Sunday, July 26, 2026

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း”...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး...

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS...

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့်...

ထိုင်းတောင်ပိုင်း ကုန်းတွင်းတံတား စီမံကိန်းကိုဆိုင်းငံ့

စီမံကိန်းကိုအကောင်အထည်ဖေါ်မှု၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရေး ကော်မတီများ၏ သုံးသပ်ချက်အရ ထိုင်းတောင်ပိုင်း တံတား စီမံကိန်းသည် ဘောဂဗေဒနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်း အလွန်နည်းပါးပြီး နိုင်ငံတော်...
HomeNewsLocal Newsတရုတ်ကစွမ်းအားမြင့်မိုက်ခရိုဝေ့ဖ်လက်နက်ပိုင်ဆိုင်မှုကိုထုတ်ဖော်

တရုတ်ကစွမ်းအားမြင့်မိုက်ခရိုဝေ့ဖ်လက်နက်ပိုင်ဆိုင်မှုကိုထုတ်ဖော်

တရုတ်နိုင်ငံ၏ စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ် (High-Power Microwave – HPM) လက်နက်များသည် ပါဝါထုတ်လွှတ်မှု ဂီဂါဝပ် ၁၀၀ (100 GW) အထိ စွမ်းဆောင်နိုင်ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ အဆိုပါမှတ်တိုင်စိုက်ထူနိုင်မှုသည် အနာဂတ်စစ်ဆင်ရေးပုံစံများကို ပြောင်းလဲပစ်နိုင်သည့်အပြင် အရပ်ဘက်ဆိုင်ရာ သုတေသနနှင့် စက်မှုကဏ္ဍများ တိုးတက်မှုကိုလည်း တွန်းအားပေးနိုင်မည် ဖြစ်သည်။

ယခုလထုတ် “High Power Laser and Particle Beams” ဂျာနယ်တွင် ဖော်ပြထားသော သုတေသနစာတမ်း၌ တရုတ်အမျိုးသား ကာကွယ်ရေးနည်းပညာတက္ကသိုလ် (NUDT) မှ သုတေသီများက တရုတ်စစ်တပ်က မကြာသေးမီနှစ်များအတွင်း တည်ဆောက်ခဲ့သည့် အချိန်တိုအတွင်း စွမ်းအားမြင့်လျှပ်စစ်စွမ်းအင် ထုတ်လွှတ်သည့် စက်များ (Pulsed-power devices) အကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ ၎င်းသည် တရုတ်စစ်တပ်အနေဖြင့် ၎င်းတို့၏ စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ်လက်နက် အင်အားစုကို လူသိရှင်ကြား အလွန်ရှားရှားပါးပါး ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

NUDT ၏ အဆင့်မြင့် ဘာသာရပ်ပေါင်းစုံ လေ့လာရေးကောလိပ်မှ Zhang Jun ဦးဆောင်သော သုတေသီများက “မကြာသေးမီနှစ်များအတွင်း စဉ်ဆက်မပြတ်ရှိနေသော နိုင်ငံတော်၏ မဟာဗျူဟာမြောက် လိုအပ်ချက်များကြောင့် တရုတ်နိုင်ငံ၏ Pulsed-power နည်းပညာသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခုအခါ ယင်းနယ်ပယ်တွင် သုတေသနပြုလုပ်မှု၏ အကျယ်အဝန်းနှင့် အတိမ်အနက်သည် ကမ္ဘာ့အရှေ့တန်းအဆင့်တွင် ရပ်တည်နေပြီဖြစ်သည်” ဟု ရေးသားထားသည်။

၎င်းတို့က ဆက်လက်၍ “HPM ထုတ်လွှတ်ရန်အတွက် အသုံးပြုသည့် Pulsed-power drivers များသည် ဓာတ်ခွဲခန်းသုံး ရှေ့ပြေးပုံစံအဆင့်မှ လက်တွေ့အသုံးချနိုင်သည့် အဆင့်သို့ ကူးပြောင်းလာပြီဖြစ်ပြီး လုပ်ဆောင်ချက်ရှိရုံမျှ အဆင့်မှသည် စွမ်းဆောင်ရည်မြင့်မားခြင်း နှင့် ရေရှည်ခံနိုင်ရည်ရှိခြင်း တို့ဆီသို့ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့သည်” ဟု ဖော်ပြထားသည်။

အဆိုပါစာတမ်းသည် ကြီးမားသော ဂြိုဟ်တုအစုအဝေးအလိုက်စေလွှတ်ထားရှိများ၏ ထိခိုက်လွယ်နိုင်စွမ်းကို ဆန်းစစ်သုံးသပ်နေကြသည့် အခြားနိုင်ငံများအတွက် ကိုးကားစရာ အချက်အလက်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပခဲ့သည်။ အဆိုပါ​အခမ်းအနားကို ရှေးဦးစွာ မောင်းတီး၍ မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။​ ထို့နောက် မြန်မာ့ယဉ်ကျေးမှု...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကျေးလက်လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသဖြင့် ကျေးလက်နေအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးများ...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးအတွက် အာရှတွင် အသက်သာဆုံးဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်သည်။ သို့သော် အဆိုပါ YBS ၁၀ စီးမှာ သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071