Sunday, June 28, 2026

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အခက်အခဲရှိ သဘင်မိသားစုဝင် ကျောင်းသား/သူများကို...

မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန်...

တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှု ဒုဝန်ကြီး...

ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် မှာကြား ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ ပြန်လည်ရောက်ရှိ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို...

ပေကျင်းမြို့၏ အမြင့်ဆုံးအဆောက်အအုံကို လေယာဉ်ငယ်ဝင်တိုက်မှု စုံစမ်းစစ်ဆေးနေ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့်CITIC Tower (China Zun) ကို ဇွန် ၂၆ ရက် ညနေပိုင်းက အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး...

ဥရောပအပူလှိုင်းဒဏ်ကြောင့် ပြင်သစ်တွင် သေဆုံးသူ ၁,၀၀၀...

ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းကျရောက်မှု၏ အကျိုးဆက်အဖြစ် ပြင်သစ်နိုင်ငံတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိထုတ်ပြန်ထားသည့်...
HomeMoviesစက်သုံးဆီတင်သွင်းမှု စင်ကာပူအရင်းအမြစ်တစ်ခုတည်းအပေါ် အဓိကမှီခိုနေရဟု...

စက်သုံးဆီတင်သွင်းမှု စင်ကာပူအရင်းအမြစ်တစ်ခုတည်းအပေါ် အဓိကမှီခိုနေရဟု ဒုတိယဝန်ကြီးပြော

မြန်မာနိုင်ငံ၏ စက်သုံးဆီထောက်ပံ့မှုမှာ ပြည်ပတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး လက်ရှိတွင် စက်သုံးဆီတင်သွင်းရေးကို စင်ကာပူနိုင်ငံရှိ အရင်းအမြစ် (Source) တစ်ခုတည်းအား အဓိကကုန်သွယ်ရေးဗဟိုချက်အဖြစ် မှီခိုဆောင်ရွက်နေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားသည်။

ဇွန်လ ၂၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ပြီး နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို ပိုမိုခိုင်မာစေရန် မတူညီသော စွမ်းအင်အရင်းအမြစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှ စက်သုံးဆီတင်သွင်းနိုင်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် စွမ်းအင်ကုန်သွယ်မှု ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား ကာလရှည် စက်သုံးဆီထောက်ပံ့ရေး သဘောတူညီချက်များ ချုပ်ဆိုနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးကွင်းဆက် (Supply Chain) တစ်လျှောက် မလိုအပ်သော ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးနှင့် ဖြန့်ဖြူးမှုလုပ်ငန်းများကို ပိုမိုစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် သိုလှောင်ကန်များတွင် အလိုအလျောက်ဆီပမာဏတိုင်းတာရေးစနစ် (Automatic Tank Gauge – ATG)၊ ဆီတင်ယာဉ်များတွင် GPS စနစ်နှင့် လက်လီအရောင်းဆိုင်များတွင် QR Code စနစ်များ အသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ (Real-time Monitoring) ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း စွမ်းအင်ဖူလုံရေး၊ ပြည်သူများ စက်သုံးဆီကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့အတွက် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ သယ်ယူပို့ဆောင်နှင့် ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တစ်လျှောက် ဆက်လက်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အခက်အခဲရှိ သဘင်မိသားစုဝင် ကျောင်းသား/သူများကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ပညာသင်ဆုချီးမြှင့်မည်

မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် သဘင်မိသားစုဝင် သားသမီးများ၏ ပညာရေးအောင်မြင်မှုကို ဂုဏ်ပြုအားပေးရန်နှင့် ပညာရေးဆက်လက်သင်ယူရန် အခက်အခဲကြုံတွေ့နေရသူများအား ထောက်ပံ့ကူညီပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ သဘင်မျိုးဆက်စစ်မှန်ကြောင်း အထောက်အထား၊ တက္ကသိုလ်ပညာ ဆက်လက်သင်ယူရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ပြထားသော တင်ပြချက်တို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးနှင့်...

တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှု ဒုဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် မှာကြား ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ ပြန်လည်ရောက်ရှိ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (တီးတိန်)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (တီးတိန်)၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်စစ်ဆေးခဲ့သည်။ ရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့်...

ပေကျင်းမြို့၏ အမြင့်ဆုံးအဆောက်အအုံကို လေယာဉ်ငယ်ဝင်တိုက်မှု စုံစမ်းစစ်ဆေးနေ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့်CITIC Tower (China Zun) ကို ဇွန် ၂၆ ရက် ညနေပိုင်းက အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး လေယာဉ်ငယ်တစ်စင်း ဝင်ရောက်တိုက်မိခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ပြီး လေယာဉ်ပေါ်တွင် မပါဝင်သည့် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်မှာ လေကြောင်းပိုင်နက်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ပေကျင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ရှားပါးလေကြောင်းမတော်တဆမှုတစ်ခုဖြစ်ကြောင်း သိရသည်။ ချောင်ယန်ခရိုင်အစိုးရ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၆ ရက် ညနေ ၅ နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071