Monday, February 2, 2026

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄...

၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား...

ပဲခူးတိုင်း၊ တောင်ငူမြို့၌ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ်ဖြတ်ကျော်နေ ရာတွင်တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ်...
HomeArticlesတိုတိုတုတ်တုတ် တရုတ်ကဗျာ

တိုတိုတုတ်တုတ် တရုတ်ကဗျာ

ကျောရိုးမဲ့ ကိုယ်ခန္ဓာနဲ့အကောင်ဟာ အခွံမာ ပိုလိုအပ်တယ်…’

အိုက်ချင်း(၁၉၁ဝ-၁၉၉၆) အိုက်ချင်း(၁၉၁ဝ-၁၉၉၆) အထက်ပါ ” ခေါင်းစီးမဲ့ တစ် ကြောင်းကဗျာ..”ဟာ တရုတ် ကဗျာဆရာကြီးရဲ့ ကဗျာဖြစ်တယ်။ ကဗျာဆရာဟာ အနှစ် ၂ဝ ထောင် သွင်းအကျဉ်းချခံထားရာက ပြန်လည် လွတ်မြောက်လာတဲ့အချိန်မှာ ‘ဒီ…ခေါင်းစီးမဲ့ တစ်ကြောင်းကဗျာ”ကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီကဗျာ ရေးသူဟာ အိုက်ချင်း(၁၉၁ဝ- ၁၉၉၆) ဖြစ်ပါတယ်။  အိုက်ချင်းကို အကြောင်းပြုပြီး၊ တိုတိုတုတ်တုတ် တရုတ်ကဗျာတွေ အကြောင်း အတွေးဆက်မိပါတယ်။

လမ်းအားလုံးဟာ… အရုဏ်ဘက် မျက်နှာမူလို့ပြတင်းအားလုံးဟာ… နေ့ဘက်ကို မျက်နှာလှည့်လို့။ ။ ထန်စီ(၁၉၂ဝ-    ) ဓားလွယ်ထားသူကဗျာမှ

ဒီကဗျာလေးဟာလည်း တရုတ် ကဗျာဆရာ ထန်စီရဲ့ ဓားလွယ်ထား သူ ကဗျာစာအုပ်ထဲက တိုတိုတုတ် တုတ်လေး တစ်ပုဒ်ပါ။ ကဗျာစာအုပ် အမည်ကိုက ဓားလွယ်ထားသူ…တဲ့။ ထန်စီတို့  ခေတ်က အမှောင် ခေတ်လို့ ဆိုကြပါတယ်။ ထန်စီတို့က အမှောင်ခေတ်ကြီးထဲမှ အလင်း ရောင်ကို၊ ထောင်အကျဉ်းကျခံ၊ အ ညှဉ်းပန်း အနှိပ်စက်ခံ၊ အသက်တွေ စတေးပြီးမှာ ရှာဖွေဖော်ကြူးခဲ့ကြ တယ်လို့ဆိုပါတယ်။ အလားတူ အလင်းခေတ်ထဲမှ  အမှောင်ကိုလည်း တရုတ် ကဗျာဆရာတို့ဟာ သူတို့ရဲ့ ဦးခေါင်းနဲ့ ငရဲတံခါးကို တွန်းဖွင့်ခဲ့ကြ တယ်။ မီးထိုးပြခဲ့တယ်။ ထန်စီတို့ဟာ ကဗျာ ဆရာတစ်ယောက်ရဲ့ အရဲရင့်ဆုံး ရုပ်ပုံလွှာ၊ အမြင့် မြတ်ဆုံး တရားသစ္စာကို စိုက် ထူက ကြွေပြီ ဝေပြခဲ့ကြတဲ့ သူရဲကောင်းတွေပါပဲ။

