တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီး ယနေ့နိုဝင်ဘာ (၉)ရက် မွန်းလွဲ(၁)နာရီအချိန်တွင် တိမ်းမှေ-ာက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများအနက် (၃)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါယာဉ်မှာ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာကြား မိုင်တိုင်အမှတ် (၅၆/၆) အရောက် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်ချောက်ထဲသို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းယာဉ်မှာ တောင်ကြီး မီးပုံးပျံပွဲမှ ပြန်လာသည့် ယာဉ်ဖြစ်သည်ဟု သိရသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့်အတည်မပြုနိုင်သေးပေ။
ယာဉ်တိမ်းမှေ-ာက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား(၈)ဦး၊ အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၁၇) အနက် အမျိုးသမီး (၂)ဦး၊ အမျိုးသား(၁)ဦး စုစုပေါင်း(၃)ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
အခြားထိခို-က်ဒ-ဏ်ရာရရှိသူ (၁၄)ဦးတို့အား နန့်ပန်တက်လူမှုကူညီရေးအသင်း၊ မကွေကျေးရွာလူမှုကူညီရေးအသင်း၊ မြတ်စေတနာမွန်လူမှုကူညီရေးအသင်းနှင့် မဟာလူမှုကယ်ဆယ်ရေးအသင်း (အောင်ပန်း)တို့မှ ယာဉ်များဖြင့် ကလောမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
