Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeMyanmar Theatrical Traditionတစ်ယောက်တည်း ကပြဖြစ်တော့မယ့် ဟန်ဇာမိုးဝင်းအတွက်...

တစ်ယောက်တည်း ကပြဖြစ်တော့မယ့် ဟန်ဇာမိုးဝင်းအတွက် ဖခင်ဖြစ်သူရဲ့ အားပေးစကား

အခုနှစ်ဇာတ်သဘင်ရာသီကနေစတင်ပြီး စံပြသဘင်အနေနဲ့ ဟန်ဇာမိုးဝင်း တစ်ယောက်တည်းသာ ကပြဖြစ်တော့မှာပဲဖြစ်ပါတယ်။ အရင်ကတော့ စံပြသဘင် အနေနဲ့ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့ မောင်နှမ ၃ ယောက်က ပြခဲ့ရာကနေ အခုနှစ်မှာ ဟန်ဇာမိုးဝင်း တစ်ယောက်တည်းသာကပြဖြစ်တော့မှာ ပါ။ အဲဒီအတွက်လည်း သဘင်မင်းသားကြီး ဦးမိုးဝင်းက သားဖြစ်သူဟန်ဇာ မိုးဝင်းကို အခုလိုအားပေးစကားပြောလာခဲ့တာကတော့-

“လူတစ်ယောက်ဟာသူမရှိလို့ မဖြစ်ဘူးဆိုရင် လဲသွားမှာ ပေါ့။ အဲဒီစိတ်ကို ဘယ်တော့မှမသွင်းရဘူး။ စိတ်ဓာတ်သည်သာ အရေးကြီးဆုံးပါ။ အားကိုးခြင်း သံယောဇဉ်ဆိုတာတွေ ကတော့ မောင်နှမတွေမှာတော့ရှိတာပေါ့။ ဒါပေမဲ့ အလုပ်ကျတော့ ကိုယ့်ဘာသာကိုယ် လုပ်တဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမှာပေါ့။ ဘာဝမ်းနည်းစရာရှိ လဲ အဲဒီမှာ ပြည်သူကို ဘယ်လိုဖျော်ဖြေတင်ဆက်မလဲ၊ ဘယ်လိုတွေလုပ်ပြမလဲဆိုတာကသာ အဓိကကျတယ်” လို့ ပြောပါတယ်။

ဦးမိုးဝင်းအနေနဲ့အောင်မြင်ကျော် ကြားစဉ်အချိန်တုန်းက အတူတူလုပ်ကိုင်ရင်း အတွဲညီ ခဲ့တဲ့ မိုးဒီ၊ မော့စ်၊ ဒါရိုက်တာမောင်စိတ္တတို့က ဇာတ်သဘင် ကနေထွက်ခွာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဦးမိုးဝင်းအနေနဲ့ လည်း တစ်ယောက်တည်း ပြန်လည်ရုန်းကန်ကြိုးစားခဲ့ရတာတွေရှိခဲ့ပါတယ်။ အဲဒီအချိန်ကာလတုန်းကလည်း အဖေဖြစ်သူ ဦးစိန် မာဒင်က သူ့ကို အားပေးစကားတွေ ပြောကြားပေးခဲ့တယ်လို့ ဦးမိုး ဝင်းက ပြောပါတယ်။

“ဦးမိုးသာစိတ်ဓာတ်ကျမယ်ဆိုရင် အခု အချိန်မှာ ဟန်ဇာတို့လည်း မဖြစ်လာတော့ဘူးလေ။ ဖေဖေက ဘာပြောလဲဆိုတော့ သားရယ်တဲ့။ ဒါတွေကဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပဲ။ အဲဒီအခက်အခဲကို ကျော်လိုက်ရင် ပြီးသွားတာပါပဲ တဲ့။ အခု သားဟန်ဇာလည်းဒီအတိုင်းပါပဲ။ မောင်နှမတွေက ချစ်ချစ်ခင်ခင်နဲ့ သူ့အလုပ်သူသွားလုပ်တယ်။ ဘာမှ စိတ်ညစ်စရာ မရှိဘူးလေ” လို့ ဦးမိုးဝင်းကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071