တနင်္သာရီတိုင်းဒေသကြီးရှိ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်း ၅၄ ဦးသည် ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသည့် ဝန်ထမ်းများကို စစ်ဗျူဟာ(၁) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျာထွေး ဦးဆောင်၍ မောတောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝေလှိုင်စိုး၏ ကြီးကြပ်မှုဖြင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၁၀၀ ခန့်က မြို့အဝင်ဆိုင်းဘုတ်အနီးတွင် သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများကို မောတောင်နယ်မြေရဲစခန်း၊ စည်ပင်သာယာရေးဌာနဝန်း၊ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့အုပ်ချုပ်ရေးမှူးအိမ်ရာတို့တွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။
