ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေကြသည့် မြန်မာများ သက်သေခံလက်မှတ်ပြုလုပ်ရာတွင် အပြီးအစီးဘတ် (၂,၆၇၀) သာကုန်ကျမည်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးမှ သိရသည်။
ထိုင်းရောက် မြန်မာများအနေဖြင့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံပေးသည့် သက်သေခံလက်မှတ် ထုတ်ယူနိုင်ပြီး CI လျှောက်ထားရာတွင်လည်း ကုန်ကျစရိတ်ဘတ် (၂,၆၇၀)သာကုန်ကျမည်ဖြစ်ပြီး မလိုလားအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတိပေးထားသည်။
သက်သေခံ လက်မှတ်များကို သြဂုတ်လမှစပြီး စမုစခွန်၊စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီပြည်နယ်များတွင် စခန်း(၄)ခုဖွင့်လှစ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
