Wednesday, June 3, 2026

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ...

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်က မွမ်ဘိုင်းမြို့မှ နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း...

ကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကြီးသို့...

ရန်ကုန်မြို့နဲ့ မဝေးတဲ့ ကျောက်တန်းမြို့မှာရှိတဲ့ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားတဲ့အတွက် လာရောက်အဓိဌာန်ပြု ဆုတောင်းသူတွေနဲ့ မပြတ်စည်ကားနေတာပါ။ ကျောက်တန်းမြို့ကို...

Gateway of India, Mumbai...

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့်...

ရုရှားနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစော...

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားတွင်ပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်မည် ဖြစ်သည်။ ယင်းနိုင်ငံတကာစီးပွါးရေးဖိုရမ်သည် ၂၉ ကြိမ်မြောက်ဖြစ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ...
HomeNewsLocal Newsတတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့တွင်...

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့တွင် နိုင်ငံတကာဆက်ဆံရေးကော်မတီဖွဲ့စည်း  ဥက္ကဋ္ဌအဖြစ် နန်းယွန်းမဲဆန္ဒနယ်မှ ဦးယောအေးလှကို တာဝန်ပေးအပ်

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ဇွန် ၂ ရက်နံနက် ၁၀ နာရီကကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့တွင် နိုင်ငံတကာဆက်ဆံရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကော်မတီအား ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်းကို ဥက္ကဋ္ဌ၊ နန်းယွန်းမဲဆန္ဒနယ်မှ ဦးယောအေးလှကို အတွင်းရေးမှူးအဖြစ်တို့အပါအဝင် အဖွဲ့ဝင် (၁၅) ဦးဖြင့် တာဝန်ပေးဖွဲ့စည်းသွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဒု-ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်ဥက္ကဋ္ဌက လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူ၍ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို လွှတ်တော်ကအတည်ပြုသည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၅၁) ဦး အနက် (၃၅၀) ဦး တက်ရောက်ခဲ့၍ တက်ရောက်မှုရာခိုင်နှုန်းမှာ (၉၉ ဒသ မ ၇၂) ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ နေပြည်တော်သို့ပြန်လည်ထွက်ခွာ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်က မွမ်ဘိုင်းမြို့မှ နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် နေပြည်တော်သို့ပြန်လည်ထွက်ခွာရန် Chhatrapati Shivaji Maharaj International Airport သို့ရောက်ရှိလာရာ လေဆိပ်၌လုပ်ငန်းဆောင် ရွက်နေမှုများကို လေဆိပ်တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ ထို့နောက် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန် လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ် ဆက်ခဲ့ကြသည်။

ကျောက်တန်းမြို့က သမိုင်းဝင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကြီးသို့ ကုသိုလ် ခရီး

ရန်ကုန်မြို့နဲ့ မဝေးတဲ့ ကျောက်တန်းမြို့မှာရှိတဲ့ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ ပီလခတ် ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားတဲ့အတွက် လာရောက်အဓိဌာန်ပြု ဆုတောင်းသူတွေနဲ့ မပြတ်စည်ကားနေတာပါ။ ကျောက်တန်းမြို့ကို လာရောက်ကြတဲ့ ဘုရားဖူးဧည့်သည်အများစုဟာ ကျောက်တန်းရေလယ်ဘုရားကို လာရောက်ရင်း လမ်းခရီးမှာရှိတဲ့ ပိလခတ်ဟိန္ဒူဘုရားကျောင်းကြီးဆီကိုပါ ဝင်ရောက်လေ့လာလေ့ရှိကြပါတယ်။ အခုလို မိုးမကျတကျ ရာသီဥတုအေးအေးလေးမှာ ရန်ကုန်မြို့ပြကနေ နာရီပိုင်းမျှသာ သွားရတဲ့ ဒေသတွင်း တစ်နေ့တာ အပန်းဖြေဘုရားဖူး (Day Trip) ခရီးစဉ်အဖြစ် သွားရောက်ကြသူတွေလည်း ရှိပါတယ်။ ပီလခတ်ဟိဒ္ဒူဘုရားကျောင်းကို အလုပ်ကိစ္စ၊ ကျောင်းကိစ္စနဲ့ သားဆုပန်ဖို့အတွက် ဘုရားဖူးတွေက ရာသီမရွေး လာရောက်ကြတာဖြစ်ပါတယ်။ "တချို့တွေကကျတော့...

Gateway of India, Mumbai အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ Gateway of India သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071