ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံကို သွားရောက်ခဲ့ပြီး ကြာသပတေးနေ့က ဗီယန်ကျင်းတွင် ပြုလုပ်ခဲ့သည့် လာအိုဝန်ကြီးချုပ် Sonexay Siphandone နှင့် ဆွေးနွေးပွဲတွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများတို-က်ဖျ-က်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။
ယခုခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေး၏ ၇၅ နှစ်မြောက်အထိမ်းအမှတ်လည်းဖြစ်ပြီး နှစ်နိုင်ငံ၏ ကာလကြာရှည် ရင်နှီးသော မိတ်ဖက်ဆက်ဆံရေးကို ထင်ဟပ်စေသည်။
ယခုနှစ်အနှောင်းပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး(MLC) ထိပ်သီးအစည်အဝေးသို့ တက်ရောက်ရန် မစ္စတာ Sonexay ကို မစ္စတာ အနူတင်က ဖိတ်ကြားခဲ့ပြီး လာအိုနိုင်ငံတွင် ပြုလုပ်မည့် ပူးတွဲကော်မရှင်(JC) နှင့် ပူးတွဲနယ်ခြားကော်မရှင်(JBC) အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံက အဆင့်သင့်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိကကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
လုံခြုံရေးအရ နှစ်နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်ဝယ်ဖေ-ာက်ကားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် လူကုန်ကူးမှုတို့ကို အရှိန်မြှင့်တို-က်ဖျ-က်ရန် အစိုးရနှစ်ရပ်စလုံးက သဘောတူညီခဲ့ကြသည်။
ထိုင်းနိုင်ငံသည် လာအိုနိုင်ငံအား တရားဥပဒေစိုးမိုးရေးစွမ်းရည်မြှင့်တင်ရန်အတွက် ရန်ပုံငွေ၊ လေ့ကျင့်ရေးနှင့် သတင်းဖလှယ်မှုများဖြင့် ပံ့ပိုးကူညီသွားမည်ဟု ကတိပြုခဲ့သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ဖက်စလုံးသည် နယ်နိမိတ်ဖြတ်ကျော် မီးခိုးငွေ့များကိစ္စကို ကိုင်တွယ်ဖြေရှင်းရန်နှင့် CLEAR Sky Strategy ဖြင့် မဲခေါင်မြစ်ရေစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဒေတာစုဆောင်းခြင်းနှင့် အများပြည်သူ သတိပေးစနစ်များအတွက် ထိုင်းနိုင်ငံမှ နည်းပညာအကူအညီများ ပေးအပ်လျက်ရှိသည်။
နှစ်နိုင်ငံစလုံးသည် နိုင်ငံစုံဖိုရမ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လာမည့်ရွေးကောက်ပွဲသည် အဓိကကျသော နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ခု ဖြစ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ၊ မူးယစ်ဆေးဝါး တို-က်ဖျ-က်ရေးပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ၊အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေး စက်ကိရိယာများနှင့် ရေအခြေခံအဆောက်အအုံဒီဇိုင်းအတွက် နှစ်နိုင်ငံဘဏ်များအကြား နားလည်မှုစာချွန်လွှာများအပါအဝင် သဘောတူညီချက်ငါးရပ်ကို ဝန်ကြီးချုပ်နှစ်ဦး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
