Saturday, December 13, 2025

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

မြေနိမ့်ဒေသစိုက် ရိုဘတ်စတာကော်ဖီ စိုက်ပျိုးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီပင်များကို စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ မြေနိမ့်ဒေသစိုက်...
HomeCelebrities' Newsတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားများအတွက်...

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားများအတွက် အနုပညာရှင်တို့ရဲ့ အားပေးတိုက်တွန်းစကားသံများ

လာမယ့်မတ်လ ၇ ရက်နေ့ကစပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမှာဖြစ်ပါတယ်။ အထက်တန်းကျောင်းသူကျောင်းသားများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ အဓိကကျတဲ့ဘဝ အစိတ်အပိုင်းတစ်ခုဖြစ်သလို မိမိတို့ဘဝအနာဂတ်ရည်မှန်းချက်ပန်းတိုင်ဆီ ဦးတည်အရောက်လှမ်းချီနိုင်မယ့် ဘဝတစ်ဆစ်ချိုးအရေးကြီးဆုံး အချိုးအကွေ့တစ်ခုလည်းဖြစ်ပါတယ်။ ဒီတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ပြီး မိမိတို့ အဖြစ်ချင်ဆုံးအရာတွေ၊ မိမိတို့ တက်ရောက်ချင်တဲ့ တက္ကသိုလ်ကြီးတွေ၊ မိမိတို့သင်ကြားတတ်မြောက်ချင်ဆုံး ဘာသာရပ်တွေ တက်ရောက်သင်ကြားရယူပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ လူငယ်မောင်မယ်၊ ကျောင်းသားကျောင်း သူများအတွက် ဆယ်တန်းစာမေးပွဲခေါ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို အောင်မြင်မှုဆောင်ကြဉ်းဖြတ်ကျော်ဖို့က အသက်နှင့်မခြား အလွန်အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်လို့နေပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမယ့် လူငယ်မောင်မယ် ကျောင်းသူကျောင်းသားများအတွက် သူတို့ကိုယ်တိုင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုစဉ်က ကြုံတွေ့ခံစားခဲ့ကြသူ အနုပညာရှင်တို့ရဲ့ ပညာရေး အားမာန်ဖွင့် စိတ်ခွန်အားပေး တိုက်တွန်းစကားသံများ မေးမြန်းကာ စုစည်းဖော်ပြလိုက်ရပါတယ်။

အလှမယ် ဇွန်သံစဉ်

ဆယ်တန်းစာမေးပွဲဆိုတာ ဘဝအတွက် တကယ်ကို တစ်ဆစ်ချိုးပြောင်း လဲတဲ့ အနေအထားတစ်ခုပေါ့နော်။ ပြီးတော့ ဒီအရွယ်တွေက ၁၆၊ ၁၇  နှစ် အရွယ်တွေ၊ စပြီးတော့ အရွယ်ရောက်ခါစအရွယ်တွေဆိုတော့ စာဘက်မှာ အာရုံမရတာတွေဖြစ်တတ်တယ်လေ။ အဲဒီအရွယ်လေးတွေဆိုတော့ စာကိုအာ ရုံစိုက်ဖို့ မိဘတွေကလည်း ထိန်းကျောင်းပေးဖို့၊ အကောင်းဆုံးလမ်းကြောင်းကိုရောက်ဖို့ လုပ်ပေးပေါ့နော်။ နောက်ပြီး ဒီစာမေးပွဲက ဘဝရဲ့ အချိုးအကွေ့ ဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားပေးကြဖို့ပြောချင်ပါတယ်။ကိုယ်ကြိုးစား ရင် ကြိုးစားသလို၊ စိတ်အားရှိရင်ရှိသလို အကောင်းဆုံးရလဒ်တွေရမှာပါ။အားလုံးကြိုးစားကြပါ။

