Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeCelebrities' Newsတစ်နှစ်တည်း ဖွားဖက် ပေါ်...

တစ်နှစ်တည်း ဖွားဖက် ပေါ် ပြူလာအနုပညာရှင် တို့ရဲ့အောင်မြင်မှု အတွက် ဘဝအားမာန်စကားသံ

ဂျာနယ်သတင်းစာ ပုံနှိပ်မီဒီယာ လောကထဲကို ပေါ်ပြူလာဂျာနယ်ဟာ ၁၉၉၇ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့က စတင် ထုတ်ဝေပြီး ဝင်ရောက်ခဲ့တာမို့ အခု ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ဆိုရင် ၂၁ နှစ်တင်းတင်းပြည့် မြောက်ခဲ့ရာ ဆယ်ကျော်သက်အရွယ် လွန်မြောက် ကာ ဘဝခရီးလမ်းတစ် လျှောက် ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းချီလို့ အောင်မြင်မှုရ ယူနိုင်မယ့် လူငယ်တစ်ယောက် ဘဝကို ရယူပိုင်ဆိုင်ထားပြီ ပြောလို့ရပါ တယ်။ ဒါကြောင့် ပေါ်ပြူလာဂျာနယ် စတင်မွေးဖွားခဲ့တဲ့ နှစ်နဲ့တစ်နှစ် တည်း မွေးဖွားကြီးပြင်းလာခဲ့ပြီး ၂၁ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ ဘဝကို ရယူပိုင်ဆိုင်ထားကြတဲ့ လူ ငယ်အနုပညာရှင် မင်းသန့်မောင် မောင်နဲ့ မင်းသုခိုင်တို့ နှစ်ဦးရဲ့ ရှေ့ဘဝ ခရီးလမ်းဘယ်လိုဖြတ်သန်းကာ ရည် မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်း ချီလို့ အောင်မြင်မှုရယူကြမလဲဆိုတဲ့ စံထားတုပဖွယ် လူငယ်တို့ရဲ့ အောင် မြင်မှုအတွက် ဘဝအားမာန်စကားသံ များကို ပေါ်ပြူလာနှစ်ပတ်လည် အထိမ်းအမှတ် အထူးကဏ္ဍအနေနဲ့ တင်ဆက်ဖော်ပြလိုက်ရပါတယ်။

မင်းသန့်မောင်မောင်

ဒါရိုက်တာအလုပ် ရွေးချယ်ဖြစ်ခဲ့ပုံ

အဖေနဲ့အမေတို့ရဲ့ အလုပ်တွေနဲ့နီးစပ်ချင်လို့။ သူတို့လမ်းကြောင်း သူတို့တူသွားချင်လို့ Directing လမ်းကြောင်းကို သွားတာပါ။LA က New York Film Academy ကျောင်းမှာ သွားတက်ခဲ့တာပါ။ အခုကျွန်တော် စက်တင်ဘာလမှာဘွဲ့ယူရမယ်။

ဝါသနာပါတဲ့အလုပ်အပေါ် မိဘတွေရဲ့ ပံ့ပိုးပေးမှု

မိဘတွေ ကျွန်တော့်အပေါ်ပံ့ပိုးပေးမှု၊ မြေတောင်မြှောက်ပေးမှုတွေက တော့ အားလုံးသိမြင်ကြတဲ့ အတိုင်း ပါပဲ။ အင်မတန် အကုန်အကျများတဲ့ နိုင်ငံခြားကျောင်းမှာ ထားပေးတယ်။ ဒီဒါရိုက်တာလမ်းကြောင်းကို ရွေး ချယ်တဲ့အချိန်တုန်းက ကျွန်တော့် မိဘတွေကအကြံတွေပေးတယ်။ အမေက မကောင်းတဲ့အရာတွေမတွေးနဲ့၊ ကောင်းတဲ့ အရာတွေတွေးပြီး ရှေ့ဆက်သွား။ အမှား တွေလုပ်ခဲ့မိရင်လည်း အဲဒီအမှားတွေကို သင်ယူပြီးတော့ နောက်တစ်ခါ ထပ်အမှားမလုပ်နိုင်အောင် သင်ယူလို့ ပြောတယ်။အဖေကလည်း အဲဒီအတိုင်းပဲ ပြောတယ်။ အချိန်လေးစားဖို့၊ အချိန်လေးစားရင် အောင်မြင်မယ်လို့ ပြောတယ်။ အဲဒီအချက်ကို ကျွန်တော်ယုံကြည်တယ်။လူတစ်ယောက်က လူ တစ်ယောက်ကို အားပေးရင် အဲဒီလူတစ်ယောက်က ယုံကြည်မှုရှိလာတယ်လေ။ ကျွန်တော့်မိဘတွေရဲ့အားပေးမှုတွေ ကြောင့် ဒီလမ်းကြောင်းကို ယုံ ကြည်မှုရှိရှိနဲ့ ပိုပြီးလျှောက်လှမ်း နိုင်တာပေါ့နော်။

