Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊...

ဗန်ကောက်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့...

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...
HomeInternationalထိုင်းနှင့် အမေရိက တိုက်ရိုက်လေကြောင်းပြေးဆွဲမှု...

ထိုင်းနှင့် အမေရိက တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်စမည်

အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန၏ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA) က ထိုင်းနိုင်ငံ လေကြောင်းဘေးကင်းလုံခြုံမှုအဆင့်ကို အဆင့် ၂ မှ ၁ သို့ မြှင့်တင်ပေးမည့် လာမည့်နှစ် ဖေဖော်ဝါရီလလောက်တွင် ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမှုကို ပြန်စနိုင်မည်ဟု မျှော်လင့်ကြောင်း ဒုတိယဝန်ကြီးချုပ်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျန်ဂရန်ဂရင်းကစ်က ပြောဆိုလိုက်သည်။

FAA သည် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့(CAAT) နှင့်အတူ စစ်ဆေးမှုလုပ်ခဲ့ရာ၌ ကျေနပ်လောက်စရာ အကဲဖြတ်ချက်များ ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ လေကြောင်းဘေးကင်းမှုဆိုင်ရာ စံနှုန်းများတွင် သိသာထင်ရှားသော တိုးတက်မှုရှိခဲ့သည်ဟု မစ္စတာ ဆူရီယာက မကြာသေးမီတွင် ကြေညာခဲ့သည်။

အချို့အသေးအဖွဲ့ကိစ္စများ ကျန်ရှိနေသေးသော်လည်း ယင်းသည် အပြီးသတ်ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်ဖွယ်မရှိကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ဘေးကင်းလုံခြုံမှုအဆင့် ၁ အနေအထားကို ပြန်သတ်မှတ်ခံရနိုင်ပြီး နိုင်ငံ၏ လေကြောင်းကဏ္ဍအတွက် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ၏ လေကြောင်းဘေးကင်းလုံခြုံမှုဆိုင်ရာ အခြေအနေသည် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း(ICAO)၏ စံချိန်စံညွှန်းများနှင့် မကိုက်ညီဆိုသည်ကို FAA က ပြန်လည်အကဲဖြတ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လေကြောင်းဘေးကင်းလုံခြုံမှုအဆင့် ၂ သို့ အဆင့်နှိမ့်ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာသင်များအား တွေ့ဆုံ၍ ဩဝါဒစကားပြောကြား

ဗန်ကောက်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းတည့်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်စဉ် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ထိုင်းနိုင်ငံ၌ ပညာသင်ကြားလျက်ရှိသည့် ပညာသင်များအား တွေ့ဆုံ၍ ဩဝါဒစကားပြောကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု မီဒီယာတွေက ထုံးစံအတိုင်းပဲ အခြေအမြစ်မရှိတဲ့ ကောလာဟလအမှားတွေကို ဖြန့်နေကြတယ်။ ပိဟက်ဂ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျွန်တော် အရမ်းကို ကျေနပ်အားရမိပါတယ်" လို့ သူက Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးရလဒ်တွေမှာဆိုရင် ပိုပြီးတော့တောင် ကျေနပ်ရပါတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဖြစ်နေတဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071