Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeCelebrities' Newsတစ်ကိုယ်ရေ အလှအပ ပြင်ဆင်ထားမှု...

တစ်ကိုယ်ရေ အလှအပ ပြင်ဆင်ထားမှု နဲ့ အမျိုးသမီး တို့ ရဲ့နွေရာသီဖက်ရှင်

ဆုပန်ထွာ

နွေရာသီကတော့ ပရိသတ် တွေ သိတဲ့အတိုင်း တအားပူ တယ်။ မပန်က ၃ လလောက် ပြင်ဦးလွင်မှာ သွားနေပြီး အ ကယ်ဒမီဆုပေးပွဲနီးကာကျမှရန် ကုန်ကိုပြန် ရောက်လာတယ်။ရန် ကုန်ရောက်တော့ တအားပူတယ်။ မနေနိုင်ဘူး။ အိမ်မှာဆိုရင်လည်း အဲယားကွန်း ကို အမြဲဖွင့်ထားရတယ်။ ဖြစ်နိုင်ရင် ပြင်ဦးလွင်က ရာသီဥတုကို ခဏလောက်ပြောင်းလိုက်ချင်တယ်။ အခုလည်း မပန်က နန်းဝတ်နန်းစားတွေ နဲ့ဇာတ်ကားရိုက်နေတော့ ပိုပြီးတော့ တောင်ပူပါသေးတယ်။ ဒါပေမဲ့ မပန်က ဇာတ်ကားရိုက်ရရင် ပျော်နေတော့ အ ဆင်ပြေပါတယ်။ အခုနွေရာသီလည်းဖြစ် တော့ အပြင်ထွက် အလုပ်လုပ်ရတဲ့လူတွေ၊ အပြင်ကနေပြန်လာရင် ချက်ချင်းရေချိုးတာ မျိုးတွေ မလုပ်ဘဲနဲ့ချွေးကို တိတ်အောင်လုပ် ပြီးမှရေချိုးပေါ့။ နောက်ပြီး နေပူထဲ သွား တာမျိုးဆိုရင် ထီးလိုမျိုး၊ နေကာမျက်မှန်လို မျိုးအကာအကွယ်လေးတွေယူသွားကြပါ။ ရေများများသောက်ကြပါလို့ ပြောချင် ပါတယ်။

******************

ဝင်းသပြေထွန်း

နွေရာသီက ပူပေမယ့် အင်္ကျီလက်ရှည်လေးတွေ၊ ဂါဝန်ရှည် လေးတွေဝတ်ရ တာကြိုက်တယ်။ အသားမည်းမှာ ကြောက်လို့လေ။ အိမ်မှာတော့ ပေါ့ပေါ့ပါးပါး အင်္ကျီအစုတ်အဟောင်းလေးတွေနဲ့ နေဖြစ်ပေမယ့် အပြင်ထွက်ရင်တော့ လက်ရှည် လေးတွေအများဆုံးဝတ်ဖြစ်တယ်။ တစ်ခါတစ်ခါလှချင်တော့လည်း အမည်းခံပြီး ဝတ်လိုက်တာပါပဲ။ ပြီးမှ lotion များများလိမ်း၊ Spa ပြေးရတာပေါ့။ နွေရာ သီမှာတော့ အသားအရေကို မပျက်စီးအောင် ဂရုတစိုက်နဲ့ထိန်းသိမ်းဖြစ်ပါတယ်။ ပြီးတော့ ရေများများသောက်ဖြစ်တယ်။ နေပူထဲတော့ သိပ်မထွက်ဖြစ်ဘူး။ ပရိသတ်တွေ အနေနဲ့လည်း နွေရာသီမှာ အပြင်သွားတဲ့အခါ အမိုးအကာတစ်ခုခုဆောင်းပြီးမှ အပြင်ထွက်ကြပါလို့ အကြံပေးချင်ပါတယ်။