*****************

ဝိုင်းလေး     

 ဆယ်တန်းစာမေးပွဲဖြေမယ့် မောင်လေးညီမလေးတွေ မကြာခင်မှာဆယ် တန်းစာမေးပွဲကြီးဖြေဆိုကြရတာ့မှာဆိုတော့ ဒါက မောင်လေး ညီမလေးတွေ ဘဝရဲ့လှေကားထစ်လေးတစ်ခုလို့လည်းမြင်တယ်။ အဲ့ဒီအတွက် တစ်နှစ်တာ လုံးကျက်မှတ်ထားသမျှစာတွေအားလုံးကို ပြန်ပြီးကျက်မှတ်ကြဖို့ အချိန်ရောက် ပြီလို့လည်းထင်ပါတယ်။ အသစ်ထပ်ကျက်မှတ်မှာနဲ့စာရင် ကိုယ်ရပြီးသား စာတွေကို ပြန်ပြီးကျေညက်နေအောင်ပြန်ပြီးကျက်မှတ်စေချင်ပါတယ်။ ဝိုင်း လေးတို့တုန်းကလည်း ဒီလိုအချိန်ဆိုရင်ရပြီးသားစာတွေကို အထပ်ထပ်အခါခါ ပြန်ကြည့်ပြီးတဲ့ အချိန်ဖြစ်နေပါပြီ။ မောင်လေး ညီမလေးတွေအားလုံးလည်း ကျက်မှတ်ထားတာ လေးတွေနဲ့ စိတ်အေးအေးထားပြီးဖြေကြပါ။ အားလုံးလည်း အကောင်းဆုံး ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

*****************

အလှမယ် အမရာငြိမ်း

ဆယ်တန်းဆိုတာ ဘဝရဲ့အလှည့်အပြောင်းလို့ လူတွေကပြောကြ တယ်။ ဒါပေမဲ့ အမရာ ဆယ်တန်းမှာ ဘာမှထူးထူးခြားခြားကြီးမဖြစ်ခဲ့ဖူးဘူး။ အိမ်က တအားလည်းဖြစ်စေချင်တယ်။ တအားလည်း ပံ့ပိုးပေးပေမယ့်လည်းပေါ့နော်။ အားလုံးကတော့ အခုချိန်မှာဆို ဆယ်တန်းစာမေးပွဲအတွက် အသည်းအသန် ကြိုးစားနေကြပြီ။ စာတွေလည်း တအားကျက်မှတ်နေကြမှာပါ။ တချို့တွေက ဆယ်တန်းဆို တအားပရက်ရှာထားကြတယ်လေ။ အမရာ့ညီမလေးဆိုလည်း အဲဒီ လိုပဲ တအားပရက်ရှာထားတယ်။ အဲဒီလိုဆိုတော့ အားလုံးစိတ်တည်တည် ငြိမ်ငြိမ်နဲ့ စာကိုအချိန်မှန်လေးရအောင် ကျက်သွားပါ။ ကိုယ်ကျက်မှတ်ထားတဲ့ စာလေးတွေကိုလည်း ပြန်နွှေးပါ။ စာမေးပွဲခန်းထဲမှာလည်း စိတ်ကို တည်တည် ငြိမ်ငြိမ်ထားပြီးဖြေဆိုပါ။ ကျက်မှတ်ထားသမျှစာတွေတိုးပြီး အားလုံး အောင်မြင်စွာ ဖြေဆိုနိုင်ကျပါစေ။ ရည်မှန်းချက်တွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးပါတယ်။

*****************

အလှမယ် မေနန္ဒာကျော်

စာကို ပုံမှန်ပဲကျက်မှတ်ပေါ့နော်။ တအားကြီးလည်း ဖိမကျက်မှတ်နဲ့ပေါ့ နော်။ တချို့တွေက တအားကြီးဖိကျက်မှတ်ပြီး စားမေပွဲဖြေခါနီးရင် အားနည်း သွားတာတွေ ရှိတယ်။ မေ့လဲသွားတာတွေရှိတယ်။ အဲဒီအတွက်အစား အသောက်တွေ ကိုလည်း ပုံမှန်စားပေး။ အာဟာရဖြစ်မယ့် အစားအစာတွေကို စားပေးပေါ့နော်။ကျက်မှတ်ပြီးသားစာလေးတွေကိုလည်း ပုံမှန်လေးပြန်ပြန် နွှေးပေးပါ။ စာမရသေးဘူး စာမရသေးဘူးဆိုပြီးတော့လည်း စိတ်ထဲအလောတ ကြီးမဖြစ်ပါနဲ့။ လအနည်း ရက်အနည်းငယ်လေးပဲရှိတော့တယ်ဆိုပေမယ့် လည်းစိတ်အေးအေးနဲ့ မှန်မှန်လေးကျက်မှတ်သွားမယ်ဆိုရပါသေးတယ်။ အားလုံးစိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီးနေကြပါ။ စာဖြေတဲ့အခါမှာလည်း ကျက်မှတ်သမျှတွေ အားလုံးမှတ်မိပြီး မေးခွန်းအားလုံးကို ဖြေဆို နိုင်ကြပါစေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071