Thursday, May 7, 2026

TikTok က ထိုင်း၌ ဒေါ်လာ...

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က...

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့...

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...
HomeEntertainmentညစ်ညမ်းတဲ့ ပြက်လုံးကို မပြက်ဘဲ...

ညစ်ညမ်းတဲ့ ပြက်လုံးကို မပြက်ဘဲ သစ်ဆန်းတဲ့ ပြက်လုံးကိုပဲ အဓိကထား တင်ဆက်နေတဲ့ မေတ္တာရွှေစင် အငြိမ့်အဖွဲ့

လူငယ်၊ လူကြီးစုစည်းညီညွတ်မှုတွေနဲ့အတူ အနုပညာလမ်းခရီးကို လျှောက်လှမ်း နေတဲ့ အငြိမ့်အဖွဲ့ကတော့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအငြိမ့်အဖွဲ့မှာ တော့ ချစ်ချော၊ ပွမ်ပွမ်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ရှုးရှဲ၊ ဒိုမီနိုတို့က လူရွှင်တော်များအဖြစ် တင်ဆက်ကြပြီး ဝမ်းကေဇင်ကတော့ခေါင်းဆောင်မင်းသမီးအဖြစ်အတွဲညီညီနဲ့သွားနေကြတာပဲဖြစ်ပါတယ်။မေတ္တာရွှေစင်အငြိမ့်အဖွဲ့ကိုစတင်တည်ထောင်ခဲ့သူကတော့ လူရွှင်တော်ကြီး ဦးမေတ္တာပဲဖြစ်ပါတယ်။

အခုလက်ရှိမှာလည်းသူ့ရဲ့ကြီးကြပ်မှုတွေနဲ့အတူမေတ္တာရွှေစင်အငြိမ့်အဖွဲ့ကရှေ့ဆက်နေကြတာပါပဲ။မေတ္တာရွှေစင်အငြိမ့်အဖွဲ့ကလူကြီလူငယ်မျှအောင်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်လူငယ်တွေလိုအပ်ရင်လည်းလူကြီးတွေကထောက်ပြမှုတွေနဲ့အတူအကောင်းဆုံးလုပ်ဆောင်ကြ တယ်လို့ သိရပါတယ်။

“အဖွဲ့မှာကလူငယ်၃ယောက်နဲ့လူကြီး၂ယောက်ပါတယ်ပေါ့။လူကြီး၂ယောက်ရံပေးတဲ့အတွက်ကျွန်တော်တို့မှာအမှားလည်းမရှိတော့ဘူး။လူကြီးတွေကလည်းကျွန်တော်တို့ကိုလွှတ်ပေးပါတယ်။ပြောစရာရှိတာပြောလုပ်စရာရှိတာလုပ်ပေါ့။ပွဲပြီးတော့မှဒါကတော့မလုပ်သင့်ဘူး။ဒါကတော့မပြောသင့်ဘူးဆိုတာကိုပြန်ပြောပြကြတယ်။ထိန်းကွပ်ပေးပါတယ်။ဦးချစ်ချောတို့ဆိုရင်လည်းဒီပြက်လုံးကတော့ကောင်းတယ်၊ဒီပြက်လုံးကတော့မကောင်းဘူးဆိုတာမျိုးကို ပြောပြတယ်။သူတို့လည်း နေရာ မယူဘူး။ လူငယ်တွေကိုနေရာပေးတယ်”လို့အဖွဲ့နဲ့ ပတ်သက်လို့လူကြီးနဲ့လူငယ်တို့အကြားကအပြန်အလှန်နားလည်မှုရှိကြပုံတွေအကြောင်းကိုမေတ္တာရွှေစင်အငြိမ့်အဖွဲ့မှမေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။

အငြိမ့်အဖွဲ့တစ်ဖွဲ့တည်မြဲဖို့ဆိုတာငွေကြေးအရှုပ်အရှင်းကင်းကင်းနဲ့လုပ်ဆောင်ရတာမျိုးပဲဖြစ်ပြီးသူတို့အဖွဲ့အနေနဲ့ကတော့ငွေကြေးပိုင်းဆိုင်ရာကိုအဓိကဂရုတစိုက်နဲ့တစ်ယောက်နဲ့တစ်ယောက်အမြင်ရှင်းအောင်လုပ်ဖြစ်တယ်လို့လူရွှင်တော်ပွမ်ပွမ်ကလည်းပြောပါတယ်။

