Friday, May 16, 2025

ရာသီဥတုဖောက်ပြန်မှုကပုံ​ဖော်​နေ​သော ကမ္ဘောဒီးယား

ကမ္ဘောဒီးယားသည် ၎င်း၏ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် ရာသီဥတု စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှုပုံစံများ မှန်းဆမရလောက်အောင် ပြောင်းလဲလာသည်နှင့်အမျှ...

ဒိုးလုံး၏တေးသီချင်းများကို စီးပွားဖြစ်အသုံးပြုပါက အသိပေးရန်ကြေညာ

တေးရေး/တေးဆို ခွန်နေလင်းနိုင်(ခ)ဒိုးလုံး၏ တေးသီချင်းများအား စီးပွားဖြစ်အသုံးပြုမည်ဆိုပါက အသိပေးခွင့်တောင်းရန်လိုအပ်ကြောင်း သူ၏ ဇနီးဖြစ်သူက ကြေညာသည်။ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ချောစုတင်(ချောစုခင်)က နိုင်ငံပိုင် သတင်းစာမှ တဆင့်အသိပေး...

ထိုင်းသံရုံးမှ ကြီးမှူးပြီး ရန်ကုန်၌ထိုင်းသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ကြီးမှူးပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးထိုင်းသီချင်းဆိုပြိုင်ပွဲကြီး "T-Pop Star Challenge Myanmar Season 2" ကို ကျင်းပသွားမည်ဖြစ်ကြောင်း...

ဗီယက်နမ် ရောက်နေသည့် ထိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့

ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝပ် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ကြာသပတေးနေ့မွန်းလွဲပိုင်း တွင်ရောက်ရှိခဲ့သည်။ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chính ၏ ဖိတ်ကြားချက်အရ မေလ ၁၅...
HomeInternationalတုကီယေးငလျင်ကယ်ဆယ်ရေးလုပ်ငန်းအတွက် စင်္ကာပူမှကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ကာ စင်္ကာပူဒေါ်လာတစ်သိန်းလှူဒါန်း

တုကီယေးငလျင်ကယ်ဆယ်ရေးလုပ်ငန်းအတွက် စင်္ကာပူမှကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ကာ စင်္ကာပူဒေါ်လာတစ်သိန်းလှူဒါန်း

စင်္ကာပူ၊ဖေဖော်ဝါရီ ၇

စင်္ကာပူအရပ်ဘက်ကာကွယ်ရေးအဖွဲ့သည် လူပေါင်းထောင်ချီသေဆုံးခဲ့ရသော တုကီယေးငလျင်အပြီး၌ လူသားချင်းစာနာထောက်ထားမှုအကူအညီတောင်းခံခြင်းအား တုံ့ပြန်သည့်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန် တုကီယေးသို့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့အား စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။

သဘာဝဘေးကူညီရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှအရာရှိများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ဝင်အယောက် ၂၀ ပါဝင်သည့် ရှေ့ပြေးအဖွဲ့အား ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့်ဆရာဝန်တစ်ဦး ဦးဆောင်လျက် ၂၄ နာရီအတွင်းစေလွှတ်မည်ဟု ၎င်းအဖွဲ့၏လူမှုကွန်ရက်စာမျက်နှာ၌ရေးသားဖော်ပြထားသည်။

အခြားကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ ထပ်တိုးအစီအစဉ်များကိုလည်း ရလျှင်ရချင်း SCDF က ပေးပို့ထောက်ပံ့သွားမည်ဟုလည်းရေးသားထားသည်။တုကီယေးနှင့်ဆီးရီးယား၌ ငလျင်ကြောင့်သေဆုံးသူသည် လက်ရှိအချိန်၌ ၅,၀၀၀ ကျော်သို့ရောက်ရှိနေပြီဖြစ်သည်။ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်သဖြင့် သေဆုံးနှုန်းလည်းထပ်တိုးလာနိုင်သေးသည်ဟုသိရသည်။

