Monday, May 25, 2026

စိုက်ပျိုးရေရရှိရေးဆောင်ရွက်မည့် အောင်လံမြို့နယ်မှ တောင်သူ(၁၁)ဦးကို ငွေကျပ်သိန်း(၄၄၀)ထုတ်ချေး

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာမှ စိုက်ပျိုးရေရရှိရေးအတွက်ဆောင်ရွက်မည့် တောင်သူ (၁၁)ဦးကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက်(၁၀၀)စီ မံချက်အတွင်း ချေးငွေများထုတ်ချေးပေးခဲ့သည်။ မေ ၂၄...

မန္တလေးနှင့် စစ်ကိုင်းတွင် ဝန်ထမ်းအိမ်ရာ ၄၉၈...

ငလျင်ဒဏ်ခံတံတားစနစ်သစ်ပါ ဒုဋ္ဌဝတီတံတား ဆောင်ရွက်နေ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မေ ၂၃ ရက်တွင်...

သုတေသနပညာရှင်များနှင့် MSME လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်ရန်...

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းစွာပြုလုပ်ရန်...

မဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အန္တရာယ် လျော့ကျ၊ သတိပေးချက်အဆင့်...

အာဆီယံဒေသတွင်း နိုင်ငံများကြား နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုပြဿနာမှာ လက်ရှိတွင် စိုးရိမ်ရသည့်အခြေအနေမှ လျော့နည်းသွားပြီဖြစ်ပြီး မဲခေါင်ဒေသခွဲ၏ ခြောက်သွေ့ရာသီကာလလည်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက်...
HomeNewsLocal Newsတာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ နေအိမ်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ထိုင်း – မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်တွင် ရေစတင်ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

” မိုးများရင်တောင်ကျရေဆင်းပြီး ချောင်းရေမြင့်တက်တာက နှစ်တိုင်းပါပဲ။ အခုတော့ စောင့်ကြည့်နေပါတယ်။ ပြီးခဲ့နှစ်ကတော့ မိုးများပြီး ချောင်းရေတက်တာတွေ မြေပြိုတာတွေကြောင့် လူ‌ေ-သဆုံးမှုတွေလည်း ရှိခဲ့တယ်။ အခုတော့ရပ်ကွက်မှာ သတိပေးထားတာတွေ ရှိပါတယ်”ဟု တာချီလိတ်ဒေသခံတစ်ဦးက ဆိုသည်။

ဧပြီ(၂၇)ရက် ညပိုင်းက တာချီလိတ်ခရိုင်၊ တာလေမြို့နယ်အတွင်း လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မိုင်းလင်းအရှေ့အုပ်စု၊ ဝမ်ဟာရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျ-က်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တာချီလိတ်မြို့တွင် ယခုနှစ်မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုလျှော့ချနိုင်ရေး ရေထိန်းနံရံများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြို့တွင်းစီးဆင်းနေသည့် ရေချောင်း၊ ရေမြောင်းကိစ္စရပ်များ ပါဝင်သည့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြသေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စိုက်ပျိုးရေရရှိရေးဆောင်ရွက်မည့် အောင်လံမြို့နယ်မှ တောင်သူ(၁၁)ဦးကို ငွေကျပ်သိန်း(၄၄၀)ထုတ်ချေး

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာမှ စိုက်ပျိုးရေရရှိရေးအတွက်ဆောင်ရွက်မည့် တောင်သူ (၁၁)ဦးကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက်(၁၀၀)စီ မံချက်အတွင်း ချေးငွေများထုတ်ချေးပေးခဲ့သည်။ မေ ၂၄ ရက်နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် တောင်သူတစ်ဦးလျှင်ငွေကျပ်သိန်း(၄၀)နှုန်းဖြင့် တောင်သူ(၁၁)ဦးအား ငွေကျပ်သိန်း(၄၄၀)ကိုထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

မန္တလေးနှင့် စစ်ကိုင်းတွင် ဝန်ထမ်းအိမ်ရာ ၄၉၈ ခန်း တည်ဆောက်၊

ငလျင်ဒဏ်ခံတံတားစနစ်သစ်ပါ ဒုဋ္ဌဝတီတံတား ဆောင်ရွက်နေ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မေ ၂၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်းအိမ်ရာ (၂၆) လုံး၊ စုစုပေါင်း အခန်း (၃၈၆) ခန်းကို တည်ဆောက်လျက်ရှိပြီး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန် စနစ်တကျဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။ ထို့ပြင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးကို သက်ဆိုင်ရာအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များက အနီးကပ်ကြီးကြပ်စစ်ဆေးရန်နှင့် ရေ၊ လျှပ်စစ်နှင့် မီတာစနစ်များ ပြည့်စုံစွာတပ်ဆင်ရန်လည်း...

သုတေသနပညာရှင်များနှင့် MSME လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းစွာပြုလုပ်ရန် လိုအပ်ကြောင်း စက်မှုနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။ ယမန်နေ့က ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်းနှင့် MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071