ငလျင်ကြောင့် အဖြေလွှာမီးလေ-ာင်သွား၍ တက္ကသိုလ်ဝင်စာ မေးပွဲပြန်ကျင်းပရာတွင် ပြန်လည်ဖြေဆိုမည့်ကျောင်း သား (၆၃,၀၀၀)ကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ စာမေးပွဲအတွက် စာစစ်ဌာန (၂၀၀) နီးပါး စီစဉ်ထားပြီး ယခင်မတ်လကဖြေဆိုခဲ့သည့် အောင်စာရင်းနှင့် ယခုဖြေဆိုမည့်အောင်စာရင်းကို တပြိုင်တည်းကြေညာမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့က ဖြေဆိုထားသည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပါသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါဒေသများအနေဖြင့် ၂၀၂၅ ခုနှစ်တက္က သိုလ်ဝင်စာမေးပွဲကို ဇွန်လ (၁၆)ရက် မှ (၂၁) ရက်အထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။