Thursday, June 18, 2026

မြန်မာ့အာကာသကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန်...

မြန်မာနိုင်ငံ၏ အာကာသသိပ္ပံနှင့် အာကာသစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျွမ်းကျင်ပညာရှင် လေ့ကျင့်မွေးထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ...

ကမ္ဘာတဝှမ်းမြစ်အလှများ ကဲ့သို့ မြန်မာ့မြစ်မြစ်ဝှမ်းအခြေပြု ခရီးသွားကဏ္ဍ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတကြီး သွားရောက်ကြည့်ရှုခဲ့သည့် မြစ်ကြီး၏ အမည်မှာ ဟွမ်ပုမြစ် ဖြစ်ပြီး၊ ရှန်ဟိုင်းမြို့၏ သမိုင်းကြောင်းနှင့် ကမ္ဘာ့စီးပွားရေး...

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သူ မြန်မာနိုင်ငံသားများအနေဖြင့်...

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးပရဝဏ်အတွင်း ဝင်ရောက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေသည့် အဝတ်အစားများ...

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်မှ တိုက်စစ်ကစားသမား Maria...

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်နိုင်ငံကလပ်အသင်း Stallion Laguna FC မှ တိုက်စစ်ကစားသမား Maria Lourdes Layacan အား တရားဝင် စာချုပ်ချုပ်ဆို...
HomeNewsLocal Newsတရုတ်ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများတွင်...

တရုတ်ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် သမ္မတ ဖိတ်ခေါ်

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အလားအလာများစွာရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် မြန်မာ–တရုတ် နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတက မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ၁၉၅၀ ခုနှစ် ဇွန် ၈ ရက်တွင် စတင်ခဲ့သည့် သံတမန်ဆက်ဆံရေးမှာ ယခုနှစ်တွင် (၇၆) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် China–Myanmar Economic Corridor (CMEC) စီမံကိန်းများအတွက် မဟာဗျူဟာမြောက် ဆက်သွယ်ချိတ်ဆက်ရာနေရာတစ်ခုဖြစ်ကြောင်းနှင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ပေါက်တစ်ခုအဖြစ် အရေးပါသည့် အခန်းကဏ္ဍရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) လုပ်ငန်းများ၊ ရေနံသန့်စင်ထုတ်လုပ်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာ ရှိနေကြောင်းလည်း သမ္မတက ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အဓိကရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်များ၊ ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင်လည်း တရုတ်လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ငွေပေးချေမှုစနစ်များ ဖြေလျှော့ဆောင်ရွက်ထားပြီး ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လက်ခံဆောင်ရွက်ပေးနေကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကိုလည်း အပြည့်အဝ အသက်ဝင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူစွမ်းအားအရင်းအမြစ်များကို တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာနှင့် ဈေးကွက်အင်အားတို့နှင့် ပေါင်းစပ်ကာ နှစ်နိုင်ငံအကျိုးတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့အာကာသကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ကြိုဆို

မြန်မာနိုင်ငံ၏ အာကာသသိပ္ပံနှင့် အာကာသစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျွမ်းကျင်ပညာရှင် လေ့ကျင့်မွေးထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်အာကာသနည်းပညာကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးတွဲသုတေသနဓာတ်ခွဲခန်းများ တည်ထောင်ရေး၊ ကျွမ်းကျင်ပညာရှင်များ ပူးတွဲလေ့ကျင့်ပျိုးထောင်ရေးနှင့် နည်းပညာလွှဲပြောင်းရေးဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်က ၎င်းတို့ကုမ္ပဏီအနေဖြင့် ဂြိုဟ်တုထုတ်လုပ်ရေးနှင့် ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်း လည်ပတ်ထိန်းသိမ်းရေးဆိုင်ရာ...

ကမ္ဘာတဝှမ်းမြစ်အလှများ ကဲ့သို့ မြန်မာ့မြစ်မြစ်ဝှမ်းအခြေပြု ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတကြီး သွားရောက်ကြည့်ရှုခဲ့သည့် မြစ်ကြီး၏ အမည်မှာ ဟွမ်ပုမြစ် ဖြစ်ပြီး၊ ရှန်ဟိုင်းမြို့၏ သမိုင်းကြောင်းနှင့် ကမ္ဘာ့စီးပွားရေး အလှည့်အပြောင်းများကို ဖော်ညွှန်းနေသည့် ထူးခြားသော မြစ်ကြီးတစ်စင်း ဖြစ်သည်။ ရှန်ဟိုင်းမြို့၏ သမိုင်းဝင်မိခင်မြစ်ကြီး ဟွမ်ပုမြစ်သည် ရှန်ဟိုင်းမြို့သူမြို့သားများအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ကုန်သွယ်ရေကြောင်း ပို့ဆောင်ရေး၏ အဓိက အသက်သွေးကြောဖြစ်သဖြင့် မိခင်မြစ်ကြီးအဖြစ် သတ်မှတ်ထားကြသည်။ မိုင်ပေါင်း ၇၀ ကျော် ရှည်လျားသည့် ဤမြစ်ကြီးသည် ကျန်ဇီမြစ်ကြီး ပင်လယ်ထဲသို့ မစီးဝင်မီ နောက်ဆုံးဆုံတွေ့သည့် အရေးကြီးဆုံး မြစ်လက်တက်တစ်ခုလည်း...

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သူ မြန်မာနိုင်ငံသားများအနေဖြင့် သင့်လျော်သော ဝတ်စားဆင်ယင်မှု လိုက်နာရန် အသိပေး

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးပရဝဏ်အတွင်း ဝင်ရောက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေသည့် အဝတ်အစားများ ဝတ်ဆင်လာကြရန် မြန်မာသံရုံး (စင်ကာပူ) က အသိပေးနှိုးဆော်ထားသည်။ သံရုံး၏ ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်စွဲပါ အသိပေးချက်အရ အမြင်မသင့်တော်သည့် အဝတ်အစားများဖြစ်သော အင်္ကျီလည်ဟိုက်၊ စွပ်ကျယ်၊ ဘောင်းဘီအတို၊ ဘောင်းဘီအပြဲနှင့် စကတ်အတိုများ ဝတ်ဆင်၍ လာရောက်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။ သံရုံးသို့ လာရောက်ဆောင်ရွက်ကြသူများအနေဖြင့် သတ်မှတ်ထားသည့် ဝတ်စားဆင်ယင်မှု စည်းကမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071