Saturday, June 27, 2026

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်...

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏...
HomeNewsLocal Newsတန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး Sight...

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဥ်အား နိုဝင် ဘာ ၁ ရက်တွင်စတင်ပြေးဆွဲမည်

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဥ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ၄ ရက်ကြာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအ တွင်း ပြည်တွင်း/ပြည်ပခရီးသွားများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန်ရည်ရွယ်၍ Sight Seeing ရထားခ ရီးစဉ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ခရီးစဥ်သည် တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင်ထွက်ခွာကာ လမ်း၍ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ပြီး ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင်ပြန်လည်ထွက်ခွာပြီး တောင်ကြီးဘူတာသို့ မွန်းတည့် ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကာ အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲနှင့်ရထားထိန်းတွဲ(၁)တွဲတို့ပါဝင်ပြီး အသွား/အပြန်လက်မှတ်ခအနေဖြင့် တစ်ဦးလျင် အ ထက်တန်းတွဲ(၁၀,၀၀၀)ကျပ်နှင့် ရိုးရိုးတန်းတွဲ(၅,၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

ခရီးစဥ်အတွင်း တောင်ကြီးမြို့၏ အထင်ကရနေရာဖြစ်သော မီးပုံးပျံကွင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသောမြို့ပြမြင်ကွင်းများ၊ ဘဝသံသရာတံတားအား ဖြတ်သန်းစဉ် တောင်တန်းများ၊ကွင်းပြင်ကျယ်များ၊ ထီသိမ်ဘူတာအထက်ဘက်ရှိ ထီသိမ်အဝိုင်းပတ်နှင့် ဘဝသံသရာတံတား၊ ထီသိမ်ဘုရား၊ မြေပြိုဘုရားများ၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများ၊ တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရန် အမှတ် (၁၄၁)အဆန်၊ (၁၄၂)အစုန် သာစည်-ရွှေညောင်လူစီးရထားကိုလည်း တောင်ကြီးအထိပြေးဆွဲပေးမည်ဖြစ်ရာ အမှတ်(၁၄၁)အဆန်ရထားသည် သာစည်ဘူတာမှ နံနက် ၅ နာရီထွက်ခွာ၍ တောင်ကြီးဘူတာသို့ ညနေ ၆ နာရီခွဲ၊ အမှတ်(၁၄၂)အစုန်ရထားသည် တောင်ကြီးဘူတာမှ နံနက် ၆ နာရီထွက်ခွာ၍ သာစည်ဘူတာသို့ ည ၇ နာရီခွဲတို့တွင် ဆိုက်ရောက်မည်ဖြစ်ကာ ဘူတာစဉ်အ လိုက်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခအနေဖြင့် တစ်ဦးလျင် ခရီးစဉ် စ/ဆုံး ရိုးရိုးတန်း(၁၂,၀၀၀)ကျပ်၊ အထက်တန်း(၁၄,၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား လီယိုအိုနာနာ ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF အကယ်ဒမီ၏ ဂိုးသမားများကို လေ့ကျင့်ပျိုးထောင်မည့် ဂိုးနည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ယင်းခန့်အပ်မှုနှင့်ပတ်သက်၍ Menzs ports Academy ကလည်း ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ဂိုးသမားနည်းပြဖြစ်သူ လီယိုအိုနာနာအား MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။ Menzsports Academy က လီယိုအိုနာ နာ၏ ဂိုးသမားများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို (၄-၁) ဂိုးဖြင့် အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် (၃၂)သင်းအဆင့် တက်ရောက်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် (၃၂)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ဘော့စတွန်အားကစားကွင်းတွင် ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ဒမ်ဘီလီက ပွဲချိန် ၇ မိနစ်၊ မိနစ် ၂၀ နှင့် ၃၂ မိနစ်တို့တွင် သွင်းဂိုးများသွင်းယူကာ ပထမပိုင်းအတွင်း ဟက်ထရစ်ရယူနိုင်ခဲ့သည်။ ပြင်သစ်အသင်း၏...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်က ကျင်းပခဲ့ပြီး လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဌာနပိုင်အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများကို စနစ်တကျ ဖျ-က်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနိုင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071