Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeDhammaတန်ခိုးကြီးမား သီဟိုဠ် မြတ်စွာဘုရား

တန်ခိုးကြီးမား သီဟိုဠ် မြတ်စွာဘုရား

တန်ခိုးကြီးမားသော သမိုင်းဝင် ပခုက္ကူမြို့ဂုဏ်ဆောင်သီဟိုဠ်    ရှင်မြတ်စွာဘုရားကြီးသည် ၁၃၇၉-ခုနှစ် တန်ဆောင် မုန်းလတွင် နှစ်၉ဝဝ ပြည့်မြောက်ကြောင်းသိရသည်။

သီဟိုဠ်ရှင်မြတ်စွာ ဘုရားကြီးသည် ပခုက္ကူမြို့အနောက်ပိုင်း အမှတ် (၁၃-၁၄-၁၅-) ရပ်ကွက်ဆုံရာ မြေနေရာ၌ လှူဒါန်းတည်ထားခဲ့ သော ပုဂံပြည့်ရှင် ကျန်စစ်မင်းကြီး၏ မြေးတော်သီရိဇေယျသူရ ဘွဲ့မည်ရ မြေးတော် အလောင်းစည်သူမင်းကြီး၏  ကောင်းမှုတော် ဖြစ် သည်။ဘုရားကြီးသည် ဒက္ခိဏာ သာခါမဟာဗောဓိသစ်တော်-စန္ဒကူးနှစ်သစ် တော်-သရက္ခန်နှစ်သစ်တော်-သပြေနှစ်သစ်တော်-ထင်းရှုး နှစ်သစ် တော်-ပင်လယ်ကသစ်နှစ်သစ်တော်-ကုက္ကိုနှစ် သစ်တော်-သခွပ်နှစ် သစ်တော်-ထိန်နှစ်သစ်တော် နံ့သာနှစ်သစ်တော်ဟူသည့် သစ်သားနှစ် ဆယ်မျိုးကိုထူးခြားစွာရောစပ်၍ သံတောင်၃-တောင်၂-မိုက်ရှိသော မတ် တတ်ရပ်တော် ဆင်းတုတော် ထုလုပ်ပြီး သီဟိုဠ်ဘုရင်မင်းမြတ်က အလောင်းစည်သူမင်းကြီးထံ ဆက်သသည့်ထူးခြားအံ့မခန်းသည့် မြတ် စွာဘုရားဖြစ်လေသည်။

သီဟိုဠ်ရှင်ဘုရားကြီးအား ကောဇာ သက္ကရာဇ်၄၇၉ ခုနှစ်တွင်ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးတည် ထား ကိုးကွယ် ပူဇော်ခဲ့ပါသည်။သက္ကရာဇ် ၁၁၇၈ခုနှစ်၊ဝါဆိုလ အခါသမယ မြင်သာရွာအုပ်ကြီးသည် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ လက်ဝဲ လက်ယာ ဆင်းတုတော် နှစ်ဆူ တည်ထားကိုးကွယ်ပါသည်။

သီဟိုဠ်ရှင်မြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် ၃ကြိမ်ကျင်းပတော်မူပါသည်။ နယုန်လဆန်းမှ လကွယ်အထိအနယ်နယ် အရပ်ရပ်မှ ပွဲဈေးသည်များဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ် သည်။ နယုန်လပြည့်နေ့တွင် သံဃာတော် အရှင် သူမြတ် ၁၅ဝဝကျော်အား ဆွမ်းသ ပိတ်ဆက် ကပ်လှူဒါန်းသည်။ သီတင်းကျွတ်လပြည့်နေ့တွင်မူ မီးထွန်းပွဲတော် ကျင်းပဆင်ယင်ပြီး ဓမ္မသဘင် တရားပွဲများနှင့် စည်ကားသော သီတင်းကျွတ်ပွဲတော်ကြီးလည်းဖြစ်သည်။ တတိယပွဲတော် ချိန်ခါမှာ သင်္ကြန်တွင်းကာလဖြစ်သည်။ ထူးခြားသော ကဆုန်လပြည့်၊ တပေါင်းလပြည့်နေ့၊တန်ဆောင်မုန်းလ ပြည့်နေ့များတွင်လည်း ဗုဒ္ဓဘာ သာပွဲတော်များပျော်ပွဲရွှင်ပွဲများ ဆင်ယင် ကျင်းပတော်မူပါသည်။ သီဟိုဠ် ရှင်မြတ်စွာဘုရား ကြီးပြီးစီး အောင်မြင်ချိန်ဝယ်ကြီး ကျယ်ခမ်းနားသော အလှူသဘင်ကို ၇ ရက်တိုင် ဆင်ယင်ရေစက်သွန်းချရာ မိုးကြိုးပစ် ခြင်း-မိုးသည်းထန်ခြင်း-ကောင်းကင်တစ်ခွင်ညသပိတ်ရောင်လွှတ် ခြင်း-လျှပ်ပန်းလျှပ်နွယ် ဆန်းကြယ်စွာလွှတ်ခြင်း -မြေငလျင်လှုပ်ခြင်း-တော်လဲ ခြင်း-ရောင်ခြည်တော် လွှတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ယနေ့ကာလ ထိတိုင် ထူးခြားဆန်းကြယ်သော ရောင်ခြည်တော်ကွန့်မြူးလျက်ရှိပါသည်။

ဘုရားကြီးအား ကြည်ညိုသူတိုင်း မီး၁၁ပါး၊ ရန်သူမျိုး ၅ ပါး၊ ဖုတ်ပြိတ္တာရန်ဘယာကင်း ဝေးခြင်း၊ စီးပွားလာဘ်လာဘပေါများခြင်း၊ ရာထူးတက်ခြင်း၊ လပြည့်၊ လကွယ် အဓိဋ္ဌာန်ဝင်ပါက လိုရာဆန္ဒပြည့်ဝ ခြင်းစသည်တို့ကြောင့် ပခုက္ကူမြို့တစ်နယ်လုံးသာမက မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်နေ့စဉ် စည်ကားသိုက်မြိုက် လျက်ရှိပါသည်။ လာမည့် တန်ဆောင်မုန်းလကုန် ရက်ပိုင်းတွင်မူ ဘုရား ကြီး၏ နှစ်၉ဝဝပြည့် ဗုဒ္ဒပွဲတော်ကြီး ဆင်ယင် ကျင်းပတော့မည် ဖြစ် ကြောင်းသိရပါသည်။

မောင်နန်းဝေ (ပခုက္ကူ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071