Friday, July 4, 2025

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း...

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင်...

AFF Shopee Cup ခြေစစ်ပွဲ...

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည်...
HomeNewsLocal Newsတရုတ် - မြန်မာ...

တရုတ် – မြန်မာ နယ်စပ်ဖြတ်သန်းခွင့်ကတ် TBP လျှောက်ထားသူများ အဆင်ပြေစေရေး မန့်ဝိန်းဂိတ်၌ပါ ကတ်ထုတ်ပေးနိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းနေ

(TBP)များ လာရောက်လျှောက်ထားသူများ အဆမတန်များပြားနေသည့်အတွက် တရုတ်နယ်စပ်တွင်အခက်အခဲများကြုံတွေ့နေရပြီး ယင်းကို ပြေလျော့စေရန် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ် ၌ပါ TBP များထုတ်ပေးနိုင်ရေး ညှိနှိုင်းနေကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ယခုစက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်(TBP)ကို မြန်မာဘက်ခြမ်းက ထုတ်ပေးနေခြင်းဖြစ်ပြီး လာလျှောက်ထားသူ သိန်းနှင့်ချီစောင့်ဆိုင်းနေကြကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှတဆင့် သိရသည်။

အဆိုပါ ကိစ္စဖြေရှင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ နစက သတင်းမှန်ပြန်ရေးအဖွဲ့ထံသတင်းဌာနများက ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားထားခြင်းလည်း ဖြစ်သည်။

နှစ်နိုင်ငံ ယာယီနယ်စပ် ဖြတ်သန်းခွင့်ကတ်(TBP) ကို ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက် နေ့လယ်ပိုင်းက စတင်ထုတ်ပေးနေခြင်းဖြစ်ပြီး လျှောက်ထားသူ သိန်းနှင့်ချီစောင့်ဆိုင်းနေရသည့်အတွက် အခက်အခဲများဖြစ်လျက်ရှိကာ လက်ရှိတွင် တုံကင်ယူ ရက်ချိန်းယူ၍ ‌လျှောက်ထားစေသည့် စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ကို တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင်သာ စိစစ်ထုတ်ပေးနေခြင်း ဖြစ်ပြီးတစ်ရက်လျင် လူဦးရေ ၅၀၀ ဝန်းကျင်သာ ထုတ်ပေးနိုင်ခြင်းလည်း ဖြစ်သည်။

နစက သတင်းမှတ်ပြန်ကြားရေးအဖွဲ့၏ အဆိုအရ TBP ကတ် လာရောက်လျှောက်ထားမှုတွင် နေ့စဉ်လူဦး ၃၀၀၀ ဝန်းကျင် ညအိပ်စောင့်ဆိုင်းနေကြပြီး နေရာရောင်းစားမှုများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါ အခက်အခဲများ ပြေလည်စေရန်အတွက် (၆) ဘီးယာဉ်ငယ်များနှင့် ယာဉ်မောင်းများသာ သီးသန့် ဝင်ထွက်ခွင့်ပြုထားသည့် မန့်ဝိန်းနယ်စပ်ဂိတ်မှလည်း TBP ကတ်များ ထုတ်ပေးနိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

ထို့အပြင် တရုန်နိုင်ငံဘက်ခြမ်း ဆင်ဖြူဂိတ်တွင် QR Code ဖတ်သည့် စက် (၁) လုံးတည်းဖြင့်ဆောင်ရွက်နေမှုအား စက်အလုံးရေ တိုးမြှင့်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ နယ်စပ်ကာကွယ်စစ်ဆေးရေးအဖွဲ့(ရွှေလီ) နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း နစကသတင်းမှန် ပြန်ကြားရေးအဖွဲ့က ဆိုသည်။