တတ်မြောက်ထားတဲ့ ပညာနဲ့ မိဘတွေကို ဘယ်လိုကျေးဇူးဆပ်မလဲ

မိဘတွေရဲ့ကျေးဇူးကိုမိဘတွေ ချစ်မြတ်နိုးတဲ့ ဒီအနုပညာအလုပ်နဲ့ပဲ ကျေးဇူးဆပ်ချင်တယ်။ အဲဒီအတွက် ကြိုးစားနေပါ တယ်။ သူတို့ ဖြစ်စေချင်တဲ့၊ သူတို့ဂုဏ်ယူရမယ့် သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ ပြီးတော့ ကျွန်တော်သင်ယူထား တဲ့ပညာနဲ့ ကျွန်တော်ရေးဖွဲ့မယ့်ဇာတ်လမ်းတွေကို ရုပ်ရှင်တွေကနေ လူတွေကို တွန်းအားတွေပေးချင်တယ်။

မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကလူငယ်တွေအပေါ် ပံ့ပိုးပေးမှု ကွာခြားပုံ

ယဉ်ကျေးမှုတူဘူးပေါ့နော်။ အမေရိကန် Culture နဲ့ အာရှ Culture မတူဘူး။ အာရှ Culture က မိဘ တော်တော် များများက သူတို့ ကလေးတွေကို သူတို့အုပ်ထိန်းမှုအောက်မှာပဲ အသက်အရွယ်တော်တော်ကြီးတဲ့အထိ ထားကြတယ်။ လူငယ် တွေလုပ်ချင်တဲ့အရာ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာရွေးချယ်ခွင့်မပေးဘူး။ အရင်ကပေါ့နော်။ အခုတော့ နည်းနည်း ပြောင်းလဲလာပြီလို့ ထင်ပါတယ်။ ဒါကလည်းလူငယ်တွေ အမှားတွေ လုပ်မိမှာကိုစိုးထိတ်ကြလို့နေမှာပါ။ အမေရိကန် တွေမှာ တော့အသက် ၁၈ နှစ်ပြည့်တာနဲ့ လူငယ်တိုင်းကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခွင့်ပေးတယ်။ လွတ်လပ် စွာနေခွင့် ပေး တယ်။

အသက် ၂၁ အရွယ် ရောက်ရှိနေတဲ့ မင်းသန့်မောင်မောင်
ဘဝခရီးလမ်းကို ဘယ်လိုပုံစံနဲ့ ဆက်လက်လျှောက်လှမ်းမှာလဲ

အခုလက်ရှိ အသက်အရွယ် နဲ့ဆိုရင် ကျွန်တော်ဘဝကို ရင်ဆိုင်ဖို့ လေ့လာဖို့ သင်ယူဖို့ပဲ အရေးကြီး တယ်။ ဒီကမ္ဘာနဲ့ ပတ်သက်တာတွေ အများကြီးသိချင်တယ်။ ကျွန်တော် မသိတာတွေ အများကြီးရှိတယ်။ဘဝနဲ့ပတ်သက်ပြီး လူတွေကို ကျွန် တော်ဘယ်လိုကူညီနိုင်မလဲ၊ မိဘတွေကို ဘယ်လိုပေးဆပ်နိုင်မလဲ။ ကျွန်တော့်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို လာရောက် ကြည့်ရှုကြတဲ့သူတွေကို ဘယ်လိုတွန်းအားတွေ ပေးနိုင်မလဲ။ အဲဒါတွေကြောင့် ဘဝနဲ့ ပတ်သက်တာတွေကို အကုန်သင်ယူရင်း ဖြတ်သန်းချင်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071