Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeCelebrities' Newsထက်ထက်မိုးဦး ဆီက ပညာတွေရခဲ့တယ်...

ထက်ထက်မိုးဦး ဆီက ပညာတွေရခဲ့တယ် ခင်ဝင့်ဝါ

သရုပ်ဆောင် ခင်ဝင့်ဝါက မကြာခင်ရုံတင်ပြသလာတော့မယ့် ‘ရှယ်ချွေးမ’ ရုပ်ရှင် ဇာတ်ကားကြီးမှာ ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ သူပါဝင်ရတဲ့ ဇာတ်ဝင်ခန်းက နည်းသလို၊ သူလေးစား အားကျခဲ့ရတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ ဆုံတဲ့အခန်းကလည်း ၂ ခန်း သာရှိခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ထက်ထက်မိုးဦးဆီကနေ ပညာတွေသင်ယူဖြစ်ခဲ့ ကြောင်းကို ခင်ဝင့်ဝါက ….

“ရိုက်ကွင်းမှာ အမှတ်တရကတော့ ရင်ခုန်တာပေါ့နော်။ မထက်ဆိုတာက ညီမတို့ ငယ်ငယ်လေးကတည်းက ကြော်ငြာဘုရင်မလို့တောင် ပြောလို့ရတဲ့ အောင်မြင်တဲ့ အနုပညာရှင်အစ်မနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အခါမှာ နည်းနည်းလေးတော့ ရင်ခုန် တယ်။ ပြီးတော့ သူက တအားလည်းဖော်ရွေတယ်။ သင်လည်းသင်ပေးတဲ့ အခါကျတော့ ရှိန်တော့မရှိန်တော့ပေမယ့် ပညာတွေ လည်းရတယ်။ သူ့ဆီကပညာတွေ သင်ယူဖြစ် တယ်။ ဒီဇာတ်ကားမှာ ညီမ ပါဝင်သရုပ်ဆောင်တဲ့အခန်းက နည်းပါတယ်။ မထက်က အဓိက မိန်းပေါ့နော်။ ဒီဇာတ်ကားလေးက ပရိသတ်တွေကို မတူတဲ့ ရသလေးတွေပေး မယ်။ ဟာသလေးတွေလည်းပါမယ့် မိသားစု အချစ်ဇာတ်ကားလေးပါ” လို့ ပြောပြခဲ့ ပါတယ်။ ဒီဇာတ်ကားက စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး လွင်မင်းအံ့ ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပါတယ်။ သရုပ်ဆောင် ခင်ဝင့်ဝါက ဒီနှစ်သင်္ကြန်မှာတော့ ရေ ကစားခြင်း၊ လည်ခြင်းမလုပ်ဘဲ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းမှာ စတုဒိသာများသာ ကျွေးမွေးခဲ့ကြောင်းလည်း သိရ ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071