်း လည်း နိုင်းစာလို့ရသား။ သို့ပေမဲ့ လူ့အသက်ထက် ဘယ်အရာတွေက ပိုတန်ဖိုး ထားစရာဖြစ်နေလေ လဲ လို့ မတုံ့မဆိုင်း အတွေးရောက် မိပါတယ်။ တရားရ တရားကျဖွယ် စကားနဲ့အတူ မတွေးခဲ့ ဖူးတာလေးတွေး မိပြီးကိုယ့် ကိုယ် ကိုယ် ပြန်မေးမိ တယ်။ “ငါရောကားဘယ်နှစ်စီး၊ တိုက်ဘယ်နှစ်လုံး တန်လေမလဲ”ရယ်လို့….

တကယ်တော့ ဒီရက်ထဲ ကျွန်တော်ရော၊ ဇနီးသည်ရော သာမက သမီးလေးတို့ပါ သိပ်ကျန်းမာ လှတာမဟုတ်။ နာရိပ်၊ ဖျားရိပ်လေး မပေါ်ခင်ကတည်းက ဆေးကို ကြိုတင်သောက်ထားရတဲ့ တိုင် အောင်၊ ရောဂါဝေဒနာ အလစ် အငိုက် မဝင်လာအောင် ၊အပြန်အလှန် သတိပေး စကားတွေ ဆိုပြီးသည်း သည်းလှုပ်နေကြရတာက ဆေးဖိုး အပို မထွက်လိုကြတာ ကြောင့်ဆိုတာ သေချာပါတယ်။ ကိုယ်တွေ ရဲ့စိတ် ထဲဖြစ်နေတာ နဲ့အစ်မပြောတဲ့ စကားကွက်တိပေမို့ အစ်မက အစ်ကို ဦးကျော်သူနှလုံးခွဲစိတ်သလို ခွဲစိတ် ကုသလို ကြပေမယ့် တုံ့ဆိုင်းနေကြ ရသူတွေ အကြောင်း တွေးကာ စာနာမိပါတယ်။

 အိမ်သစ်တစ်လုံး၊ ကားသစ်တစ်စီးဝယ်လို့ မိသားစုတွေပျော်မြူးဝမ်း သာသလို၊ ကုန်ကျငွေအတွက်ကျေ နပ်နိုင်ကြသလို ကိုယ့်ခန္ဓာ ကိုယ်ကြီး အတွက် ကုန်ကျတဲ့ငွေကြေး အပေါ် မိသားစုတွေ ကျေနပ်နိုင်ဝမ်း သာနိုင်တဲ့ အဖြစ်မျိုး ရှိပါက ကောင်းလေစွ လို့ တွေးရင်းတွေး ရင်း လွယ်အိတ်ထဲ ဘိုင်အိုဂျက်ဆစ် တစ်လုံး အမြန်ဆုံး ရှာဖွေလိုက်မိတယ်။ ဘန်ကောက် မပြောနဲ့၊ အိမ်နား က ဆေး ခန်းတောင် နှာစေးချောင်းဆိုးပြ လည်း တစ်ခါပြ ငွေကျပ် ၅ထောင်အထက်က အသာလေးမဟုတ်လား။ အခုကာလ flu က တစ်ခါ ကူးရင်လေးငါးရက် နဲ့ အရှင်းမပျောက်တတ်ဘူး ဆိုတော့လေ။

ကျန်းမာချမ်းသာကြပါစေ
ကိုမျိုး(မြန်မာစာ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071