ယင်းအပြင် စင်္ကာပူကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌အသုံးပြုရန် တုကီယေးကယ်ဆယ်ရေးအသင်းနှင့် ဆီးရီးယားကယ်ဆယ်ရေးအသင်းတို့အား စင်္ကာပူဒေါ်လာ ၅၀,၀၀၀ စီလှူဒါန်းပေးခဲ့ပြီး စုစုပေါင်းစင်္ကာပူဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်းလည်းသိရသည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရာသီဥတုဖောက်ပြန်မှုကပုံ​ဖော်​နေ​သော ကမ္ဘောဒီးယား

ကမ္ဘောဒီးယားသည် ၎င်း၏ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် ရာသီဥတု စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အပူချိန်မြင့်တက်လာပြီး မိုးရွာသွန်းမှုပုံစံများ မှန်းဆမရလောက်အောင် ပြောင်းလဲလာသည်နှင့်အမျှ သက်ရောက်မှုများကို ခံစားလာ​နေရသည်။ မကြာသေးမီနှစ်များအတွင်း ဖနွမ်းပင်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များသည်ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရသည်။ ထောင်နှင့်ချီသော မိသားစုများ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အရေးကြီးသော အခြေခံအဆောက်အဦးများနှင့် စိုက်ပျိုးရေးထွက်ကုန်များ အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုဆိုးလာသည့်ရေကြီးမှုများက ပိုပြင်းထန်လာ​ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ကမ္ဘောဒီးယား၏ ကမ်းရိုးတန်းဒေသများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းအတွက် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ကမ်းရိုးတန်းတိုက်စားမှုနှင့် ရေငန်ဝင်ရောက်မှုတို့သည်...

ဒိုးလုံး၏တေးသီချင်းများကို စီးပွားဖြစ်အသုံးပြုပါက အသိပေးရန်ကြေညာ

တေးရေး/တေးဆို ခွန်နေလင်းနိုင်(ခ)ဒိုးလုံး၏ တေးသီချင်းများအား စီးပွားဖြစ်အသုံးပြုမည်ဆိုပါက အသိပေးခွင့်တောင်းရန်လိုအပ်ကြောင်း သူ၏ ဇနီးဖြစ်သူက ကြေညာသည်။ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ချောစုတင်(ချောစုခင်)က နိုင်ငံပိုင် သတင်းစာမှ တဆင့်အသိပေး ကြေညာခြင်းလည်းဖြစ်သည်။ ကြေညာချက်၌ ဂီတအနုပညာရှင် ခွန်နေလင်းနိုင်(ခ)ဒိုးလုံး ဖန်တီးခဲ့သော တေးသီချင်းများ၏ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအားလုံးကို ၎င်းကွယ်လွန်ချိန်မှစ၍ ယနေ့ထိတိုင် ဒေါ်ခင်ချောစုတင် (ချောစုခင်)က ဆက်ခံသူအဖြစ် တရားဝင်စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် တေးရေး/တေးဆို ဒိုးလုံး ဖန်တီးခဲ့သော တေးသီချင်းများအား အသုံးပြုမည်ဆိုပါက ဒေါ်ခင်ချောစုတင် (ချောစုခင်) ထံသို့ ဖြစ်စေ၊...

ထိုင်းသံရုံးမှ ကြီးမှူးပြီး ရန်ကုန်၌ထိုင်းသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ကြီးမှူးပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးထိုင်းသီချင်းဆိုပြိုင်ပွဲကြီး "T-Pop Star Challenge Myanmar Season 2" ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သီချင်းဆိုပြိုင်ပွဲကို "Thai Festival 2025 " ပွဲတော်ကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ "T-Pop Star Challenge Myanmar Season 2"တွင် ဇကာတင်ပြိုင်ပွဲဝင် (၈) ဦးမှ တို-က်ရို-က် (Live) ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး၊ Winner ဆုရရှိသူက ဆုကြေးငွေအဖြစ် "ငွေသား ၃,၂၀၀ USD"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071