Friday, September 18, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeActivitiesဇူလိုင်လက ကံကောင်းစေတဲ့လတစ်လလို့ပြောလိုက်တဲ့ ဟန်တီ

ဇူလိုင်လက ကံကောင်းစေတဲ့လတစ်လလို့ပြောလိုက်တဲ့ ဟန်တီ

ဇူလိုင်လထဲမှာ ပဲ Miss Myanmar World 2018 သရဖူကြီး ဆွတ်ခူးရယူ ပိုင်ဆိုင်ခဲ့တဲ့ ဟန်တီက ဇူလိုင်လထဲမှာပဲ သူ့ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့အလှူ ပြုလုပ်ခဲ့ ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မွေးနေ့လက်ဆောင်ပြန်ပေးချင်လို့ပြိုင်ပွဲမှာ အစွမ်း ကုန်ကြိုး စားခဲ့ပါတယ်ဆိုတဲ့ ဟန်တီကမွေးနေ့ အကြိုအလှူအဖြစ် ဇူလိုင်လ၊ ၂၁ ရက်နေ့က တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်မှာ သံဃာ အပါး ၂၅၀ ကို ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ပါတယ်။ မွေးနေ့အကြို အလှူ နဲ့ပတ်သက်ပြီး ဟန်တီက …

“ဟန်တီနှစ်တိုင်းမွေးနေ့မှာအလှူလုပ်ဖြစ်တယ်။ ဟန်တီကိုယ် တိုင်လည်း ဒီလိုမျိုး သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ပရိသတ်တွေ အများ ကြီးနဲ့ ဆုံချင်တဲ့အတွက် အကုန်လုံး လာရောက်နိုင်မယ့် ဒီ ၂၁ ရက်နေ့ စနေနေ့လေးကို ရွေးလုပ်ဖြစ်တာပါ။ ဟန်တီ ၂၂ ရက်နေ့မှာတော့ ရွှေတိဂုံဘုရားမှာပဋ္ဌာန်းရွတ်မယ်။ ရွှေသင်္ကန်းလည်းကပ်မယ်။ ၂၅ ရက်နေ့ ဟန်တီရဲ့မွေးနေ့မှာတော့ အရုဏ်ဆွမ်းရယ်၊ နေ့ဆွမ်းရယ်ကပ်မယ်။ ပရဟိတ အလုပ်လုပ်ကိုင်ဖို့အစီအစဉ်လည်းရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။


ဇူလိုင်လက ဟန်တီ့အတွက် ကံကောင်းစေတဲ့ လတစ်လလို့ ပြောလို့ ရတဲ့အပြင် သူ့ရဲ့မေမေဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းခွင့်ရတဲ့အပေါ် ဟန်တီက …

“ဟန်တီ ဒီဇူလိုင်လမှာ ဆု တောင်းတာတစ်ခုပဲရှိတယ်။ ဟန်တီ ရဲ့ မွေးလမှာ ဒီပွဲကြီးရှိတဲ့အတွက် ဟန်တီအကောင်းဆုံးကြိုးစားတယ်။ ကိုယ့် ကိုယ်ကိုယ်မွေးနေ့လက်ဆောင်လည်း ပြန်ပေးခွင့်ရတယ်။ မေမေ ဖြစ်ချင်တဲ့ ဆန္ဒလည်း ဖြည့်ဆည်းခွင့်ရတဲ့အတွက် ဟန်တီတအား ဝမ်းသာတယ်”လို့ ပြောပြခဲ့ပါတယ်။
သူငယ်ချင်းတွေကနေပေးတဲ့ မွေးနေ့လက်ဆောင်အပြင် အကောင်းဆုံး မွေးနေ့လက်ဆောင်ကိုပါ ရရှိခဲ့ပုံနဲ့ ပတ်သက်ပြီး ဟန်တီက “ဒီနှစ်က တော့ တကူးတက ဘယ်သူ့ကိုမှ ဟန်တီ Request မလုပ်ဘူး။ သူငယ်ချင်း တွေ မွေးနေ့လက်ဆောင်ပေးထားကြတာတော့ အများကြီးပဲ။ အဓိကက ဟန်တီကို အားပေးကြတယ်။ တကယ် ချစ်ခင်ပေးကြတယ်။ အဲဒါတွေက ဟန်တီ့အတွက် တကယ့်အကောင်းဆုံးမွေးနေ့လက်ဆောင်တွေပါပဲ”လို့ ပြောပြခဲ့ပါတယ်။

 


ခိုင်ဝါဝင်း

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ အမြဲတမ်းအလုပ်အဖွဲ့ကိုယ်စားလှယ်(၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071