Friday, May 1, 2026

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင်...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။...

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့်...

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း...
HomeNewsLocal Newsဈေးကွက်အတွင်း ကုန်စည်လိုအပ်မှုပေါ် မူတည်ကာ...

ဈေးကွက်အတွင်း ကုန်စည်လိုအပ်မှုပေါ် မူတည်ကာ သွင်းကုန်လိုင်စင်များ ချထားပေးနေဟုဆို

ပြည်တွင်းဈေးကွက်အတွင်း ကုန်စည်လိုအပ်မှုအခြေအနေအပေါ် မူတည်ကာ သွင်းကုန်လိုင်စင်များကို ချထားပေးနေကြောင်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီ ၅ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့သည့် အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

‘’ သွင်းကုန် လိုင်စင်တွေက seasonal adjustment အပေါ်မှာ မူတည်တယ်။ ဒီကာလမှာ stockတွေက ဘယ်လောက်ရှိလဲ၊ ဘယ်လောက်အထိ ကျွန်မတို့ လိုင်စင်ပေးပြီးပြီလဲအပေါ်မှာ မူတည်ပြီးတော့မှလိုင်စင်ပေးတဲ့အတိုင်း တချို့က အကုန်မသွင်းဘူး။အဲဒီတွေလည်း ပြန်ကြည့်ရတယ်””ဟု ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

သွင်းကုန်လိုင်စင်ပေးထားပြီး ကာလတစ်ခုအထိ မသွင်းနိုင်ပါကလည်း အဆိုပါသွင်းကုန်လိုင်စင်ရရှိထားသူများကို ပြန်လည်သုံးသပ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

‘’ဘယ်နိုင်ငံမှာမှ import၊ export balancing တော့ မဖြစ်ပါဘူး။ ဒီအပေါ်မှာမူတည်ပြီး ကိုယ့်နိုင်ငံရဲ့ inflow တွေ အများကြီးထည့်သွင်းစဉ်းစားပြီးတော့မှ သွင်းကုန်လိုင်စင်ကို ဝိုင်းဝန်းဆွေးနွေးကြတာဖြစ်ပါတယ်”” ဟု ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပေါ်လစီအတိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

‘’ နယ်စပ်ဆိုရင် ဆောက်လုပ်ရေးပဲဖြစ်ဖြစ်၊ လျှပ်စစ်ပဲဖြစ်ဖြစ်၊ ဆိုလာပဲဖြစ်ဖြစ်၊ ဆိုလာကိုအားပေးနေတာဆိုတော့ တင်သမျှ လိုင်စင်ပေးတယ်။ တိုင်းပြည်ရဲ့အနေအထားအပေါ် မူတည်ပြီးပေါ့””ဟု ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ရှင်းလင်းပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သွင်းကုန် လုပ်ငန်းရှင်များက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ လျှောက်ထားသည့် သွင်းကုန် လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းတွင် ရောင်းဝယ်ခြင်းလုပ်ငန်း (Trading) ဆောင်ရွက်ရန် တင်သွင်းမှုများအတွက် လိုင်စင်လျှောက်ထား ရာတွင် ကုမ္ပဏီတစ်ခုလျှင် ကုန်ပစ္စည်းအမျိုးအစားတူညီပါက ပြက္ခဒိန် တစ်လအတွင်း တစ်စောင်သာ လျှောက်ထားရန်နှင့် အဆိုပါတစ်စောင်ကိုသာ အတည်ပြုခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် သွင်းကုန် လိုင်စင်/ပါမစ်လျှောက်လွှာ သက်တမ်းရက်ပေါင်း ၁၈၀ ကျော်လွန်သည့် လျှောက်ထားမှုများကို Myanmar Tradenet 2.0 စနစ်မှ ပယ်ဖျက်ခြင်း (Auto Cancel) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသိပေးကြေညာချက်(၄/၂၀၂၅) ဖြင့် အသိပေးထုတ်ပြန်သည်။

‘’ဆိုတော့ Import လိုင်စင်သည် ပေးတယ်၊မပေးဘူးမဟုတ်ပါဘူး။ seasonal adjustment လုပ်ပါတယ်၊ stock လက်ကျန်ရယ်၊ ပြည်သူလူထုက ဘာလိုလဲ၊ ဥပမာဆိုရင် ဘယ်ပစ္စည်းကတော့ လိုနေပြီ၊ production လုပ်ဖို့လိုနေပြီ။ ကျွန်မတို့မှာလည်း hearing တွေရှိတယ်။ evidence တွေရှိတယ်။ ဥပမာ- ဆန်စပါးထုတ်ချင်တယ်၊ ဆီထုတ်ချင်တယ်၊ စက်ပစ္စည်းတွေဆိုရင် တင်သမျှ အကုန်ပေးတယ်”ဟု ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

ပိုကုန်လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်လျှောက်ထားသည့် စောင်ရေနှင့် ပမာဏအတိုင်း မှန်မှန်ကန်ကန်တင်ပို့ကြရန်နှင့် သတ်မှတ်ကာလအတွင်း ပိုကုန်ရငွေပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀နကြီးဌာနက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပိုကုန်တင်ပိုခြင်းမှ ရရှိသည့် ပိုကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ပြင်ဆင်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပိုကုန်လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ပိုကုန်လိုင်စင်လျှောက်ထားမှုများကို အချက်အလက်ပြည့်စုံစွာ တင်ပြလာပါက Automatic Licensing စနစ်ဖြင့် အလိုအလျောက်ခွင့်ပြုခြင်း၊ Non-Automatic Licensing စနစ်ဖြင့် လျှောက်ထားမှုများကို ပိုကုန်သွင်းကုန် လုပ်ငန်းညှိနှိင်းမှုကော်မတီက စိစစ်ပြီး ရုံးဖွင့်ရက်များ၌ ၂၄ နာရီအတွင်း ခွင့်ပြုခြင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

သိုဖြစ်ရာ ပိုကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုကုန်လိုင်စင်လျှောက်ထားသည့် စောင်ရေနှင့် ပမာဏအတိုင်း အပြည့်အဝ မှန်မှန်ကန်ကန်တင်ပိုကြရန်နှင့် ပိုကုန်ရငွေပြန်လည်ဝင်ရောက်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် ကာလအတွင်း အပြည့်အဝပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြပါရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ ၁ ရက်ညနေပိုင်းက ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာခဲ့သည်။ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိ ဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး မြန်မာ နိုင်ငံ၌ မေ ၆ ရက်အထိနေထိုင်၍ အထင်ကရနေရာများကိုလေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာချစ် ကြည်ရေးခရီးစဉ်များဆောင်ရွက်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များ စတင်ပြေးဆွဲ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း ခရီးစဉ်များတွင် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန်ရထားများကို...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ DEMU ရထား၏ အားသာချက်များ ယခုပြေးဆွဲသည့် DEMU ရထားတွဲဆိုင်းများသည် ခေတ်မီနည်းပညာသုံး ရထားများဖြစ်သည့်အတွက် ခရီးသည်များအတွက် သက်သောင့်သက်သာရှိစေခြင်း၊ ခရီးစဉ်ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ခြင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိခြင်း စသည့် အားသာချက်များကြောင့် ရထားခရီးသွားပြည်သူများအကြား ရေပန်းစားလာမည်ဟု မျှော်လင့်ရသည်။

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အမေရိကန်နိုင်ငံရှိ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071