Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalဇလန်းစကီးကို အာဏာရှင်ဟု ထရမ့်ပ်က...

ဇလန်းစကီးကို အာဏာရှင်ဟု ထရမ့်ပ်က တုန့်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းသမ္မတ ဇလန်းစကီးကို အာဏာရှင်တစ်ဦးဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ခေါ်ဆိုလိုက်ပြီး သုံးနှစ်ကြာလာပြီဖြစ်သော ရုရှား၏ ကျူးကျော်စစ် အဆုံးသတ်ရေး ကြိုးပမ်းမှုများတွင် ပုဂ္ဂိုလ်ရေး အကွဲအပြဲ ပိုကြီးလာစေခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းကို ငွေကြေးနှင့် လက်နက် ထောက်ပံ့ပေးခဲ့သော်လည်း ထရမ့်ပ် အာဏာရလာပြီးချိန်ကစ၍ မူဝါဒအပြောင်းအလဲဖြစ်ခဲ့ကာ ထရမ့်ပ်သည် မော်စကိုနှင့် ဆွေးနွေးမှုများ စတင်လာခဲ့သည်။

“ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင် ဇလန်းစကီးအနေနဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားရပါမယ် ဒါမှမဟုတ်ရင် သူ့မှာ နိုင်ငံတစ်နိုင်ငံ ကျန်တော့မှာ မဟုတ်ပါဘူး” ဟု ၂၀၂၄ ခုနှစ်တွင် ၅ နှစ် သမ္မတသက်တမ်း ကုန်ဆုံးခဲ့သော ယူကရိန်းသမ္မတနှင့်ပတ်သက်၍ ထရမ့်ပ်က သူ၏ Truth ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေး ဥပဒေပြဌာန်းခဲ့ပြီး စစ်ပွဲကာလအတွင်း ရွေးကောက်ပွဲများကို ပိတ်ပင်ထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည် နောက်သမ္မတသစ် ရွေးကောက်တင်မြှောက်ခံရချိန်အထိ တာဝန်ထမ်းဆောင်နေရမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ်သည် ပဋိပက္ခနှင့်ပတ်သက်၍ ခရမ္မလင်ဇာတ်ကြောင်းများကို ထပ်ခါထပ်ခါ ပြော၍ ဇလန်းစကီးကို ဝေဖန်ခဲ့ပြီး စစ်ပွဲအဆုံးသတ်ရန်အတွက် တောင်းဆိုခဲ့သည်။

ထရမ့်ပ်သည် စစ်ပွဲစတင်ခဲ့ခြင်းတွင် ကိဗ်ကို အပြစ်ပုံချခဲ့ခြင်းနှင့် ဇလန်စကီး၏ သမ္မတတာဝန် တရားဝင်မှုအပေါ် ခရမ္မလင်၏ မေးခွန်းထုတ်မှုများအတိုင်း တစ်သံတည်းထွက်ခဲ့ခြင်းဖြင့် ရုရှား သတင်းအချက်အလက်အမှားများအတွင်း သက်ဆင်းခဲ့ရပြီဟု ဇလန်းစကီးက ပြန်လည်စွပ်စွဲခဲ့သည်။

“သူက ရွေးကောက်ပွဲလုပ်ဖို့ ငြင်းတယ်၊ ယူကရိန်း ရွေးကောက်ပွဲတွေက အရမ်းနည်းပါတယ်၊ သူကျွမ်းကျင်တဲ့ တစ်ခုတည်သောအရာက ဂျိုးဘိုင်ဒင်ကို အပျော့ဆွဲ နဲ့ ကစားတာပါပဲ” ဟု ဇလန်းစကီးနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာတွင် ထရမ့်ပ်က ပြောဆိုခဲ့သည်။

တစ်ချိန်တည်းတွင် စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားနှင့် မိမိတို့ အောင်မြင်စွာ စေ့စပ်ဆွေးနွေးနေပြီး အားလုံးသည် ထရမ့်ပ်နှင့် ထရမ့်ပ် အစိုးရအဖွဲ့သာလျှင်လုပ်နိုင်သည်ကို ဝန်ခံသည်ဟု ထရမ့်ပ်က ဆက်လက် ပြောဆိုသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071