Friday, June 19, 2026

အီရန်အနေနဲ့ အမေရိကန်နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာဟာ...

အီရန်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာဟာ "ခြွင်းချက်မရှိ လက်နက်ချတာပဲ"လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယုံကြည်နေကြောင်း Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ Axios နဲ့...

နိုင်ငံသားတိုင်း တိုင်းပြည်အကျိုးကို ရှေးရှုသည့် စိတ်ဓာတ်ရှိရန်လိုအပ်ဟု...

နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လူမှုဘဝအေးချမ်းသာယာရေးတို့သည် အပြန်အလှန်ဆက်စပ်လျက်ရှိပြီး နိုင်ငံသားတိုင်းအနေဖြင့် တိုင်းပြည်အကျိုးကို ရှေးရှုသည့် စိတ်ဓာတ်များ မွေးမြူထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

ကျောက်ဖြူစီမံကိန်းနှင့် CMEC မှ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာ...

“မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရေရှည်ရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် Belt and Road Initiative...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နေ့လည်ပိုင်းက ဟန်ကျိုးမြို့ရှိ...
HomeCelebrities' Newsတစ်နှစ်ကို နှစ်ကားနှုန်းလောက်ပဲ ရိုက်ဖို့စဉ်းစားထားတယ်...

တစ်နှစ်ကို နှစ်ကားနှုန်းလောက်ပဲ ရိုက်ဖို့စဉ်းစားထားတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

စရိုက် ရုပ်ရှင်ဇာတ်ကားထဲမှာ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ရဲ့ သရုပ် ဆောင်မှုတွေဟာ အင်မတန်ကို ပီ ပြင်ခဲ့ပါတယ်။ အခြေခံလူတန်းစား ဖြစ်တဲ့အပြင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ဉဏ်နဲ့မစဉ်းစားဘဲ ကိုယ်လုပ်ချင်ရာ လုပ်တတ်တဲ့ မိန်းမကြမ်းကြီး တစ်ဦး နေရာကနေ သရုပ်ဆောင်ခဲ့တယ်။ ဘဲဥမ(ခိုင်သင်းကြည်) ရဲ့ မိခင်တစ် ဦးနေရာကနေ ပီပြင်ခဲ့တယ်။ မိတ် ကပ်လိမ်းခြယ်မှုတွေ မရှိခဲ့တဲ့ အခြေ ခံလူတန်းစား မိန်းမကြမ်းကြီး တစ်ဦး နေရာကနေ သရုပ်ဆောင်မှုတွေ ပီ ပြင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ထွန်းအိန္ဒြာဗိုလ် က အခုလို ပီပြင် ခဲ့တယ်ဆိုတာ ဇာတ်တစ်ခုလက်ခံ လိုက်တဲ့ အချိန်တိုင်း ဇာတ်က ခိုင်း တဲ့အတိုင်းပဲ လုပ်ခဲ့လို့ အခုလို ပီပြင် ခဲ့တာမျိုးပဲ ဖြစ်မယ်လို့ မှတ်ချက်ပြုပါတယ်။

”ဇာတ်ကခိုင်းတဲ့အတိုင်း ကျွန်မတို့ကကြိုးစားပြီး လုပ်ရ တာပါ။ သရုပ်ဆောင်မှုပဲ ဖြစ်ဖြစ်၊ အ၀တ်အစား ပြင်ဆင် မှုအပိုင်းပဲ ဖြစ်ဖြစ်၊ မိတ်ကပ်နဲ့ ဆံပင်ပိုင်းဆိုင်ရာပုံစံပဲ ဖြစ်ဖြစ်ပေါ့။ ဇာတ်ကခိုင်းတဲ့အတိုင်း သွားရတာပါ။ စရိုက်ကားထဲမှာဆိုရင် သူ့ပုံစံကစရိုက်ကြမ်းကြမ်း မိန်းမ ပေါ့။ အဲဒီလို စရိုက်ကြမ်းကြမ်း အမျိုးသမီး တစ်ဦး ကနေ ဆင်းသက်လာတဲ့ မျိုးဆက်ကလည်း ဆိုလိုရင်း ကို ပြောရရင်လေ ကလေးတွေမှာ ကလေးတွေရဲ့ လက်ဦးဆရာက မိဘတွေပဲ ဆိုတာမျိုးကို မက်ဆေ့ခ်ျ ပေးတာပေါ့။ ကျွန်မက စရိုက်ကြမ်းတော့ ကျွန်မ မွေးထားတဲ့ ဘဲဥမ(ခိုင်သင်းကြည်) ကလည်း သူ့ဘ၀မှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဉဏ်မရှိစွာဘဲ ဖြေရှင်းခဲ့တယ် ပေါ့နော်။ ကိုယ့်ကြောင့် ဆင့်ပွားဖြစ်ခဲ့ရတဲ့ အနေအ ထားတွေပေါ့။ ကလေးရှိတဲ့ မိဘတိုင်းဟာ သတိထား ရမယ်။ ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူအနေအထိုင်ကို ကိုယ့်ရဲ့ ကလေးက အမြဲကတမ်း Look at လုပ်နေတယ် ဆိုတာကို သတိထားရပါ မယ်” လို့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ် က ပြောပြပါတယ်။
တလောက ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတဲ့ သတင်းလေး တစ်ခုဖြစ်တဲ့ LGBT ကောင်လေးတစ်ဦးဟာ သူ့မိဘတွေရဲ့ လက်မခံနိုင်မှုကြောင့် Suicide လုပ်သွားခဲ့တဲ့အပေါ်နဲ့ ဆက်စပ်ပြီးတော့ မေးတဲ့အခါ ထွန်းအိန္ဒြာဗိုလ်က သူ့ရဲ့ အမြင်ကို အခုလို ပြောခဲ့ပါသေးတယ်။

