ONE Championship က စီစဉ်ကျင်းပသည့် ONE Friday Fight 36 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ထွန်းမင်းနိုင်(ခ) Sulai man နှင့် ဂျပန်ဖိုက်တာ တိုမိုကီဆာတိုတို့ ယနေ့ မေ(၁၇) ရ က် ညပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ထွန်းမင်းနိုင်က ပြို င်ဘက်ဂျပန်ဖိုက်တာအား ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ ယှဉ်ပြိုင်ထိုးသတ်မှုတွင် အချီပြည့် ထိုးသတ်ခဲ့ရပြီး၊ ထွန်မင်းနိုင်က လက်ရည်အသာဖြင့် ထိုးသတ်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာဖိုက်တာ ထွန်းမင်းနိုင်သည် One က ပြုလုပ်သည့် ပွဲစဉ်များအတွင်း (၅)ပွဲထိုးထားပြီး (၃)ပွဲနိုင် ၊ (၂)ပွဲ ရှုံးရလဒ် ရရှိထားသူဖြစ်ပြီး ယနေ့ထိုးသတ်သည့် နိုင်ပွဲကြောင့် (၄)ပွဲအနိုင်ရရှိခဲ့ပြီဖြစ်သည်။
ထွန်းမင်းနိုင်၏ ရှုံးပွဲ (၂)ပွဲသည် မလေးရှား မွေထိုင်းဖိုက်တာ Kabilan ဖြင့် နှစ်ပွဲထိုး နှစ်ပွဲရှုံးနိမ့်ထားခြင်းလည်းဖြစ် သည်။
ဂျပန်ဖိုက်တာ Tomoki Sato အနေဖြင့်လည်း ONE တွင် တစ်ပွဲထိုးသတ်ထားပြီး အမှတ်ဖြင့် အနိုင်ရရှိထားသူတစ်ဦးဖြစ်သည်။
အဆိုပါ ပွဲစဥ်အား One Championship Fb Page( or ) Youtube မှတဆင့်တိုက် ရိုက်ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သ ည်။




