Friday, August 7, 2026

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...
HomeInternationalထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄

ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။

ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါကွန်ကရစ်တံတားသည် မီတာ ၄၀ ခန့် ရှည်မည်ဖြစ်ပြီး ယာဉ်လမ်းကြောတစ်ဖက်စီတွင် သုံးမီတာကျယ်သော လူသွားလမ်းများလည်းပါရှိမည်ဖြစ်သည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းကို လာမည့်နှစ်တွင်စတင်နိုင်ရန် စီစဉ်ထားသည်ဟုလည်းဆိုသည်။

အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံနယ်စပ်တွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည့်အပြင် ခရီးသွားလာရေးနှင့် ကုန်သွယ်မှုတို့ကိုပါ လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် Anutin ကပြောကြားခဲ့သည်။

ထိုင်းနှင့်ကမ္ဘောဒီးယား တာဝန်ရှိသူများက စီမံကိန်းအတွက် သဘောတူညီချက်မူကြမ်းကို ထိုင်းအစိုးရ အဖွဲ့ထံတင်ပြပြီး မကြာခင် အတည်ပြုနိုင်မည်ဟု မျှော်လင့်သည်ဟုလည်းဆိုခဲ့သည်။

Source : ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071