၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို Online မှကြိုတင်လျှောက်ထားသည့်စနစ်ဖြင့် ဇူလိုင် ၁၄ ရက်မှစတင်၍ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ ထို့ကြောင့် အမှတ်စာရင်းထုတ်ယူလိုသည့် ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ DME Online Service Portal https://osp. dme.gov. mm တွင်ကြိုတင်ရက်ချိန်းရယူလျှောက်ထားနိုင်ကြောင်း သိရသည်။ အမှတ်စာရင်းများကို ဇူလိုင် ၁၆-၇-၂၀၂၆ ရက်မှစတင်၍ လျှောက်ထားခဲ့သည့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်(သို့)မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးခွဲ)၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တို့တွင် DME Online Service Portal ကထုတ်ပေးသည့် QR Code နှင့် လုပ်ငန်းစဉ်နံပတ်ပြသလျှောက်ထားထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။ လာရောက်ထုတ်ယူရန် အခက်အခဲရှိသူများအနေဖြင့် DME Online Service Portal တွင်လျှောက်ထားပါက မြန်မာ့စာတိုက်လုပ်ငန်း၏ စာပို့စနစ်ဖြင့်ပို့ဆောင်ပေးနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
