Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsတရုတ်ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA...

တရုတ်ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA ၊ AA တို့တွေ့ဆုံဆွေးနွေးရန်ရှိနေ

တရုတ်၏ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးနောက် မြောက်ပိုင်း(၃)ဖွဲ့အနက် ကျန်ရှိသည့် TNLA နှင့် AA တို့ကပါ မြန်မာ့တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် ရှိနေကြောင်း ပေါ်ပြူလာနယူးစ်က စုံစမ်းသိရှိရသည်။

ပေါ်ပြူလာနယူးစ်၏ သတင်းရင်းမြစ်ထံက လတ်တလောရရှိထားသည့် သတင်းအချက်အလက်အရ ‌လာမည့်လအတွင်း မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများနှင့် TNLA တို့ တရုတ်နိုင်ငံ‌တွင် တွေ့ဆုံဆွေးနွေးရန် ရှိနေပြီး ရက်အပိုင်းအခြား တစ်ခု သတ်မှတ်ကာ AA နှင့် ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

” နောက်လထဲလောက်မှာ ဖြစ်နိုင်ပါလိမ့်မယ်။ TNLA နဲ့ဆွေးနွေးပြီးလို့ နောက် (၁၀) ရက်နေရင် AA နဲ့ ထပ်ဆွေးနွေးမယ်လို့ သတင်းကြားရပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

မြောက်ပိုင်း(၃)ဖွဲ့၏ ၁၀၂၇ အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှစတင်ခဲ့သည့် ကျူးကျော် တိုက်ခိုက်မှုများကြောင့် ရှမ်း/မြောက်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် များစွာထိခိုက်ခဲ့ရပြီး နိုင်ငံတော်၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို များစွာ ထိခိုက်ခဲ့ရသည်။

အလားတူ ၁၀၂၇ ဒုတိယလှိုင်းတွင်လည်း ရှမ်း/မြောက်ရှိ လားရှိုးမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံအမြောက်အများ စစ်ဘေးဒဏ်သင့်ခဲ့ရသည့်အခြေအနေလည်း ဖြစ်သည်။

အဆိုပါ အခြေအနေကို ကျော်လွှားနိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ဟိုင်ဂင်ဆွေးနွေးပွဲ (၆) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး သိသာသည့်အရွေ့မရှိခဲ့သည့် အခြေအနေဖြစ်သည်။

ထို့နောက် MNDAA နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတို့တွင်(၂)ကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြရာမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆွေးနွေးမှုကို ကမကထလုပ်ခဲ့သည့် တရုတ်အစိုးရဘက်က တရားဝင် ထုတ်ပြောခဲ့သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လက်ရှိ လားရှိုးမြို့တွင် နေရာယူထားသည့် MNDAA အဖွဲ့များ ပြန်ဆုတ်ပေးရမည်ဟုသိရပြီး နှစ်ဘက်အဖွဲ့များမှ တရားဝင် ထုတ်ပြန်ပြောဆိုလာခြင်းမျိုးမရှိသော်လည်း သဘောတူညီမှု၏ အကျိုးဆက်အနေဖြင့် တရုတ်အစိုးရက ပိတ်ထားသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်အချို့ကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပြီး ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြောက်ပိုင်း (၃)ဖွဲ့စလုံးသည် ပဋိပက္ခများကို စစ်ရေးနည်းအရ ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာနိုင်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြောထားပြီး MNDAA အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိထားပြီလည်း ဖြစ်သည်။

ပုံစာ – တရုတ်တွင် ပြုလုပ်သည့် ဟိုင်ဂင်ဆွေးနွေးပွဲပုံရိပ်(ပုံဟောင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071