Saturday, May 2, 2026

ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော်...

ပြီးခဲ့သည့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၅၀၉)...

ပြည်သူများ၏ အသံကိုနားထောင်ရန် ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်း...

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို အနီးကပ်နားထောင်ကာ အချိန်မီဖြေရှင်းပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရုံးခန်းကို ချောင်းဆုံမြို့နယ်ပါ တီရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့...

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ တင်သွင်းသော...

ဥရောပသမဂ္ဂ (EU) နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ လာမည့်အပတ်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

Electronics နှင့် အထွေထွေကုန်ပစ္စည်းများ လေလံတင်ရောင်းချရန်...

အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချမှုကို...
HomeActivitiesထွန်းဖောင်ဒေးရှင်းစာပေကော်မတီမှရရှိခဲ့တဲ့ ဆုငွေကို နွမ်းပါးတဲ့...

ထွန်းဖောင်ဒေးရှင်းစာပေကော်မတီမှရရှိခဲ့တဲ့ ဆုငွေကို နွမ်းပါးတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ သက်ကြီးပညာရှင်များကိုပြန်လည်လှူဒါန်းခဲ့တဲ့စာရေးဆရာမောင်ဆွေသက်

စာရေးဆရာ မောင်ဆွေသက် ရေးသားပြုစုခဲ့တဲ့ ခေတ်အဆက်ဆက် အနုပညာရှင် ဘိုကလေးတင့်အောင် စာအုပ်အား ထွန်းဖောင်ဒေးရှင်းစာ ပေကော်မတီမှ အတ္ထုပ္ပတ္တိဘာသာ ရပ်အတွက် ဆုချီးမြှင့်ခဲ့ပါတယ်။ အဆိုပါဆုငွေအား အနုပညာလော ကသား များအတွက် ပြန်လည်ဝေမျှ ထောက် ပံ့ပေးအပ်ပွဲကို မတ်လ ၁၆ ရက်၊ နေ့ လယ် ၁ဝနာရီက မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှာ ပြုလုပ်ခဲ့ပါ တယ်။ ၉ သိန်းကျပ်ကို စာပေ၊ ရုပ်ရှင်၊ ဂီတမှ ပညာရှင် ကြီးများအား လှူဒါန်းရန် စီစဉ်နေစဉ် မှာပဲ ကမ္ဘာ့ရတနာဘဏ်မှ ၉ သိန်း၊ မင်္ဂလာဦးဇော်မြင့်မှ ၉ သိန်း စုစု ပေါင်း လှူဒါန်းငွေ ၁၈ သိန်း ထပ်မံ ရရှိခဲ့တာကြောင့် အဆိုပါပွဲတွင် သက်ကြီးအနုပညာရှင် ၁၈ ဦးကိုတစ် ဦးလျှင် ၁ သိန်းခွဲစီ လှူဒါန်းနိုင်ခဲ့ပါ တယ်။

“ဘဘတို့ အနုပညာသမားတွေ ဟာ ငွေကြေးရှာဖွေတဲ့လူစားမျိုးမ ဟုတ်ပါဘူး။ ဘဘတို့က ပြည်သူကိုကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ အသိပေး ဖျော်ဖြေပေးဖို့ သူတို့ကိုသိစေချင်တာ လေးတွေကို ပြောပေးဖို့ဖြစ်ပါတယ်။ တကယ်တော့ အရေးကြုံလာတဲ့အခါ မှာ ဘဘတို့က ငွေကြေးဆင်းရဲပါ တယ်။ ကျိကျိတက်ချမ်းသာတဲ့လူ ဆိုတာ မရှိသလောက်ရှားပါတယ်။ မရှိပါဘူး။ ဒါကိုလည်းပဲတို့တွေ ပျော် နေတယ်။ အကုန်လုံးက ပျော်နေကြ တယ်။ ဒါကြောင့် အလုပ်လက်မဲ့ ဖြစ်ပြီး ဘာမှမလုပ်နိုင် မကိုင်နိုင်လို့ဒုက္ခခံစားလာရတဲ့အချိန်မှာ ငွေကြေး က မရှိတော့ဘူး။ ခန္ဓာကိုယ်ကျဆင်း တာနဲ့အတူ ငွေကြေးကလည်း ကျ ဆင်းသွားပြီ။ မရှိတော့ဘူး။ အဲဒီ အခါမှာ အလိုက်သိတဲ့ စေတနာရှင် ပုဂ္ဂိုလ်တွေက ကူညီထောက်ပံ့ပြီး တော့ ပေးမှကမ်းမှစားရမယ့်အခြေအနေမျိုးဖြစ်တယ်။ ဒါကြောင့် ကို ဆွေသက်က စာအုပ်လေးတစ်အုပ် ထုတ်တာနဲ့ ၁၅ သိန်းဆုရတော့ သူ့ အတွက် ၃ သိန်းပဲချန်ပြီး ၁၂ သိန်း ကို စာပေ၊ ရုပ်ရှင်၊ ဂီတနယ်ပယ်ကို ၁၂ သိန်း လှူလိုက်တယ်။ ဒါကြောင့် ဒီအလှူပွဲက သာမန်အလှူပွဲထက် ပြည့်စုံတယ်၊ ပိုပြီးတော့ မွန်မြတ်တယ် လို့ ထင်တယ်”လို့ အလှူနဲ့ပတ်သက် လို့ ဘဘဘိုကလေးတင့်အောင်က ပြောပြပါတယ်။ ဒါ့အပြင်စာရေး ဆရာမောင်ဆွေသက်အတွက်က လည်း ဘဘဘိုကလေးတင့်အောင် အကြောင်း ရေးသားထားတဲ့ ဒီစာ အုပ်ဟာ သူ့အတွက်ဘဝမှာ အမှတ် တရတစ်ခုဖြစ်ခဲ့ပြီလို့လည်း ပြောပါ တယ်။

“ဒီအလှူသတင်းလေးကို ဖတ်မိ လိုက်တဲ့ ကြွယ်ဝတဲ့သူတွေက ငါတို့ လည်း လှူမယ်ဆိုပြီး လှူရင်တော့ဖြင့်
နွမ်းပါးတဲ့အနုပညာရှင်တွေအတွက်အများကြီးအထောက်အကူပြုမယ် လို့ ယူဆပါတယ်။ မင်းသားတစ် ယောက်ဟာ သိန်း ၅ဝဝ လောက်ရတဲ့ အချိန်မှာ ဇာတ်ပို့ဇာတ်ရံတစ် ယောက်ဟာ ၅ သိန်း ၆ သိန်းတောင် အနိုင်နိုင်ပါ။ အဲဒီ့ ၅ သိန်း ၆ သိန်း ကို ၁ဝ ရက် လောက်စောင့်ရတယ်။ ပံ့ပိုးမှု အင်မတန်နည်းပါးတဲ့ လောက သားတွေအတွက် ပံ့ပိုးတဲ့ပံ့ပိုးမှုလေးတွေရမယ်ဆိုရင်တော့ ဘဘပွဲလုပ်ရ ကျိုးကော ဒီစာအုပ်ရေးရ ကျိုးကော နပ်ပါပြီ”လို့ အလှူနဲ့ပတ်သက်လို့ စာ ရေးဆရာမောင်ဆွေသက်က ပြောပါ တယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071