Saturday, June 21, 2025

YBS 75 ယာဉ်လိုင်း လမ်းကြောင်း...

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲပေးသည့်...

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန်...

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...
HomeCelebrities' Newsတစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်ကပါရမီဖြည့်ရင်း...

တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်ကပါရမီဖြည့်ရင်း R ဇာနည်နဲ့ ဝမ်း မင်္ဂလာသက်တမ်း ၁၄နှစ် ပြည့်ပြီ

အဆိုတော် R ဇာနည်နဲ့ ဝမ်း တို့ရဲ့ မင်္ဂလာသက်တမ်းက အောက်တိုဘာလ ၂၇ ရက်နေ့က ၁၄နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါ တယ်။ မင်္ဂလာနှစ်ပတ်လည်နေ့မှာလည်း ချမ်းမြေ့ ရိပ်သာ ဘုန်း ကြီးကျောင်းမှာပဲ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မှာ မြစ်ကြီးနားမှာ ဖျော်ဖြေဖို့ ခရီးသွားရမယ့် အတွက် Anniversary ကို အထွေ ထွေ အစီအစဉ်တွေနဲ့ မရှိပါဘူးလို့ ဆိုပါတယ်။

” မင်္ဂလာသက်တမ်း တစ်နှစ် ပြည့်တိုင်း ပြည့်တိုင်းတော့ အလှူ လေး လုပ်ဖြစ်တယ်။ ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်းမှာပဲ နှစ်တိုင်း နေ့ဆွမ်း ကပ်တယ်။ အလှူလုပ် တယ်ပေါ့။ ဒီနှစ်လည်း ဒီလိုပဲ ဘုန်းကြီး ကျောင်းမှာပဲ နေ့ဆွမ်းကပ်မယ်။ ပြီးရင် တော့ မြစ်ကြီးနားကို သီချင်းဆိုဖို့အတွက် ခရီးထွက်မှာပါ။ အိမ်ထောင်ပြုပြီး တောက် လျှောက်မှာလည်း တစ်ယောက်နဲ့တစ် ယောက် နားလည်မှုနဲ့ပဲ မိသားစုလေးကို တည်ဆောက်ခဲ့တယ်။ များသောအားဖြင့် တော့ အစ်ကိုတို့ ယောက်ျား လေးတွေဘက်က မိန်းကလေးတွေကို ဝေယျာဝစ္စ လိုလေသေး မရှိအောင် လုပ်ပေးတယ်။ ဒီလို ဒီအချိန်ထိ ရောက်လာတယ်ဆိုတာက တစ်ယောက်ရဲ့ လိုအပ်ချက်ကို အပြန်အလှန် ဖြည့်စည်းပြီး ရှေ့ဆက်လာတယ်။ ဒီလိုပဲ ညှိနှိုင်းပြီး နေရတာပေါ့” လို့ ဝမ်း က ပြောပါတယ်။

လက်ရှိမှာ ဝမ်းကလည်း ဒုတိယ သားငယ်လေး ကိုယ်ဝန် ၆ လ ရှိနေပြီဖြစ်တာကြောင့် အစစအရာရာ ဆင်ဆင်ခြင်ခြင်နေတယ်လို့ ဆိုပါတယ်။ တခြားပြင်ဆင်မှုတွေ ထက် မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေး ကို အဓိကထားတယ်လို့ ဆိုတဲ့ဝမ်း က…

“ဒုတိယကိုယ်ဝန်ဆိုတော့ ဘာ ပဲပြောပြော ပထမကိုယ်ဝန်ထက် တော့ သိသင့် တာတွေ ပိုပြီးသိလာရတာပေါ့။ အတတ်နိုင် ဆုံးတော့ မိခင်ကျန်းမာအောင် ဂရုစိုက်ပြီးနေ တယ်။ မိခင်ကျန်းမာမှ ဗိုက်ထဲက က လေးလည်း ကျန်းမာမယ်။ အစား အသောက်ကိုလည်း ကလေး အတွက် လိုအပ်တာကို အဓိကထား စားတယ်။ ဘာကိုမှဘယ်လောက် ကြိုက်ကြိုက် အလွန်အကျွံ မစား ဘဲနဲ့ ဆင်ခြင်နေတယ်။ မွေးဖွား မှာကလည်း ပန်းလှိုင်ဆေးရုံမှာ။ ဒေါက်တာ မေသူမျိုးညွှန့်က မွေး ပေးမှာပါ။ ပထမ ကလေးတုန်းက လည်း ရိုးရိုးပဲမွေးဖွားတာဆိုတော့ ဒုတိယကိုယ်ဝန်ကိုလည်း လိုအပ် တဲ့ပစ္စည်းလေးတွေဝယ်ထားတယ်။ တခြားကိစ္စတွေတော့ မစီစဉ်ရ သေးဘူး” လို့ ပြောပါတယ်။

R ဇာနည်က တန် ဆောင် တိုင်လပြည့်နေ့ ဆေးပေါင်းခ တဲ့ည ဖျော်ဖြေမှုကို ဇော်ဝင်း ထွဋ်၊ ဝေလတို့နဲ့ အတူပါဝင် သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071