Home News Local News စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သူ မြန်မာနိုင်ငံသားများအနေဖြင့် သင့်လျော်သော ဝတ်စားဆင်ယင်မှု လိုက်နာရန် အသိပေး

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သူ မြန်မာနိုင်ငံသားများအနေဖြင့် သင့်လျော်သော ဝတ်စားဆင်ယင်မှု လိုက်နာရန် အသိပေး

0
96

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးပရဝဏ်အတွင်း ဝင်ရောက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေသည့် အဝတ်အစားများ ဝတ်ဆင်လာကြရန် မြန်မာသံရုံး (စင်ကာပူ) က အသိပေးနှိုးဆော်ထားသည်။

သံရုံး၏ ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်စွဲပါ အသိပေးချက်အရ အမြင်မသင့်တော်သည့် အဝတ်အစားများဖြစ်သော အင်္ကျီလည်ဟိုက်၊ စွပ်ကျယ်၊ ဘောင်းဘီအတို၊ ဘောင်းဘီအပြဲနှင့် စကတ်အတိုများ ဝတ်ဆင်၍ လာရောက်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။

သံရုံးသို့ လာရောက်ဆောင်ရွက်ကြသူများအနေဖြင့် သတ်မှတ်ထားသည့် ဝတ်စားဆင်ယင်မှု စည်းကမ်းများကို လိုက်နာကြခြင်းဖြင့် လုပ်ငန်းစဉ်များ ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။

မြန်မာသံရုံး (စင်ကာပူ) သည် နိုင်ငံကူးလက်မှတ်ဆိုင်ရာနှင့် အခြားကောင်စစ်ရေးဝန်ဆောင်မှုများ လာရောက်ရယူကြသူများအား သင့်တော်သော ဝတ်စားဆင်ယင်မှုဖြင့် လာရောက်ကြရန် ထပ်မံနှိုးဆော်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here