Monday, June 22, 2026

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ...

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း...

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ...

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း...

တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ်...

ဘဏ်စာရင်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဝန်ဆောင်ခ သတ်မှတ်ချက်များအသုံးပြုခွင့် ယာယီပိတ်သိမ်းခြင်း စာရင်းသေအဖြစ် သတ်မှတ်ခံရသည့် ဘဏ်စာရင်းများကို ဘဏ်ခွဲများတွင် သာမန်အတိုင်း အသုံးပြုခွင့်အပြင် အီလက်ထရွန်နစ်ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊...

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု(၅၃)ဦးကိုကြိုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု (၅၃)ဦးအား ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက...
HomeNewsLocal Newsတားမြစ်ဓာတုပစ္စည်းများပါဝင်သည့် အလှကုန်ပစ္စည်း (၁၂)...

တားမြစ်ဓာတုပစ္စည်းများပါဝင်သည့် အလှကုန်ပစ္စည်း (၁၂) မျိုးသုံးစွဲရန်မသင့်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှအသိပေးထုတ်ပြန်ထား

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ဓာတုပစ္စည်းများပါဝင်သည့် အလှကုန်ပစ္စည်း (၁၂) မျိုးကို ပြည်သူများသုံးစွဲရန်မသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း (၁၂) မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက်ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးထားသည်။

ယင်းတားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ လွဲချော်သည့် ဆီသယ်ယာဉ်(၂)စီး ဖမ်းဆီးရမိ

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များတွင် GPS စနစ်တပ်ဆင်ကာ Online Monitoring Center မှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား သက်ဆိုင်ရာနေရာများသို့သာ ပို့ဆောင်ခြင်း ရှိ၊ မရှိကို တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် ယာဉ်များအနက် ဆီသယ်ယာဉ်အမှတ် 5P/8614...

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၂၆)ဦးအား အခမဲ့ခွဲစိတ်ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်ကုသမှုအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်ကာ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူဘွဲ့လွန် သင်တန်းသားများက အခမဲ့ကုသပေးခဲ့ကြခြင်း ဖြစ်သည်။ ခွဲစိတ်ကုသမှုတွင် မွေးရာပါနှုတ်ခမ်းကွဲ လူနာ(၁၅)ဦးနှင့် အာခေါင်ကွဲ လူနာ(၁၁)ဦး...

တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ် သတ်မှတ်ပြီး ဝန်ဆောင်ခကောက်ခံမည်ဟု ဧရာဝတီဘဏ် ထုတ်ပြန်ဧရာဝတီဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော စာရင်းရှင်စာရင်း၊ ငွေစုဘဏ်စာရင်းနှင့် ခေါ်ယူအပ်ငွေစာရင်းများ၌ နောက်ဆုံး ငွေသွင်း/ငွေထုတ် ပြုလုပ်ခဲ့သည့် နေ့ရက်မှစ၍ ရက်ပေါင်း (၃၆၅) ရက် (တစ်နှစ်) ပြည့်မြောက်သည်အထိ တစ်စုံတစ်ရာ အသုံးပြုခြင်း မရှိပါက...

ဘဏ်စာရင်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဝန်ဆောင်ခ သတ်မှတ်ချက်များအသုံးပြုခွင့် ယာယီပိတ်သိမ်းခြင်း စာရင်းသေအဖြစ် သတ်မှတ်ခံရသည့် ဘဏ်စာရင်းများကို ဘဏ်ခွဲများတွင် သာမန်အတိုင်း အသုံးပြုခွင့်အပြင် အီလက်ထရွန်နစ်ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊ ငွေပေးချေမှုစနစ်၊ အလိုအလျောက်ငွေထုတ်စက်များနှင့် ကတ်စနစ်များအပါအဝင် မည်သည့်နည်းလမ်းဖြင့်မဆို ပြန်လည်အသုံးပြုခြင်းကို ယာယီပိတ်သိမ်းထားမည်ဖြစ်သည်။ ၎င်းစာရင်းများကို ပြန်လည်အသက်သွင်းလိုပါက နီးစပ်ရာ ဘဏ်ခွဲများသို့ ကာယကံရှင်ကိုယ်တိုင် လူကိုယ်တိုင်သွားရောက် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ စာရင်းထိန်းသိမ်းခ ကောက်ခံခြင်းကာလရှည် အသုံးပြုခြင်းမရှိသည့် အသက်မဝင်သော ဘဏ်စာရင်းများအတွက် တစ်လလျှင် စာရင်းထိန်းသိမ်းခ (၃,၀၀၀) ကျပ်နှင့် စာရင်းသေစာရင်းများအတွက် တစ်လလျှင် (၅,၀၀၀) ကျပ်နှုန်းဖြင့် (၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071