Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeInternationalတောင်ကိုရီးယား၌ လုပ်သားရှားပါးမှုကြောင့် စက်ရုပ်များ...

တောင်ကိုရီးယား၌ လုပ်သားရှားပါးမှုကြောင့် စက်ရုပ်များ အစားထိုး သုံးလာ

တောင်ကိုရီးယား၌ လုပ်သားရှားပါးမှုကြောင့် စက်ရုပ်များ အစားထိုး သုံးလာ

ဆိုးလ်၊ ဩဂုတ် 22

တောင်ကိုရီးယားနိုင်ငံတွင် လုပ်သားရှားပါးမှုနှင့် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်သတ်မှတ်မှုတို့ကြောင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် စားသောက်ဆိုင်လုပ်ငန်းများသည် လူလုပ်သားများအစား စက်ရုပ်လုပ်သားများကို အစားထိုးအသုံးပြုလာကာ ကုမ္ပဏီများစွာကိုလည်း စက်ရုပ်လုပ်သားများ အသုံးလာပြုရန် လှုံ့ဆော်ပေးလျက်ရှိသည်။

သယ်ယူပို့ဆောင်ရေးကုမ္ပဏီကြီးများသည် အထုပ်အပိုးကိုင်တွယ်ရာတွင် ပိုမိုချောမွေ့ထိရောက်လာစေရန် သယ်ယူပို့ဆောင်ရေးစက်ရုပ်များကို အသုံးပြုလာပြီး အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီကြီးနှင့် စတိုးဆိုင်တို့သည်လည်း ဝယ်ယူသုံးစွဲသူတို့၏ ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ရန် အလိုအလျောက် စက်ရုပ်များကို စတင် စမ်းသပ်အသုံးပြုနေပြီဖြစ်သည်။

ဆိုးလ်အနီး ဂွန်ပို မြို့ရှိ အွန်လိုင်းလက်လီရောင်းချသူများကိုယ်စား ထုပ်ပိုးခြင်းနှင့် ပို့ဆောင်ခြင်းဝန်ဆောင်မှုများကို လုပ်ဆောင်ပေးသည့် CJ Logistics ၏ ဂိုဒေါင် တစ်ခုတွင် သယ်ယူပို့ဆောင်ရေး စက်ရုပ်များကို အသုံးပြုလျက်ရှိသည်။

အဆိုပါ ဂိုဒေါင်၏ ဒုတိယထပ်တွင် အမြင့် ၂၇၈ စင်တီမီတာရှိသော ဂိုဒေါင်စင်ပေါင်း ၆၃၀ ရှိပြီး စက်ရုပ် ၁၀၁ ခုတို့က ၎င်းစင်ပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်ကာ ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။

သမားရိုးကျ ထုပ်ပိုးခြင်းနှင့် ပို့ဆောင်ခြင်းလုပ်ငန်းတွင် အလုပ်သမားများသည် စင်ရှိရာသို့သွားကာ မှာယူထားသည့် ကုန်ပစ္စည်းများကို သယ်လာ၍ တွန်းလှည်းများပေါ်တွင် တင်ကြရသည်။ CJ သည် စက်ရုပ်များကို အစားထိုးအသုံးပြုကာ ထိုလုပ်ငန်းစဉ်ကို ပြောင်းလဲခဲ့သည်။

ယနေ့ခေတ် စားသောက်ဆိုင်လုပ်ငန်းတွင်လည်း စက်ရုပ်များ အသုံးပြုလာသည်ကို သိသိသာသာ မြင်တွေ့လာရသည်။

တောင်ကိုရီးယား၌ စက်ရုပ်စားပွဲထိုးများကို လွန်ခဲ့သော သုံးနှစ်ခန့်က စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါတွင် စက်ရုပ်စားဖိုးမှူများကိုလည်း နေရာအတော်များများ၌ အသုံးပြုလာကြသည်ကိုပင် မြင်တွေ့နေရပြီ ဖြစ်သည်။

ထို့အပြင် မကြာသေးမီက ဆိုးလ်မြို့ရှိ ရထားဘူတာရုံကြီးတစ်ခု၌ စက်ရုပ်ကော်ဖီဆာဗာတစ်ခုကို ပွဲထုတ်ခဲ့သည်။ အဆိုပါ ကော်ဖီဖျော်စက်ရုပ်သည် ယခုအခါ သေးငယ်ပြီး ဦးစီးသူမရှိသည့် ကော်ဖီဆိုင်တွင် နေ၍ အလုပ်လုပ်ကာ မြေအောက်ရထားဘူတာရုံများရှိ လူများအား ကော်ဖီဖျော်ပေးနေသည်ကို မြင်တွေ့ရသည်။

တောင်ကိုရီးယား ကုမ္ပဏီတစ်ခုသည် အများပြည်သူပိုင် လမ်းများပေါ်တွင် ကုန်ပစ္စည်းများ ပို့ဆောင်ပေးသည့် စက်ရုပ်များကို စတင် စမ်းသပ် အသုံးပြုနေပြီဖြစ်သည်။

အဆိုပါစမ်းသပ်မှုကို နိုင်ငံ၏အကြီးဆုံး အစားအစာပေးပို့သော အက်ပ်၏ အော်ပရေတာ ဖြစ်သည့် ဝူးဝါ ဘရားသားစ် ကတီထွင်ထားသော ဒေးလီးဒရိုက် အမည်ရသည့် သေးငယ်သောပို့ဆောင်ရေးစက်ရုပ်ကို အသုံးပြုကာ စတင်ခဲ့ခြင်းဖြစ်သည်။

ဝူးဝါ သည် စားသုံးသူထံမှ အမှာစာကို လက်ခံရရှိသောအခါ ဒေးလီးဒရိုက် စက်ရုပ်ကို စားသောက်ဆိုင်တစ်ခုသို့ ပို့ဆောင်မည်ဖြစ်သည်။ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးက မှာယူထားသည့် ဟင်းပွဲကို ၎င်းစက်ရုပ်ပေါ်သို့ ထုတ်ပိုးပေးလိုက်သောအခါ စက်ရုပ်သည် ထိုဟင်းပွဲကို တင်ဆောင်ကာ လမ်းသွားလမ်းလာများနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို ဂရုတစိုက် ရှောင်ရှား၍ စားသုံးသူထံ အရောက်ပို့ဆောင်ပေးမည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ က‌ေလး‌ေမွးဖွားနှုန်းသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးဖြစ်လာသောကြောင့် မကြာမီကာလအတွင်း လူဦးရေ လျင်မြန်စွာကျဆင်းမှုနှင့် ရင်ဆိုင်ရမည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် လုပ်သားရှားပါးမှုကို ဖြေလျှော့ရန် စက်ရုပ်များကို အခြားနိုင်ငံများထက် ပို၍လက်ခံ အသုံးပြုလာနိုင်ဖွယ်ရှိနေသည်။

Source: Nikkei Asia

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ နေ့ညမပြတ် ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး ထိန်းနိုင်ရန် စက်လှေ ၁၃ စီး၊ ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် ၂၄ နာရီပတ်လုံး ဆောင်ရွက်နေကြကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ တမံ ပျက်စီးမှု ပိုမိုမကြီးမားစေရန်နှင့် အနီးဝန်းကျင်ရှိ စိုက်ပျိုးမြေများ၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ထပ်မံမဝင်ရောက်စေရန် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ ပြန်လည်ပြုပြင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် သဲကြောမှ...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071