”ကျွန်မထင်တာတော့လေ လူသားတစ် ယောက်ကို လူသားတစ်ယောက်အဖြစ်လက်ကို လက်ခံ ရမှာ ပါပဲ။ သူ့ဘာသာသူဘာကြီးပဲ ဖြစ်နေပါစေ ပေါ့နော်။ အဲ့ဒီလို လက်မခံနိုင်ခြင်းဟာ မှားယွင်းခြင်း ပဲ။ ကျွန်မအမြင်ပေါ့လေ။ ဘယ်လိုလူတန်းစား မျိုးမဆို၊ ဘယ်လူတန်းစားပဲ ဖြစ်နေပါစေ၊ ကိုယ်မွေး ထားတဲ့ သားသမီးဟာ ကိုယ့်သားသမီးပါပဲ” လို့ မှတ် ချက်ပြု ဆိုခဲ့ပါသေးတယ်။
အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမှုတွေကို တစ်နှစ်မှာ နှစ်ကား လောက်ပဲ ရိုက်ကူးတော့ဖို့ စဉ်းစားထားတယ်လို့ လည်း ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့. . .

”ရုံတင်ဖို့အတွက် ကျွန်မ ရိုက်ကူးခဲ့ပြီးသား ရုပ်ရှင်ဇာတ်ကား ၁၂ ကား ကျန်သေးတယ်။ ကျွန်မနောက်ထပ်ရိုက်ဖြစ်ရင်တော့ တစ် နှစ်ကို နှစ်ကားနှုန်းလောက်ပဲ ရိုက်တော့မယ်လို့ စဉ်းစား ထားပါတယ်။ အဲ့ဒါဘာကြောင့်မှတော့ မဟုတ်ဘူး။ အ သက်အရွယ်အရ ဘာသာရေး များ များလုပ်ချင်လာတာကြောင့် လည်း ပါပါတယ်” လို့ ပြောပြပေးခဲ့ပါ တယ်။
စရိုက်ရုပ်ရှင် ဇာတ်ကား ရုံတင် ပြသပြီးသွားတဲ့အချိန် ထွန်းအိန္ဒြာ ဗိုလ်အတွက် နောက်ထပ်ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်လာမှာကတော့ ‘ကြိမ်နှုန်း’ လို့ အမည်ရတဲ့ ရုပ်ရှင် ဇာတ်ကားပါ။့  ‘ကြိမ်နှုန်း’ ရုပ်ရှင်မှာ ထွန်း အိန္ဒြာဗိုလ်နဲ့ အိန္ဒြာကျော်ဇင်တို့ နှစ် ယောက်ရဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ခံစားခွင့်ရလာတော့မှာ ဖြစ် ပါတယ်။ မနှစ်တုန်းကတော့ ထွန်း အိန္ဒြာဗိုလ်နဲ့ အိန္ဒြာကျော်ဇင်တို့ နှစ် ဦးရဲ့ ထိပ်တိုက်သရုပ်ဆောင်မှုတွေကို မြင်တွေ့ခွင့်ရခဲ့တဲ့ ရောင်ပြန် (Reflection ) ရုပ်ရှင်ဇာတ်ကားက လည်း ပရိသတ်တွေကြား ရေပန်းစား အောင်မြင်ခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071