လက်ရှိတွင် TBP ကတ်ထုတ်ယူနိုင်ရေး တုံကင်ထုတ်ယူခြင်းအစီအစဉ်ကို မူဆယ်မြို့အတွင်း၌ ရွေ့လျားပုံစံဖြင့် နေရာပြောင်းရွေ့ကာ လုပ်ဆောင်ပေးနေပြီး စုပြုံ၍ တန်းစီစောင့်ဆိုင်းမှုများမဖြစ်ပေါ်စေရန် တုံကင်ထုတ်ပေးမည့်ရက် နံနက်ပိုင်းရောက်မှသာ တရားဝင် ကြေညာပေးလျက်ရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ရက်ချိန်းပေးထားသူများအနေဖြင့် သတ်မှတ်ရက်ရောက်သည့်အခါတွင် ဆင်ဂိတ်နှင့် နန်းတော်ဂိတ်တွင် TBP ကတ်လာရောက်ထုတ်ယူနိုင်ပြီး အစိုးရဌာန ဆိုင်ရာအဖွဲ့အစည်းများက အချက်အလက်မှန်ကန်မှု ရှိမရှိတိုက်ဆိုင်စစ်ဆေးပြီး နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိထုတ်ပေးနေသည့် တရုတ် – မြန်မာ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် (TBP) သည် တရုတ်နိုင်ငံ ရွှေလီမြို့ ၊ ကျယ်ခေါင်မြို့ဧရိယာအတွင်း (၆) ညအိပ် (၇) ရက် သွားလာနိုင်မည်ဖြစ်သည်။

အဆိုပါ TBP သည် အလည်အပတ်သဘော ခရီးသွားလာခွင့်အတွက် ထုတ်ပေးခြင်းသာ ဖြစ်ပြီး ယင်းကတ်ကိုင်ဆောင်ကာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုမထားသော်လည်း နားလည်မှုဖြင့် အလုပ်လုပ်ကိုင်ခွင့် ပေးထားသည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းမှ သိန်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရုတ်နိုင်ငံအတွင်းဝင်ရောက်ရန် မူဆယ်မြို့သို့ ရောက်ရှိနေကြခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ – လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း ရေအတက် လွန်ခြင်းမျိုးမရှိ ဟုဆို

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင် အသိပေးထားသည်။ ယနေ့တွင် ငမိုးရိပ်ရေလှောင်တမံနှင့် သက်ဆိုင်ရာချောင်းများ၏‌ ရေဝင်‌ရောက်မှုအခြေနေကိုစစ်ဆေးခဲ့ကြရာ၊ငမိုးရိပ်ချောင်း (လှည်းကူးတံတား)၊ ငမိုးရိပ်ချောင်း (ကြို့ကုန်းတံတား)၊ ငမိုးရိပ်ချောင်း (ဖောင်ကြီးတံတား)၊ ငမိုးရိပ်ချောင်းအတွင်း စီးဝင်သည့် ဝါဒရယ်ချောင်း(မင်းကုန်း)နှင့် ငမိုးရိပ်ချောင်းအတွင်းစီးဝင်သည့် ကလီထော်ချောင်း(အမြန်လမ်းတံတား)တို့၏ ရေဝင်ရောက်မှုမှာ ပုံမှန်ခန့်သာရှိနေကြောင်း ဆိုသည်။ လက်ရှိ လှည်းကူးမြို့နယ်အတွင်း ရေလှောင်တမံ (၅)ခု ၏ မိုးရေဝင်ရောက်မှု အခြေ ဖော်ပြချက်အရ ငမိုးရိပ်ရေလှောင်တမံတွင် ၂.၀၅...

AFF Shopee Cup ခြေစစ်ပွဲ ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ ယှဉ်ပြိုင်ကစားရမည်

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။ အဆိုပါ ခြေစစ်ပွဲနှစ်ပွဲအနက် တစ်ပွဲမှာ လာအိုနိုင်ငံတွင်တစ်ကျော့၊ မြန်မာနိုင်ငံတွင် တစ်ကျော့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သော်လည်း ခြေစစ်ပွဲ ကစားရမည့် ရက်များကိုတော့ ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် AFF Shopee Cup Official Draw 2025/26 အခမ်းအနားကို ရှမ်းယူနိုက်တက်အသင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်းလည်း ပြောခဲ့တယ်။ အဲဒီ (အခြေအနေ) ကို ကျွန်တော် ဘဝင်မကျပါဘူး” ဟု ထရမ့်က ဝါရှင်တန်အနီးရှိ Joint Base Andrews တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းရေးကို ရည်ညွှန်း၍ "ကျွန်တော် ဘာတိုးတက်မှုမှ မရခဲ့ဘူး" ဟုလည်း သူက အလေးပေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071