******************

ပန်းသော်တာ

အပြင်ထွက်ပြီဆိုရင်တော့ SPF ၄ဝ နဲ့ ၅ဝ လောက်ပါတဲ့ ခရင်ကို သေချာ တော့သုံးဖြစ်ပါတယ်။ ရေများများသောက်တယ်။ အသီးအနှံကို များများစားပေးတယ်။ ဒီလို ပူပြင်းတဲ့ရာသီဆို အပြင်မထွက်တာ ပို ကောင်းပါတယ်။ ညီမဆိုလည်း အပြင်သိပ်မထွက်ဖြစ်ဘူး။ အလုပ်ရှိမှပဲ ထွက်တယ်။ အပြင်အောက်ဒိုးရှိရင်တော့ ထီးဆောင်းတယ်။ နေပူအရှိန်က ပြတင်းပေါက်ကနေ မျက်နှာထွက်လိုက်ရင်တောင် တအားအပူရှိန်ဟပ်တာ ဆိုတော့လေ။ အဲဒါကြောင့် နေလောင်ဒဏ်ခံနိုင်မယ့် လိုးရှင်းတွေ လိမ်းထားပါ။ နေလောင်ဒဏ်မခံနိုင်ရအောင်လည်း အထူးဂရု စိုက်ကြပါ။ နွေရာသီဖက်ရှင်ကကျတော့ ညီမက ဘောင်းဘီ အတိုနဲ့ တီရှပ်လက်ရှည်ဝတ်ရတာကို သဘောကျတော့ အဲဒါကို ဝတ်ဖြစ်တယ်။ ဘောင်းဘီတိုဝတ်တဲ့အတွက်တော့ လိုးရှင်းတွေ သေချာလိမ်းရတာပေါ့နော်။ နွေရာသီဖက်ရှင် ပုံလေးတွေ ကြည့်ရင်လည်း ဂါဝန်လွင့်လွင့်လေးတွေ တွေ့ရတယ်။ ဒါလေးတွေကို ဝတ်ချင်လို့ဝယ်ထားရင်လည်း တကယ့်တကယ်အပြင်ထွက်ရင်ဘောင်းဘီတိုနဲ့ တီရှပ် အင်္ကျီပဲဝတ်ဖြစ်တာများတယ်။ နွေရာသီမှာတော့ ချည် သားအင်္ကျီတွေနဲ့ ဂါဝန်ပွပွလေးတွေ ဝတ်ရတာကတော့ ရာသီဥတုနဲ့ပိုလိုက် တာပေါ့နော်။ ချွေးထွက်လည်း နည်းမယ်။ ပေါ့ပေါ့ပါးပါးလည်းရှိမယ်ပေါ့။ ညီမကျတော့ ဒါတွေထက် ခုနပြောတဲ့ ဘောင်းဘီတိုနဲ့ တီရှပ်လေးတွေဝတ်ရတာ ပို ကြိုက်တယ်။ အဲဒီတော့ ပရိသတ်များအနေနဲ့က အခုလို ပူပြင်းတဲ့နွေရာသီမှာ အပြင်သွားမယ်ဆို နေရောင်ဒဏ်ခံနိုင် မယ့် လိုးရှင်းတွေလိမ်းသွားကြပါ။ ပြီးတော့ အဝတ်အစား ဝတ်တဲ့အခါမှာလည်း နေရောင်ခြည်ကို စုပ်ယူနိုင်စွမ်းရှိတဲ့ အနက်ရောင်ကို ရှောင်ဝတ်ပါလို့ ပြောချင်ပါတယ်။

******************

စုလင်းရှိန်

နွေရာသီမှာ ချည်သားအင်္ကျီလေးတွေ ခန္ဓာကိုယ်အတွက်လည်း သက်သောင့် သက်သာဖြစ်စေမယ့် အဝတ်အစား တွေဝတ်ဖြစ်တယ်။ တကယ်လို့ ပူလွန်း လို့ ဘောင်းဘီတိုဝတ်မယ်ဆိုလည်း အသား အရေမပျက်စီးဖို့အတွက် နေပူဒဏ်ကာ ကွယ်ပေးတဲ့ စရင်တွေကို လိမ်းတယ်။ညီမကတော့ သွားလာလှုပ်ရှားရင် လည်း သက်သောင့်သက်သာရှိ မယ့်ဟာ ချွေးစုပ်ပေးနိုင်မယ့် အဝတ်အစားလေးတွေကို ပို ဝတ်ဖြစ်ပါတယ်။ ဒီရာသီမှာ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက် ပေးဖြစ်တာကတော့ ရေ များများသောက်တယ်။ အပြင်ထွက်တဲ့အခါမှာ နေ ရောင်ခံနိုင်ဖို့အတွကှ်စ ၅ဝ လောက်ပါဝင်တဲ့ လိုးရှင်းကိုလိမ်းပါတယ်။ အသီးအနှံလေးတွေစားပါတယ်။ တ အားပင်ပန်းလို့ ချွေးတွေထွက်တယ် ဆိုရင်တော့ ဓာတ်ဆားရေသောက် ပေးပါတယ်။ နေလောင်ဒဏ်သိပ်မထိ နိုင်တဲ့ အဝတ်အစားတွေဝတ်တယ်။ ဦးထုပ်ဆောင်းတယ်။ နေပူထဲက နေ ပြန်လာလာချင်း အဲကွန်းခန်းထဲတန်းဝင် တာတို့ ရေခဲရေအေးအေးကြီး သောက်တာ တို့ အဲဒါမျိုးတွေကိုညီမရှောင်ဖြစ်ပါတယ်။

******************

ဧကရီစုစံ

နွေရာသီမှာ များသောအားဖြင့်တော့ ချည်သား လေးတွေဝတ်ဖြစ်တယ်။ အင်္ကျီပွပွလေးတွေ၊ အရောင် ဖျော့တာလေးတွေ သတိထားပြီးဝတ်တယ်။ ပူတဲ့ခါကျ တော့ အပြင်ထွက်တဲ့အခါ နေရောင်တိုက်ရိုက်မထိ အောင် မျက်နှာနဲ့လည်ပင်းကှိုကည ခမနနည လိမ်း တယ်။ ခြေတွေလက်တွေကျ ပိုပြီးနေကာမယ့်ျစ် ၅ဝ တို့ ၆၉ တို့ပါတာ ပိုလိမ်းဖြစ်တယ်။ အိမ် ရောက်ရင်လည်း အသားကို ရေဓာတ်ပြန် ဖြည့် တဲ့ရှားစောင်းလက်ပတ်တို့ သခွားသီးတို့ ကပ်တယ်။ ဠငအောငည ဃ ပါတဲ့ ရေဆူဆေးပြား လေးတွေ သောက်တယ်။ အဝတ်အစားကို လည်း ချည်သား လက်ရှည်လေးတွေ၊ စကပ်ပွပွလေးတွေ၊ လူကိုလည်း ပူပြီး အရမ်းတင်းကျပ်နေတာမျိုး မဖြစ်မယ့် အဝတ်အစားလေးတွေ ရွေးဝတ်ဖြစ် တယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071