Sunday, May 31, 2026

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊...

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ...

G-2 မှ G-12 အထိ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက...

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို...

” အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ပွဲဦးထွက်ကစားရမှာဖြစ်လို့...

အင်ဒိုနီးရှားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ မေ ၃၁ ရက်ကပြုလုပ်ရာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနည်းပြချုပ်...
HomeInternationalတရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

တရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

တရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

ဖင်းဂန်၊ဩဂုတ် ၉

ထိုင်ဝမ်၏ထိပ်တန်းသံတမန်က တရုတ်နိုင်ငံသည် ထိုင်ဝမ်ကိုကျူးကျော်ရန် ပြင်ဆင်နေကြောင်းစွပ်စွဲကာ အင်္ဂါနေ့ (သြဂုတ် ၉ ရက်) တွင် အမြောက်တပ်စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဌနန်စီပေလိုစီ၏ ခရီးစဉ်အပြီးတွင် တရုတ်သည် ၎င်း၏အကြီးမားဆုံး ရေပြင်နှင့်ဝေဟင်စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်အနီးတွင်ပြုလုပ်ခဲ့သည်။

ပေကျင်းက ပေလိုစီ၏ခရီးစဉ်ကို စစ်ရေးအကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟုဆိုကာ “ထိုင်ဝမ်အားကျူးကျော်ရန် ပြင်ဆင်ဖို့အတွက် တရုတ်ကစစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ရေးပြနည်းတွေကို အသုံးပြုနေပါတယ်” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က အင်္ဂါနေ့ကတိုင်ပေ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“တရုတ်ရဲ့တကယ့်ရည်ရွယ်ချက်က ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတစ်ခုလုံးက လက်ရှိအနေအထားကိုပြောင်းလဲဖို့ပါပဲ” ဟုလည်း၎င်းကပြောကြားခဲ့သည်။

ထိုင်ဝမ်၏စစ်ရေးလေ့ကျင့်မှုကို စင်္ကာပူစံတော်ချိန်နံနက် ၈ နာရီ ၄၀ မိနစ်၌ နိုင်ငံ၏တောင်ပိုင်း Pingtung ဒေသတွင်စတင်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် ပြီးဆုံးခဲ့သည်ဟု တပ်မတော်မှပြောရေးဆိုခွင့်ရှိသူ မစ္စတာ Lou Woei-jye ကပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ယခင်ကတည်းကအစီစဉ်ဆွဲထားပြီးသားဖြစ်ကာ တရုတ်လေ့ကျင့်မှုကို တုံ့ပြန်ခြင်းမဟုတ်ကြောင်း မစ္စတာ Lou က AFP သို့ပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်းနိုင်ငံငယ်သည် တရုတ်၏ကျူးကျော်မှုကို ခုခံကာကွယ်သည့် ပုံစံတူစစ်ရေးလေ့ကျင့်မှုကို ပုံမှန်ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်လကလည်းအကြီးဆုံးနှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုအဖြစ် “ပူးတွဲကြားဖြတ်စစ်ဆင်ရေး” တွင် ပင်လယ်ပြင်မှတိုက်ခိုက်ခြင်းကိုလေ့ကျင့်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ် ပြည်သူများကို စိတ်ဓာတ်ကျစေရန် အကြီးစားစစ်ရေးလေ့ကျင့်မှုများနှင့် ဒုံးကျည်ပစ်လွှတ်မှုများအပြင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ မဟုတ်မမှန်သော လှုံ့ဆော်မှုများနှင့် စီးပွားရေးအရအကျပ်ကိုင်မှုများကိုပါ ပြုလုပ်နေသည်ဟု ၎င်းကပြောကြားခဲ့သည်။

နိုင်ငံခြား​ရေးဝန်ကြီးမစ္စတာ Wu က တရုတ်နိုင်ငံကိုဆန့်ကျင်လျက် ထိုင်ဝမ်သို့မရောက်ရောက်အောင်လာပေးခဲ့သည့်မစ္စပေလိုစီ၏ခရီးစဉ်အတွက် ‌အမေရိကအပါအဝင် အနောက်နိုင်ငံမှမဟာမိတ်များအားကျေးဇူးတင်ကြောင်းထပ်မံပြောကြားခဲ့သည်။

Source – AFP/ta

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၃၁)ဦးကို ခွဲစိတ်ကုသပေးခဲ့

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ ၃၁ ရက်တို့ကခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ခွဲစိတ်ကုသပေးရာ၌ နှစ်ရက်အတွင်း မွေးရာပါနှုတ်ခမ်းကွဲလူနာ(၁၈)ဦးနှင့် မေးရာပါအာခေါင်ကွဲလူ နာ(၁၃)ဦး(စုစုပေါင်း ၃၁ ဦး)ကို အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများပါဝင်သောအဖွဲ့က ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း...

G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်း

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက လှူဒါန်းပေးခဲ့သည်။ " ဒီတစ်ကြိမ်လှူတာက (၅)ကြိမ်မြောက်ပါ။ နှစ်တိုင်းအ ခုလိုကျောင်းဖွင့်ချိန်ရောက်ခါနီးတိုင်းလှူဒါန်းပေးတာပါ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောသည်။ ကျောင်းသား/သူများအား ကျောပိုးအိတ်များလှူဒါန်းပေးခဲ့သည့်အပြင် ယင်းနေ့ညပိုင်းက "ထိုက်သူပန်"ယာဥ်လိုင်းဖြင့် လိုက်ပါစီးနင်းသူများကိုလည်း ကျောပိုး အိတ်များလှူဒါန်းပေးခဲ့သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယမန်နှစ်က ပြိုင်ပွဲတွင်လည်း ပီအက်စ်ဂျီအသင်းအနိုင်ရခဲ့ပြီးနောက် မငြိမ်သက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုပွဲစဉ်အတွက် ပါရီတွင် ရဲ ၈,၀၀၀ အပါအဝင် ပြင်သစ်နိုင်ငံတစ်ဝန်း၌ ရဲတပ်ဖွဲ့ဝင် ၂၂,၀၀၀ ခန့်ကို ချထားခဲ့သည်။ နှောင့်ယှက်ဖျ-က်ဆီးမှုများကို လျှော့ချရန်အတွက် ပါရီမြို့ရှိ ဓာတ်ရထားလိုင်းများကို ရပ်ဆိုင်ထားကာ မြေအောက်ရထားဘူတာရုံများစွာကို ပိတ်ထားခဲ့ပြီး ဘတ်စ်ကားအသွားအလာများကိုလည်း ရပ်ဆိုင်းထားခဲ့သည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071