ကိုင်း… နောက်ထပ် တိုတို တုတ်တုတ်အတွက် ‘ကုချိန်’ ရဲ့ “လမ်းကြားလေး” ထဲ လမ်းလျှောက် ကြည့်ကြပါဦးစို့။ လမ်းကြားလေး”ကောက်လည်းကောက် ရှည်လည်းရှည်လမ်းကြားလေးလေ..တံခါးမရှိဘူး၊ ပြတင်းမရှိဘူးငါ…သော့တစ်ချောင်းကိုင်ကာ နံရံအထူကြီးကို ခေါက်လို့။ လမ်းကြားလေးကို ဖွဲ့သူက တရုတ်ကဗျာဆရာ ကုချိန် (၁၉၅၆- ၁၉၉၃) ဖြစ်ပြီး၊ သူဟာ ယာဉ်ကျေးမှု တော်လှန်ရေး ကာလမှာ “ဒီနေ့” ဆိုတဲ့ အပတ်စဉ် မြေအောက် ကဗျာ စာစောင်ကို ဦးဆောင်ဖြန့်ဝေခဲ့သူ ပေါ့။ ပြီးတော့ တိုတိုတုတ်တုတ်တွေ အများကြီးရေးခဲ့တဲ့ လီပိုင်(က) နဲ့ တူဖူးတို့ရဲ့ ကဗျာတိုလေးတွေ ဆက်ခံစားကြည့်ရအောင်…။ သူတို့နှစ်ယောက်ကို တရုတ်ကဗျာ လောကက “ကဗျာနတ်နဲ့ ကဗျာသူ တော်မြတ်..” အဖြစ် အသိအမှတ် ပြုခံရတဲ့ ကဗျာဆရာကြီး နှစ်ပါးလို့ ပြောရမှာပါ။ လီပိုင် (က) က တောင် အမြင့်ကြီးပေါ်က ဆင်းကျတဲ့ ရေတံ ခွန်ရဲ့ ရှုခင်းကို”မတ်စိုက်ပျံဆင်း၊ ပေသုံးထောင် မိုးမြင့်တိမ်ယံဖျားမှငွေရည်မြစ်မင်း၊ ထိုးဆင်းလာသယောက် ။ ပြီးတော့ ဇာတိအလွမ်းနဲ့ ပတ် သက်ပြီးလည်း လီပိုင်(က)က “ဓားကိုဆွဲနုတ်ရေပိုင်းခုတ်လဲ၊ ခုတ်တဲ့ရေစီးစီးသထက်စီး။ အဲ… လီပိုင် (က) ပြီးတော့ တူဖူးရဲ့ ကဗျာလေးတွေဆက်ပြီး ခံစားကြည့်ရအောင်။ တူဖူးကတော့ တိုတိုတုတ်တုတ်ထဲမှာ ‘အတော်ရှည် တဲ့ တိုတိုတုတ်တုတ်’ လို့ ပြောရတော့ မှာပါ။ ဘဝပုံရိပ်ကို ထုဆစ်ရာမှာ အတော်ကို အနုစိတ်တာ တွေ့ရမှာ ဖြစ်ပါတယ်။” ရွှေအိမ်ခြံဝန်းထဲကအရက် အသားနံ့တွေ ပုတ်သိုးပျံထွက်နေလူသွားလမ်းပေါ်မှာတော့ တောင့်ခဲအေးစက်၊ အရိုးအရေငတ်ပြတ်သေကျေ။ဆက်ပြီး တူမူးရဲ့ ‘ဓနိထဲကို လေပြင်းကတိုက်ခတ် ဖြိုဖျက်သွားလေပြီ…”ဆိုတဲ့ ကဗျာလေးကိုလည်းဂွမ်းကပ်စောင်မှာ အနှစ်နှစ်အလလကြာအေးလဲအေး၊ မာလဲမာ သံပြားချပ်နဲ့ တူလိုက်တာမအိပ်နိုင်တဲ့ သငယ်ခမျာ ကန်ကျောက်ငိုရှာဂွမ်းကပ်စောင်ဆွေးလဲ ပေါက်ပြဲပေါ့ဗျာ။ဓနိတဲအိုထဲမှာခြောက်သွေ့တဲ့နေရာ မရှိတော့ပါ။မိုးဟာ… ချည်မျှင်ကြိုးတွေလို မရပ်ဘဲ သဲမဲစွာစုစုစည်းစည်း စိပ်စိပ်ကြီးကျ နေ လိုက်တာ။ ကိုင်း ဒါကတော့ ကိုဒေါင်းရဲ့ ခေတ်ဆန်းကဗျာလို… တိုလည်း တို၊ တုတ်လည်းတုတ်တဲ့၊ တရုတ်တိုတို တုတ်တုတ်များပဲဖြစ်ပါတယ်။ တူဖူးရဲ့ စကားလုံး ကျစ်လစ်ပုံကို အားကျပြီး ပြောရ မယ်ဆိုရင်… ဒီ တိုတိုတုတ်တုတ် တရုတ် ကဗျာလေးတွေကို စုစုစည်းစည်း စိပ်စိပ်ကြီး မပြောနိုင်တာကိုတော့…

စောဘရန်ငြိမ်း 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071