Thursday, June 5, 2025

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...
HomeNewsLocal Newsဈေးနှုန်းတည်ငြိမ်နေသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယနေ့အနည်းငယ်...

ဈေးနှုန်းတည်ငြိမ်နေသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယနေ့အနည်းငယ် ပြန်လည်ကျဆင်းလာ

ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်လီလာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ယနေ့ ဇန်နဝါရီ (၅) ရက်တွင် တစ်လီတာ ၂၀၀၀ ကျပ်အောက်သို့ ကျဆင်းလာကြောင်းသိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ယနေ့ ဇန်နဝါရီ (၅) ရက်အတွက် ရည်ညွှန်းဈေးနှုန်းများအရ တစ်လီတာလျင် ၁၀၀ ကျပ်ဝန်းကျင် ကျဆင်းလာသည်ကို တွေ့ရသည်။

ယနေ့ ဇန်နဝါရီ (၅) ရက်မှစတင်ကာ တစ်ပတ်အတွင်း ရောင်းချရန် သတ်မှတ်ပေးထားသည့် ရန်ကုန်အထိုင် စက်သုံးဆီလက်လီရည်ညွှန်းဈေးများမှာ 92 Ron တစ် လီတာလျင် ၁၉၇၅ ကျပ်ဖြစ်ပြီး 95 Ron တစ်လီတာ ၂၀၄၅ ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ကားရည်ညွှန်းဈေးနှုန်းများ အနေဖြင့် 92 Ron တစ်လီတာလျင် ၁၈၇၇ ကျပ် ဖြစ်ပြီး 95 တစ်လီတာကို ၁၉၄၇ ကျပ်ဖြင့် ရောင်းချရန် ရည်ညွှန်း သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

ယမန်နေ့က ဈေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများမှာ 92 တစ်လီတာလျင် ၂၀၆၀ ကျပ် ဖြစ်ပြီး  95 တစ်လီတာလျင် ၂၁၂၀ကျပ်ဖြစ်‌ကြောင်းသိရသည်။

” ကျတယ်ဆိုတာကလည်း ၁၀၀ နီးနီးလောက်ပဲ ကျတာဆိုတော့ သိပ်တော့ မသိသာဘူးပေါ့။ ဒါပေမဲ့ အများသမားတွေအတွက်ကတော့ သိသာတာပေါ့ ။ ၁၀၀ ဆိုလည်း မနည်းဘူး” ဟု ရန်ကုန်မြို့မှ အဝေးပြေးယာဉ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်းအတွင်း ယနေ့မှ စတင်ကာ တစ်ပတ်အတွင်းရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်း ဈေးနှုန်းများမှာ 92 တစ်လီတာလျင် လက်လီအနေ ဖြင့် ၂၀၂၀ ကျပ်နှင့် လက်ကားဈေးနှုန်းမှာ တစ်လီတာလျင် ၁၉၄၈ ကျပ် ဖြစ်ပြီး 95 တစ်လီတာလျင် လက်လီဈေးနှုန်း ၂၀၉၅ ကျပ်နှင့် လက်ကားဈေးနှုန်းမှာ ၂၀၂၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျင် ၂၃၀၅ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ပေးထားပြီး မန္တလေးတိုင်းတွင် တစ်လီတာ ၂၃၅၅ ကျပ်ဖြင့် ရောင်းချရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ရည်ညွှန်း သတ်မှတ်ပေးထားသည်။

ပြည်တွင်း၌ စက်သုံးဆီ ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရန်အတွက် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက လိုအပ်သည့် စစ်ဆေးတွက်ချက်မှုများလုပ်ဆောင်ကာ အခြေခံရည်ညွှန်း ဈေးနှုန်းများကို အပတ်စဉ် ရည်ညွှန်း သတ်မှတ်ပေးလျက်ရှိခြင်း ဖြစ်သည်။

ထို့အပြင် စက်သုံးဆီ ဈေးနှုန်းများကို မရိုးဖြောင့်သော နည်းလမ်းများဖြင့် ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကော်မတီက ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071