Tuesday, April 21, 2026

အမေရိကန်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဆိုရှယ်မီဒီယာအကောင့်များကို Public...

A-3, C-3 ဗီဇာ၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3 တို့၏ မှီခိုသူများဖြစ်သော H-4၊ F၊...

အမေရိကန်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဆိုရှယ်မီဒီယာအကောင့်များကို Public...

A-3, C-3 ဗီဇာ၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3 တို့၏ မှီခိုသူများဖြစ်သော H-4၊ F၊...

မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ...

လူငယ်ရေးရာကဏ္ဍများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်...

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်တက်ကြွကြွပူးပေါင်းပါဝင်လာစေရန်နှင့် လူငယ်ရေးရာကဏ္ဍများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်၍ အသစ်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက...
HomeNewsLocal Newsထိုင်း - မြန်မာ...

ထိုင်း – မြန်မာ ပြောင်းကုန်သွယ်မှု ပိုမိုအဆင်ပြေစေရေး ရှမ်းပြည်နယ်အရှေ့ပိုင်း ပြောင်းလုပ်ငန်းရှင်အသင်းဖွဲ့စည်း

ထိုင်းနှင့် မြန်မာ ပြောင်းကုန်သွယ်မှုကဏ္ဍတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ပြောင်းလုပ်ငန်းရှင်များ ပိုမိုလွယ်ကူလျင်မြန်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြောင်းလုပ်ငန်းရှင်များအသင်း ယနေ့ နံနက်ပိုင်းတွင် စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြောင်းလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ စက်တင်ဘာ (၁၇) ရက်နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ပြောင်းလုပ်ငန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတိုးတက်ဖို့အတွက် တဖက်တလမ်းကနေ ရန်ပုံငွေတိုးစေဖို့ဆောင်ရွက်ပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာ – လာအိုကုန်စည်စီးဆင်းမှုမှာဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းခြင်းဟာ မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်တာကြောင့် များစွာဝမ်းမြောက်မိပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က ပြောသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးချမ်းအောင်မှ လိုက်နာရမည့်စည်းကမ်းများ၊ တာချီလိတ်ကုန်သွယ်ရေးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးစိုင်းစိုင်းမှ ပြောင်းကုန်သည်များ တရားဝင်စာရင်းပေးသွင်းရန်နှင့် သက်တမ်းတိုးရန်တို့အား ရှင်းလင်းပြောကြားခဲ့ကြသည်။

ယနေ့ ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြောင်းလုပ်ငန်းအသင်းသည် (၉)သင်းမြောက်ဖြစ်ကာ အနီးစပ်ဆုံးပို့ကုန်များအတွက် တဖက်နိုင်ငံဈေးကွက်နှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဆိုရှယ်မီဒီယာအကောင့်များကို Public သို့ပြောင်းထားရမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ကြေညာ

A-3, C-3 ဗီဇာ၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3 တို့၏ မှီခိုသူများဖြစ်သော H-4၊ F၊ M၊ J၊ K-1၊ K-2၊ K-3၊ Q၊ R-1၊ R-2၊ S၊ T သို့မဟုတ် U ဗီဇာအမျိုးအစား လျှောက်ထားသူအားလုံးသည် အမေရိကန်ပြည်ထောင်စု၏ ဥပဒေအရ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် ဝင်ရောက်ခွင့်ဆိုင်ရာ အရည်အချင်းများကို စစ်ဆေးရန်အတွက် လိုအပ်သော အချက်အလက်များကို စစ်ဆေးနိုင်ရန် မိမိတို့၏ ဆိုရှယ်မီဒီယာအကောင့်အားလုံး၏...

မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရသည်။ မြန်မာစံတော်ချိန် ယနေ့ မနက် ၆ နာရီ ၅၉ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက် ၁၀ ကီလိုမီတာ၊ ရစ်ချ်တာစကေး ၅ ဒဿမ ၁ အဆင့်ရှိ အင်အားအသင့်အတင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်း မှ မြောက်ဘက် ၃၆...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071