Monday, August 3, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကွယ်လွန်သွားသည့်...

ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကွယ်လွန်သွားသည့် မြန်မာလုပ်သား(၅)ဦးကို ယနေ့ သဂြိုလ်

ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကွယ်လွန်သွားသည့် မြန်မာလုပ်သား(၅)ဦးကို ယနေ့ သဂြိုလ်

ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီ ၂၀ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် အမှတ် ၃၂၃ လမ်းမကြီး ပေါ် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ရာမှတဆင့် ဆုံးပါးသွားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၅)ဦးကို ယနေ့နေ့လည်တွင် မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း သဂြိုလ်ခဲ့သည်။

၎င်းတို့အား တင်ဆောင်လာသည့် ကားသည် ထိုင်းနိုင်ငံ သွန်ဖာဖမ်ခရိုင်မှ ဆိုင်ရို့ခရိုင်သို့ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ် အခြေအနေအရ သွန်ဖာဖမ်ဘက်သို့ ပြန်လှည့်ခဲ့ရာတွင် ဆယ်ဘီး ကားအား နောက်မှ ဝင်တိုက်၍ ဟန်ချက်ပျက်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးက ပြောသည်။

ယာဉ်ပေါ် မြန်မာ အလုပ်သမား ကျား ၄ ဦး၊ မ ၆ ဦး ပါဝင်ပြီး ၅ ဦးသေဆုံးခဲ့ခြင်းဖြစ်ကာ ၎င်းတို့မှာ ၁၃-၁-၂၀၂၂ ရက်နေ့က ပဲခူးမြို့မှ ဘုရားသုံးဆူမြို့နယ်၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ သွန်ဖာဖမ်ခရိုင်သို့ တောလမ်းခရီးဖြင့် ခရီးဆက်ကာ စိုင်ရို့ခရိုင်နယ်စပ်သို့ ရောက်ရှိပြီး ကန်ချနဘူရီပြည်နယ်အတွင်း ဝင်ရောက်ရန် ပြင်ဆင်စဉ် စစ်ဆေးရေးဂိတ် အား တွေ့၍ လှည့်ပြန်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

ရက် အနည်းငယ်အထိ သေဆုံးခဲ့သူများအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်၍ မရနိုင်ဖြစ်ခဲ့သော်လည်း နောက်ပိုင်း စုံစမ်းမှု၊ဆက်သွယ်လာမှုတို့အရ ကန်ချနဘူရီပြည်နယ်၊ စိုင်ရို့ခရိုင်တွင် ယာဉ်တိမ်းမှောက်သေဆုံးခဲ့သည့် အလုပ်သမား ၅ ဦးမှာ ၁။ မောင်သက်နိုင်ဖြိုး(အသက်-၂၀ နှစ်)၊ ဖြူးမြို့နယ်၊၂။ မောင်နိုင်ဝင်းစိုး(အသက်-၃၃ နှစ်)၊ ဖြူးမြို့နယ်၊၃။ ဦးအောင်ရွှေဝင်း(အသက်-၃၈ နှစ်)၊ ရသေ့တောင်မြို့နယ်၊၄။ မခင်မာနွယ်(အသက်-၂၇ နှစ်)၊ ရသေ့တောင်မြို့နယ်၊၅။ မအိဖြူအောင်(အသက်-၂၆ နှစ်)၊ ပျဉ်ပုံကြီး၊ ပဲခူးမြို့တို့ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း တတ်နိုင်သမျှ တူညီအောင် သင်္ဂြိုဟ်ခဲ့ကြောင်းနှင့် သေဆုံးသူ၏ မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီးများ လျော်ကြေးရရှိနိုင်ရေး ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

Zaw Gyi

ထိုင္းႏိုင္ငံတြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ခဲ့ၿပီး ကြယ္လြန္သြားသည့္ ျမန္မာလုပ္သား(၅)ဦးကို ယေန႔ သၿဂိဳလ္

ၿပီးခဲ့တဲ့ ၂၀၂၂ ဇန္နဝါရီ ၂၀ရက္ေန႔က ထိုင္းႏိုင္ငံ ကန္ခ်နဘူရီျပည္နယ္ အမွတ္ ၃၂၃ လမ္းမႀကီး ေပၚ ယာဥ္တိမ္းေမွာက္မႈျဖစ္ခဲ့ရာမွတဆင့္ ဆုံးပါးသြားသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား(၅)ဦးကို ယေန႔ေန႔လည္တြင္ ျမန္မာ့ထုံးတမ္းအစဥ္အလာအတိုင္း သၿဂိဳလ္ခဲ့သည္။

