Wednesday, July 22, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ် ခန့်အပ်လွှာကို...

ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့်...

ရန်ကုန်၊ဇူလိုင်-၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လာမည့် ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း...

လားရှိုးမြို့တွင် ဆိုင်ကယ်ဘေးတွဲတပ်ဆင်အသုံးမပြုရန် အသိပေး၊ ဖေ-ာက်ဖျ-က်ပါက...

လားရှိုး၊ ဇူလိုင်-၂၂ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း မော်တော်ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်အသုံးပြုခြင်း မပြုရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၂...

အသက် ၁၆ နှစ်အရွယ် လူငယ်ကစား...

ထိုင်း၊ ဇူလိုင်-၂၂ ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ်အတွက် ရာသီကြိုပြင်ဆင်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် ပထမဆုံးခြေစမ်းပွဲ၌ ထိုင်းလိဂ်-၃ ကလပ် Pluak Daeng United...
HomeNewsLocal Newsတွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံကို ဆိုလာစနစ်ဖြင့်...

တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံကို ဆိုလာစနစ်ဖြင့် လျှပ် စစ်အလင်းပေး

အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ချင်း ပြည်နယ်၊ တွန်းဇံမြို့နယ်၌ လျှပ်စစ်ဓာတ်အားပေးဝေသည့် အဆောက်အအုံများ၊ တာဝန်တိုင်များ၊ ထရန်စဖော်မာများနှင့် အခြားဆက်စပ်ပစ္စည်းများ ပျက်စီးဆုံး ရှုံးခဲ့ရကာ တွန်းဇံဒေသခံများမှာ လျှပ်စစ်မီးအသုံးပြုနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်က တွန်းဇံမြို့နယ်အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်မှစတင်ကာ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများပြုလုပ်ချိန်၌ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေးလုပ်ငန်းများကိုပါထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားမရရှိသေးချိန်တွင် တွန်းဇံမြို့နယ်ပြည်သူ့ဆေးရုံအား လျှပ်စစ်မီးရရှိရေးအတွက် ရပ်မိ ရပ်ဖများနှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှတာဝန်ရှိသူများစုပေါင်း၍ ဆိုလာစနစ် (3.5 kW)ကို တပ်ဆင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တွန်းဇံမြို့သို့ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားကုန်များဖြစ်သော ဆန်အိတ်(၂၀၀)အိတ်၊ စားအုန်းဆီ (၆၄၀)ပိဿာ၊ မိ သားစုဝင်များနှင့် ဒေသခံများအတွက် ကုလားပဲ (၁,၅၂၀)ပိဿာနှင့် ဆား(၁,၅၂၀)ထုတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ် ခန့်အပ်လွှာကို ယနေ့ ဇူလိုင် ၂၂ ရက်နံနက်ပိုင်းတွင်ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ပြီးနောက် နိုင်ငံတော်သမ္မတနှင့် ကာဇက်စတန်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် ဝါတွင်းတရားပွဲများ ကျင်းပမည်

ရန်ကုန်၊ဇူလိုင်-၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လာမည့် ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တရားပွဲများကို ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်နေ့) မှ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) အထိ စေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံ၌ ပြုလုပ်မည်ဖြစ်သည်။ ဥပုသ်နေ့တိုင်းတွင် နံနက် ၁၀ နာရီခွဲ၌ သီလပေးတရားတော်များ နာယူခြင်း၊ မွန်းလွဲ ၁၂ နာရီခွဲနှင့်...

လားရှိုးမြို့တွင် ဆိုင်ကယ်ဘေးတွဲတပ်ဆင်အသုံးမပြုရန် အသိပေး၊ ဖေ-ာက်ဖျ-က်ပါက ဥပဒေအရ အရေးယူမည်ဟုဆို

လားရှိုး၊ ဇူလိုင်-၂၂ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း မော်တော်ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်အသုံးပြုခြင်း မပြုရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၂ ရက်တွင် အသိပေးထုတ်ပြန်ထားကြောင်း ဒေသခံသတင်းအရင်းမြစ်ထံမှ သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ မော်တော်ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးရာတွင် ဘေးတွဲတပ်ဆင်ထားသည့် ယာဉ်များကို သက်တမ်းတိုးဆောင်ရွက်ပေးမည်မဟုတ်ဘဲ၊ နောင်တွင် ဘေးတွဲတပ်ဆင်အသုံးမပြုရန် ခံဝန်ကတိလက်မှတ် ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ နှင့် ပုဒ်မ ၉၆...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071