Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsဇာတိမြေကို ချစ်မြတ်နိုးတတ်စေဖို့ ရည်ရွယ်တဲ့...

ဇာတိမြေကို ချစ်မြတ်နိုးတတ်စေဖို့ ရည်ရွယ်တဲ့ My Country My Home ‘ဇာတိမြေ’ ဇာတ်ကား

My-Country-(1)
မြန်မာ – ဂျပန်နှစ်နိုင်ငံ ချစ် ကြည်ရေးကို ရည်ရွယ်ပြီး MNTV ရုပ်သံလိုင်းနဲ့ IIBတို့ပူးပေါင်း ရိုက် ကူးမယ့် My Country My Home ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကား စာနယ် ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို တော့ ဒါရိုက်တာ ကြည်ဖြူသျှင်က ၈၈ အရေးတော်ပုံကို ဇာတ်အိမ် အခြေခံရိုက်ကူးသွားမှာဖြစ်ပြီး အဓိကသရုပ်ဆောင်များအဖြစ် ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုံ ရွှေရည်တို့နဲ့အတူ မြန်မာနိုင်ငံ ဖွား ဂျပန် J-Pop အဆိုတော် မိုရီဆာ ကီဝင်းတို့ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

‘ဇာတိမြေ’ဇာတ်ကားရဲ့ ၇ဝ ရာခိုင်နှုန်းကိုတော့ ဂျပန်နိုင်ငံမှာ ရိုက်ကူးမှာဖြစ်ပြီး ကျန် ၃ဝ ရာခိုင် နှုန်းကိုတော့ မြန်မာနိုင်ငံမှာ ရိုက်ကူး သွားမယ်လို့ သိရပါတယ်။ ဒီဇာတ် ကားရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသားအနေနဲ့ ဘယ်နိုင်ငံ မှာပဲ ရှိပါစေ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့် လူမျိုး၊ ကိုယ့်ဇာတိမြေကို ချစ်ရမယ် ဆိုတဲ့ အသိတရားများ နိုးကြားလာ စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်ကလည်း ဇာတ်ကားအကြောင်းပြောပြရာမှာ……..

“အစ်မတို့ ဒီဇာတ်ကားမရိုက် ကူးခင်မှာ ဂျပန်နိုင်ငံမှာရော၊ မြန်မာ နိုင်ငံမှာပါ meeting တွေ ခဏခဏ လုပ်ဖြစ်တယ်။ အခုတော့ ဇာတ်ညွှန်း အချောသတ် အခြေအနေရောက်နေ ပါပြီ။ ကိုရန်အောင်ရဲ့ ကာရိုက်တာက ရှစ်၎လုံးအရေးတော်ပုံမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် တစ် ယောက်ပေါ့။ သူက ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်သွားတယ်။ ၈ လေးလုံးနောက်ပိုင်းမှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်နေ သေးတယ်ဆိုတာ ပါးပါးလေးပြတာ ပါ။ ပါးပါးလေးဆိုပေမယ့် အကုန်ပါ ဝင်တယ်။ ဒီဇာတ်ကားကြည့်ခြင်းအား ဖြင့် ပုံရိပ်တွေ၊ ခံစားချက်တွေ ပါဝင် နေပါတယ်။ ဂျပန်နိုင်ငံမှာ သွားရိုက် ကူးရတာကိုက တာဝန်ကြီးတယ်။ ငွေကုန်ကြေးကျလည်းများတယ်။ နောက်ပြီး ဒီဇာတ်ကားဟာ နိုင်ငံ ရေးနွှယ်တဲ့ဇာတ်ကားဖြစ်တဲ့အတွက် နိုင်ငံရေးသမားတွေရော၊ ဂျပန်အစိုး ရဘက်၊ မြန်မာပရိသတ်အားလုံးကြည့် ကြမှာဖြစ်တဲ့အတွက် Pressure လည်းများသလို၊ ဂုဏ်လည်း ယူရပါ တယ်”လို့ ပြောပြပါတယ်။

‘ဇာတိမြေ’ဇာတ်ကားကိုတော့ ဂျပန်နိုင်ငံက မြန်မာအများစုနေထိုင် တဲ့ ရပ်ကွက်မှာ အခြေတည်ရိုက်ကူး မှာဖြစ်ပြီး တခြားသောဂျပန်နိုင်ငံက ထူးခြားတဲ့နေရာတွေနဲ့ မြန်မာနိုင်ငံ က ရှမ်းပြည်နယ်ရှိ အင်းလေးဒေသ တွေမှာ အဓိကရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ သွား ရောက်ရိုက်ကူးမှုတွေကို သြဂုတ်လ မှာပဲ စတင်မှာဖြစ်ပြီး စက်တင်ဘာ လမှာတော့ မြန်မာနိုင်ငံမှာ ရိုက်ကူး သွားမှာ ဖြစ်ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071