Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeInternationalထိုင်ဝမ်သည် ခြိမ်းခြောက်မှုများကြောင့် နောက်ပြန်လှည့်မည်မဟုတ်ဟု...

ထိုင်ဝမ်သည် ခြိမ်းခြောက်မှုများကြောင့် နောက်ပြန်လှည့်မည်မဟုတ်ဟု ဒုသမ္မတကအမေရိကန်ရောက်စဉ်ပြောကြား

တိုင်ပေ၊ဩဂုတ် ၁၄

ထိုင်ဝမ်ဒုတိယသမ္မတသည် ၎င်း၏ပါရာဂွိုင်းခရီးစဉ်အတွင်း ပေကျင်း၏ကန့်ကွက်မှုကြားမှပင် အမေရိကန်မှတစ်ဆင့် လေယာဉ်ပြောင်းစီးကာ ထိုင်ဝမ်သည် ခြိမ်းခြောက်မှုများကြောင့် နောက်ပြန်လှည့်လက်လျှော့မည်မဟုတ်ကြောင်း ထောက်ခံသူများအားပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်အမေရိကန်က ပါရာဂွိုင်းခရီးစဉ်အတွက် အမေရိကန်မှလေယာဉ်ပြောင်းစီးခြင်းသည် သာမန်ကိစ္စတစ်ခုသာဖြစ်ပြီး ထူးဆန်းသောကိစ္စမဟုတ်ဟုဆိုသော်ငြားလည်း ပေကျင်းကမူ အပြင်းအထန်ကန့်ကွက်ရှုံ့ချကာ မစ္စတာလိုင်အားပြဿနာရှာသူတစ်ဦးဟုဆိုခဲ့သည်။

မစ္စတာလိုင်က “တိုင်ပေအတွက် အာဏာရှင်စနစ်ရဲ့ ခြိမ်းခြောက်မှု ဘယ်လောက်ပဲကြီးမားပါစေ၊ ကျွန်တော်တို့လုံးဝကြောက်လန့်နေမှာမဟုတ်သလိုဆုံးဖြတ်ချက်က ယိမ်းယိုင်သွားမှာလည်းမဟုတ်ပါဘူး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုရဲ့တန်ဖိုးတွေကို ကျွန်တော်တို့ထိန်းသိမ်းသွားမှာပါ” ဟုပြောကြားခဲ့သည်။

ပေကျင်းအနေဖြင့်မူ ထိုင်ဝမ်သည် အမေရိကနှင့်၎င်းတို့အကြားသဘောထားကွဲလွဲခြင်း၏အဓိကအရာတစ်ခုအဖြစ်ယူဆထားပြီး ထိုင်ဝမ်အနေဖြင့်မူ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရရှိရန်အတွက် တရုတ်နှင့်ဆွေးနွေးမှုပြုရန်ဆန္ဒရှိကြောင်းမစ္စတာလိုင်ကဆိုခဲ့သည်။

သို့သော်ငြားလည်း မစ္စတာလိုင်က ၎င်းအနေဖြင့် ထိုင်ဝမ်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကိုကာကွယ်ပေးမည်ဖြစ်ကာ ထိုင်ဝမ်အနာဂတ်အားထိုင်ဝမ်ပြည်သူများကသာဆုံးဖြတ်နိုင်သည်ဟုလည်းဆိုခဲ့သည်။

ထိုင်ဝမ်အရာရှိများကမူ မစ္စတာလိုင်၏ယခုခရီးစဉ်အားအကြောင်းပြု၍ တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်မှုများပြုလုပ်လာနိုင်သည်ဟုလည်းသုံးသပ်ထားကြသည်။

ဧပြီလကလည်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်၏ အမေရိကအလယ်ပိုင်းခရီးစဉ်မှအပြန် ကလီဖိုးနီးယား၌ အမေရိကန်အောက်လွှတ်တော်ဥက္ကဌကယ်လ်ဗင်မက်ကာသီနှင့်တွေ့ဆုံမှုအားတုံ့ပြန်သည့်အနေဖြင့် ကျွန်းနားတစ်ဝိုက်စစ်ရေးလေ့ကျင့်မှုများကိုတရုတ်ဘက်ကပြုလုပ်ခဲ့သေးသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071