အီစတန်ဘူလ်၊ ဩဂုတ် ၁၃
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသအငြင်းပွားမှုတင်းမာနေချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသတွင်းထိပ်တန်းသံတမန်များ နှင့် ယူနန်တွေ့ဆုံဆွေးနေရန်စီစဉ်နေကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်တွင် ၁၀ ကြိမ်မြောက် လန်ချန်းမဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် ဝမ်ယိက တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်း ထုတ်ပြန်သည်။
နှစ်ရက်ကြာအစည်းအဝေးကို ကြာသပတေးနေ့တွင်စတင်မည်ဖြစ်ပြီး တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ထိပ်တန်းသံတမန်များအကြား အလွတ်သဘောဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်သည်။
ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တွင် ပြီးခဲ့သည့်လက လက်နက်ကိုင်တိုက်ပွဲများ အရှိန်မြင့်လာပြီးနောက် ဒါဇင်နှင့်ချီသော အသေအပျောက်များသည့် ပဋိပက္ခအပြီး၌ ဤအစည်းအဝေးကို ကျင်းပလာခြင်းဖြစ်သည်။
လန်ချန်းမဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက “လန်ချန်း-မဲခေါင် နိုင်ငံများအားလုံးသည် ယခုအခါ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီ” ဟု ပြောကြားခဲ့သည်။
လန်ချန်း-မဲခေါင်နိုင်ငံများသည် ယခုထက်ပိုမိုစည်းလုံးညီညွတ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။
Ref: အေးရှားပစိဖစ်
