Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeInternationalတရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည် မကြုံစဖူးသော စွမ်းအင်ပမာဏကို ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရသည်။

Yarlung Zangbo မြစ်အောက်ပိုင်း၌ တည်ရှိမည့် အဆိုပါဆည်သည် နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၃၀၀ ဘီလျံခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင်တည်ဆောက်ရေးကော်ပိုရေးရှင်းက ၂၀၂၀ ပြည်နှစ်တွင် ခန့်မှန်းတွက်ချက်ထားသည်။

ယင်းပမာဏသည် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၈၈ ဒဿမ ၂ ဘီလျံ ထုတ်လုပ်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည့် တရုတ်နိုင်ငံအလယ်ပိုင်းရှိ လက်ရှိကမ္ဘာ့အကြီးဆုံး မြစ်ကျဉ်းသုံးသွယ်ဆည်ထက် ထုပ်လုပ်မှုစွမ်းရည် သုံးဆကျော်ပိုမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ ရည်မှန်းချက်များ၊ပြည့်မီရေး၊ အင်ဂျင်နီယာကဲ့သို့ ဆက်စပ်စက်မှုလုပ်ငန်းများကို စေ့ဆော်ပေးကာ တိဘက်တွင် အလုပ်အကိုင်များဖန်တီးပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်ဟု နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Yarlung Zangbo မြစ်၏ မီတာ ၂၀၀၀ ခန့်ရှည်သော ရေဆင်းတစ်ခုသည် ကြီးမားသော ရေအားလျှပ်စစ်အလားအလာနှင့် သူမတူသော အင်ဂျင်နီယာလုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်ချက်များကို ပေးစွမ်းသည်။

အင်ဂျင်နီယာပိုင်း ကုန်ကျစရိတ်အပါအဝင် ရေကာတာတည်ဆောက်ခြင်းအတွက် ကုန်ကျစရိတ်သည် ယွမ် ၂၅၄ ဒဿမ ၂ ဘီလျံ(ဒေါ်လာ ၃၄ ဒဿမ ၈၃ ဘီလျံ) ကုန်ကျခဲ့သော မြစ်ကျဉ်းသုံးသွယ်ရေကာတာထက် အဆမတန်မြင့်မားမည်ဟု မျှော်လင့်ရသည်။ ယင်းတွင် နေရာရွှေ့ပြောင်းပေးရမည့် လူဦးရေ ၁ ဒဿမ ၄ သန်းကို ပြန်လည်နေရာချထားရေးကုန်ကျစရိတ်လည်း ပါဝင်ပြီး ယင်းအတွက် ကနဦးခန့်မှန်းထားသည့် ယွမ် ၅၇ ဘီလျံထက် လေးဆကျော် ပိုများခဲ့သည်။ 

တိဘက်စီမံကိန်းကြောင့် လူပေါင်း မည်ရွေ့မည်မျှ ရွှေ့ပြောင်းရမည်ဆိုသည်နှင့် ကုန်းပြင်မြင့်ပေါ်ရှိ အကြွယ်ဝဆုံးနှင့် အကွဲပြားဆုံးဖြစ်သော ဒေသ၏ ဂေဟဗေဒစနစ်အပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိမည်ဆိုသည်ကို အာဏာပိုင်များက ဖော်ပြခဲ့ခြင်းမရှိပေ။

Ref: တီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071