“ငွေကြေးပေါ်မှာတအားမက်မောလာရင်အဖွဲ့ကမမြဲတော့ဘူး။ကျွန်တော်တို့ကတော့ငွေကြေးနဲ့ပတ်သက်ပြီး မပြောကြတော့ဘူး။ ပေး သလောက်ပဲယူတယ်။ စိတ်တူကိုယ်တူပဲလုပ်ကြတယ်” လို့ လူရွှင်တော်ပွမ်ပွမ်က ပြောပါတယ်။ မေတ္တာရွှေစင်အငြိမ့် အဖွဲ့က ပြက်လုံးပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့လည်း အထူး ဂရုစိုက်လေ့ရှိကြပြီး အောက်လုံးတွေကို မပြက်ဘူးလို့ လည်းသိရပါတယ်။

“ပြက်လုံးကိုသန့်သန့်လေးပဲ ပြက်ပါတယ်။ ညစ်ညမ်းတဲ့ဟာသကို မပြောပါဘူး။ သစ်ဆန်းတဲ့ ဟာသကိုပဲပြက်ပါတယ်။ ကျွန်တော် တာဝန်ယူပါတယ်။ ညစ်ညမ်းပြက်လုံး မပါစေရပါ ဘူး” လို့ ပြက်လုံးပိုင်းနဲ့ ပတ်သက်လို့ လူရွှင်တော် ချစ်ချောက ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

TikTok က ထိုင်း၌ ဒေါ်လာ ၂၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော အဓိကစီမံကိန်းကြီး ၆ ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အတည်ပြုချက်များတွင် TikTok ၏ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွဲက ဆောင်ရွက်မည့် ဘတ် ၈၄၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်) တန်ဖိုးရှိ အကြီးစား ဒေတာအခြေခံအဆောက်အဦတိုးချဲ့ရေးစီမံကိန်းလည်း ပါဝင်ကြောင်း ဘီအိုအိုင်I ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ “ဒီစီမံကိန်းဟာ...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က SpaceX နှင့် ပူးပေါင်းမည်

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI ကို သီးခြားကုမ္ပဏီအဖြစ်ကနေ ဖျက်သိမ်းသွားမှာဖြစ်ပြီး SpaceXAI အနေနဲ့ပဲ ရှိပါတော့မယ်၊ ဒါဟာ SpaceX ကနေ ထွက်ပေါ်လာမယ့် AI ထုတ်ကုန်တွေ ဖြစ်လာမှာပါ” ဟု xAI ၏ စီးပွားရေးပြန်လည်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ပို့စ်တစ်ခုကို တုံ့ပြန်ရာတွင် မတ်စ်က လူမှုကွန်ရက် X ပေါ်၌ ရေးသားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ စဉ်းစားနေ

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ ခြောက်ရုံသည် သိုလှောင်ရုံများ၏ သိုလှောင်နိုင်စွမ်းထက်ဝက်နီးပါးကို ဖြည့်သွင်းပြီး လည်ပတ်လျက်ရှိသည်။       ဆက်လက်၍ ပိတ်ပင်ထားပါက ပိုလျှံနေသော သိုလှောင်မှုအတွက်ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း မစ္စတာ ဆာရာဝပ်က သတိပေးခဲ့သည်။       ဒီအိုအီးဘီသည် ဂျက်လေယာဉ်လောင်စာဆီတင်ပို့မှုကို ကနဦးခွင့်ပြုသွားမည်ဟု မျှော်လင့်ရသည်။ ခရီးသွားလုပ်ငန်းကျဆင်းခြင်းကြောင့် ကမ္ဘာတစ်ဝန်း လေယာဉ်လောင်စာဆီဝယ်လိုအား နှေးကွေးသွားသော်လည်း သန့်စင်မှုစွမ်းရည်ပိုင်းတွင် အကန့်အသတ်ရှိသောကြောင့် နိုင်ငံများစွာသည် ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။      လောင်စာဆီပြတ်လပ်မှုအပေါ် လူထု၏စိုးရိမ်မှုများကြောင့် မတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071