တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအပါအဝင် PDF အဖွဲ့ဝင် (၅၁၇) ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာခဲ့သဖြင့် ယနေ့ ဧပြီ ၂၄ ရက်တွင် မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း၌ အလင်းဝင်လာသူများကို မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ရာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အလင်းဝင်လာသူများအား တိုင်းဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုံးမသြဝါဒစကားပြောကြားပြီး အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူပြီး လက်နက်ထဲယမ်းများအတွက် ဆုကြေးငွေများ၊ ၎င်းတို့အတွက် ဂုဏ်ပြုဆုငွေများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြကြောင်း သိရသည်။
