Wednesday, April 15, 2026

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ...

အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို...

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys' Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း...

ပြည်သူ့ရင်ပြင် အကြတ်နေ့လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။ သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်​မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက်...

စွမ်းအင်နှင့်ပတ်သက်၍ တရုတ်ကို ကူညီရန် ရုရှား...

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ စွမ်းအင်တိုးမြှင့်တင်ပို့သွားရန် အသင့်ရှိကြောင်း ဧပြီလ ၁၅ ရက် နေ့ က ပေကျင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး...
HomeNewsLocal Newsတစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်(၃)သန်း...

တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်(၃)သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံကို ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူပြီး ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းကိုလည်း တရုတ်စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေ

ရေနံချက်လုပ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ဖမ်းယူပြီး ရေခဲခြောက် (DRY ICE) များ ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခြင်းဖြင့် ရေခဲခြောက်တင်သွင်းနေရသည့် နိုင်ငံခြားငွေများ သက်သာသွားမည်ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောသည်၊

ယမန်နေ့ က ရေနံချက်စက်ရုံ (သန်လျင်) ၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စက်ရုံသစ်တည်ဆောက်နေမှုနှင့် စက်ပစ္စည်းများရောက်ရှိတပ်ဆင်နေမှုကို ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး သတ်မှတ်အချိန်ကာလတွင်း ပြီးစီးရေးဆောင်ရွက်ကြရန်နှင့် ဘေးထွက်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်မျာထုတ်လုပ်နိုင်ရေးတို့ကို နည်းပညာအသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

DRY ICE ထုတ်လုပ်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများ တပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။

ယခုစီမံကိန်းပြီးစီးပါက အပိုင်း (၂) ကို တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် (၃) သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်တွင်း အပြီး တည်ဆောက်သွားရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။

ထို့အတူ မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူပြီး ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းကိုလည်း တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ ရေကစားသူများနှင့်ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။ မန္တလေးသင်္ကြန်၌ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ တေးသံရှင်များ၊ ပြိိုင်ပွဲဝင်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေပေးခဲ့ကြသည်။

အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်း အနိုင်ရ

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys' Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း အသင်းနှင့် မြန်မာအသင်းတို့ ယနေ့ ဧပြီ ၁၅ ရက် တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိ နှင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က အုပ်စု ပထမဆုံးပွဲစဉ်အဖြစ် လာအိုအသင်း နှင့် ယှဉ်ပြိုင်ခဲ့ပြီး ဂိုးမရှိ သရေကျထားခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်း...

ပြည်သူ့ရင်ပြင် အကြတ်နေ့လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။ သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်​မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက် သနပ်ခါးလိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။ အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များလည်း ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071