Wednesday, July 22, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်...

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr....

ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေ

လျှပ်စစ်ပြတ်တောက်မှုများကြောင့် လှည်းကူးဓာတ်အားလိုင်းမှ ယာယီဓာတ်အားပေးကာ ရေတွန်းစက်ကြီးများ မောင်းနှင်ပေးလျက်ရှိ ရန်ကုန်၊ဇူလိုင်-၂၂ ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ် ခန့်အပ်လွှာကို...

ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့်...

ရန်ကုန်၊ဇူလိုင်-၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လာမည့် ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း...
HomeNewsLocal Newsအသက် ၁၆ နှစ်အရွယ်...

အသက် ၁၆ နှစ်အရွယ် လူငယ်ကစား သမား၏ သွင်းဂိုးဖြင့် ထိုင်းကလပ်ကို ရန်ကုန်စီးတီး အနိုင်ယူ

ထိုင်း၊ ဇူလိုင်-၂၂

၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ်အတွက် ရာသီကြိုပြင်ဆင်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် ပထမဆုံးခြေစမ်းပွဲ၌ ထိုင်းလိဂ်-၃ ကလပ် Pluak Daeng United အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို CK Stadium တွင် မိနစ် ၃၀ စီဖြင့် သုံးပိုင်းခွဲကစားခဲ့ပြီး ရန်ကုန်စီးတီးအသင်းက စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများကို ပေါင်းစပ်၍ ကစားခဲ့ကြကြောင်း သိရသည်။

ပွဲချိန် ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သော်လည်း တတိယပိုင်းတွင် လူငယ်ကစားသမား နေလင်းသန့်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး၊ အသက် ၁၆ နှစ်သာရှိသေးသည့် ထက်အာကာဝင်းက ဒုတိယအနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

နှစ်ဂိုးအရှုံးဖြင့် နောက်ကျနေသည့် Pluak Daeng United အသင်းက ပွဲချိန် ၈၅ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ကျန်ပွဲချိန်တွင် နှစ်သင်းစလုံး ဂိုးထပ်မံမသွင်းနိုင်သဖြင့် ရန်ကုန်စီးတီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဒုတိယအနိုင်ဂိုးဖန်တီးရှင် ထက်အာကာဝင်းသည် ရန်ကုန်စီးတီးအသင်းနှင့်အတူ လေ့ကျင့်လျက်ရှိသည့် အသက်အငယ်ဆုံးကစားသမားများအနက် တစ်ဦးဖြစ်ပြီး အသက် ၁၆ နှစ်ရှိကာ ရန်ကုန်တိုင်းဒေသကြီးဘောလုံးအသင်းမှ ရွေးချယ်ထားသူဖြစ်သည်ဟု အသင်းက အသိပေးထားသည်။

ရန်ကုန်စီးတီးအသင်းသည်၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံတွင် တစ်လကြာ လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းလိဂ်ကလပ်များနှင့် ထိုင်းနိုင်ငံ၌ ရာသီကြိုပြင်ဆင်နေသည့် အရှေ့အာရှကလပ်အသင်းအချို့နှင့်လည်း ခြေစမ်းပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ယခုလေ့ကျင့်ရေးခရီးစဉ်တွင် ကစားသမား ၂၆ ဦးနှင့် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း ၃၇ ဦး လိုက်ပါသွားခဲ့ပြီး၊ မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမား ၄ ဦးမှာ AFF Hyundai Cup ပြိုင်ပွဲပြီးဆုံးမှသာ ကလပ်အသင်းနှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom က ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့်...

ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေ

လျှပ်စစ်ပြတ်တောက်မှုများကြောင့် လှည်းကူးဓာတ်အားလိုင်းမှ ယာယီဓာတ်အားပေးကာ ရေတွန်းစက်ကြီးများ မောင်းနှင်ပေးလျက်ရှိ ရန်ကုန်၊ဇူလိုင်-၂၂ ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ရန်ကုန်မြို့နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ရေအရင်းအမြစ် (၃) ခုဖြစ်သည့် လှော်ကားရေလှောင်ကန်၊ငမိုးရိပ်ရေသန့်သင်စက်ရုံ(ညောင်နှစ်ပင်) နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံတို့မှ အဓိကထား မောင်းနှင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေအရင်းအမြစ် (၃) ခုရှိ ရေတွန်းစက်ကြီးများ မောင်းနှင်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားကို လှော်ကားမဟာဓာတ်အားခွဲရုံခွဲမှ ရယူလျက်ရှိရာ ယခု ဇူလိုင်လဆန်းပိုင်းမှစ၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ် ခန့်အပ်လွှာကို ယနေ့ ဇူလိုင် ၂၂ ရက်နံနက်ပိုင်းတွင်ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ပြီးနောက် နိုင်ငံတော်သမ္မတနှင့် ကာဇက်စတန်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071