၎တို႔အား တင္ေဆာင္လာသည့္ ကားသည္ ထိုင္းႏိုင္ငံ သြန္ဖာဖမ္ခ႐ိုင္မွ ဆိုင္႐ို႕ခ႐ိုင္သို႔ ေမာင္းႏွင္လာစဥ္ စစ္ေဆးေရးဂိတ္ အေျခအေနအရ သြန္ဖာဖမ္ဘက္သို႔ ျပန္လွည့္ခဲ့ရာတြင္ ဆယ္ဘီး ကားအား ေနာက္မွ ဝင္တိုက္၍ ဟန္ခ်က္ပ်က္တိမ္းေမွာက္ခဲ့ျခင္းျဖစ္သည္ဟု ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ေျပာသည္။

ယာဥ္ေပၚ ျမန္မာ အလုပ္သမား က်ား ၄ ဦး၊ မ ၆ ဦး ပါဝင္ၿပီး ၅ ဦးေသဆုံးခဲ့ျခင္းျဖစ္ကာ ၎တို႔မွာ ၁၃-၁-၂၀၂၂ ရက္ေန႔က ပဲခူးၿမိဳ႕မွ ဘုရားသုံးဆူၿမိဳ႕နယ္၊ ထိုမွတစ္ဆင့္ ထိုင္းႏိုင္ငံ၊ သြန္ဖာဖမ္ခ႐ိုင္သို႔ ေတာလမ္းခရီးျဖင့္ ခရီးဆက္ကာ စိုင္႐ို႕ခ႐ိုင္နယ္စပ္သို႔ ေရာက္ရွိၿပီး ကန္ခ်နဘူရီျပည္နယ္အတြင္း ဝင္ေရာက္ရန္ ျပင္ဆင္စဥ္ စစ္ေဆးေရးဂိတ္ အား ေတြ႕၍ လွည့္ျပန္ရာမွ ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ျခင္းလည္းျဖစ္သည္။

ရက္ အနည္းငယ္အထိ ေသဆုံးခဲ့သူမ်ားအား မည္သူမည္ဝါျဖစ္ေၾကာင္း ေဖာ္ထုတ္၍ မရႏိုင္ျဖစ္ခဲ့ေသာ္လည္း ေနာက္ပိုင္း စုံစမ္းမႈ၊ဆက္သြယ္လာမႈတို႔အရ ကန္ခ်နဘူရီျပည္နယ္၊ စိုင္႐ို႕ခ႐ိုင္တြင္ ယာဥ္တိမ္းေမွာက္ေသဆုံးခဲ့သည့္ အလုပ္သမား ၅ ဦးမွာ ၁။ ေမာင္သက္ႏိုင္ၿဖိဳး(အသက္-၂၀ ႏွစ္)၊ ျဖဴးၿမိဳ႕နယ္၊၂။ ေမာင္ႏိုင္ဝင္းစိုး(အသက္-၃၃ ႏွစ္)၊ ျဖဴးၿမိဳ႕နယ္၊၃။ ဦးေအာင္ေ႐ႊဝင္း(အသက္-၃၈ ႏွစ္)၊ ရေသ့ေတာင္ၿမိဳ႕နယ္၊၄။ မခင္မာႏြယ္(အသက္-၂၇ ႏွစ္)၊ ရေသ့ေတာင္ၿမိဳ႕နယ္၊၅။ မအိျဖဴေအာင္(အသက္-၂၆ ႏွစ္)၊ ပ်ဥ္ပုံႀကီး၊ ပဲခူးၿမိဳ႕တို႔ျဖစ္ေၾကာင္း သိရွိခဲ့ရသည္။

ထိုင္းႏိုင္ငံအေျခစိုက္ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ျမန္မာ့ထုံးတမ္းအစဥ္အလာအတိုင္း တတ္ႏိုင္သမွ် တူညီေအာင္ သၿဂႋဳဟ္ခဲ့ေၾကာင္းႏွင့္ ေသဆုံးသူ၏ မိဘ၊ ဇနီး/ခင္ပြန္း၊ သားသမီးမ်ား ေလ်ာ္ေၾကးရရွိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ ေပးသြားမည္ ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071